ဒီနေ့ လားရှိုး ရာသီဥတုကတော့ လေတဖြူးဖြူးနဲ့  အေးစိမ့်ပြီး အနွေးထည် လေး ဝတ် နေရပါသည်။နွေရာသီ ဆိုပေမဲ့ အနွေးထည်ပါးပါးတော့ ဝတ်ဆင်ရပါသေးသည်။ဒီနေ့  နေပူ အချိန် ဟာ အရင်နေ့ ကလို မပူ လို့  ရေမချိုးနိုင်ပါ။"လေ" အဆက်မပြတ်တိုက်တော့ နေအပူရှိန် လျော့ပါးသွားရပါသည်။အရင်နေ့ တွေက မနက်ခင်း အနည်းငယ် အေးတယ် အနွေးထည်အပါးလေး ဝတ်ထားရတယ်။နေ့ ခင်းဘက်ကြတော့ ပူပြီး နွေရာသီ ဆိုတာ သိသာတယ်ပေါ့။ ဒါပေမဲ့ မြန်မာ ပြည် အလယ်ပိုင်းလောက် မပူပါဘူး။နေလို့ ထိုင်လို့  ကောင်းတဲ့ အနေအထား မှာ ရှိနေပါသေးသည်။ရှမ်းပြည် ပူတယ်လို့  လဲ ပြောရဲဘူးလေ ဘာဖြစ်လို့ လဲ ဆိုတော့ ကိုယ်က မကွေး တိုင်း က လာတာကိုဗျ။မကွေး တိုင်း နွေရာသီ ဘယ်လောက် ထိ ပူတယ်ဆိုတာ အများ သိထားကြတယ်ဆိုတော့ လူကို ကြည့် သိနိုင်ပါတယ်လေ၊ အသားအရေ ကို ပြောတာပါ။တို့  မကွေးသား တွေ အသားညိုကြ တာ အားသာချက် တစ်ခု ဖြစ်လို့ နေပါ၏။
ရှမ်းပြည်ကတော့ အေးတယ်၊ကွတ်ခိုင်မှာ နေခဲ့ဖူးတဲ့ အချိန် သတိရမိ၊ နွေရာသီလဲ အနွေးထည် ကို နေ့ ခင်းဘက် အထိ ဝတ်နေရသည်။ဧပရယ်လ သင်္ကြန် လား၊ သင်္ကြန် မဏ္ဍပ်ပင် မရှိ ၊ ရေကစားဖို့  လဲ စိတ်မဝင်စား ကြဘူးထင်ပါရဲ့ ၊ သင်္ကြန်ဆိုတာ ဘာမှန်းမသိဘဲ ပြီးသွားခဲ့ဖူးပါသည်။ကွတ်ခိုင် မြို့မှာ သင်္ကြန်မဏ္ဍပ် မရှိတော့ ရေကစားချင်သူများ လားရှိုး မြို့ကို ဆင်းပြီး ရေကစား ကြတာတွေ တော့ ရှိပါသည်။လားရှိုး မြို့ကတော့ အရမ်းမပူ သလို ၊ သိပ်မအေးတာ ကြောင့် ရေကစားလို့  ကောင်းတဲ့ မြို့ပါပဲ။
ဒါပေမဲ့လဲ ဒီနေ့ လို ရာသီဥတုနဲ့ ကတော့ ရေကစားဖို့ မေပြာနဲ့  ရေချိုး ဖြစ်ဖို့  ကို မလွယ်တာ ရာသီဥတု အေးတာ အကြောင်းပြပြီး ရေမချိုးဖြစ်တာဆို ရင်ဖြင့် ဒီနေနဲ့  ဆို နှစ်ရက် ရှိပြီ၊ မနက်ဖြန်တော့ အားကစားလေး လုပ်ပြီး ရေချိုးဖြစ်အောင် ချိုးမှ မနက်ဖြန် ရေချိုးဖြစ်ရင် အနံ့ တွေ ထွက်တော့မည်။ကိုယ့်အနံ့  ကိုယ်မွှေးသလို ရှိပေမဲ့ သူများတွေက နှားခေါင်းရှုံ့ ကြလိမ်မည်။ကိုယ်ရေမချိုးဖြစ်တဲ့အကြောင်းတွေ ရေးနေတာ စာဖတ်သူတွေကတော့ တွေးထင်ကြတော့မယ် နွေရာသီတောင် ရေပုံမှန် မချိုးတာ ဆောင်း ရာသီ ဘယ်လိုနေမလဲ မသိ ဆိုတာမျိုး စဉ်းစားနေကြတော့မည်ထင်ပါသည်။အဲလိုလဲ မထင်ပါနဲ့  ဘယ်လောက်အေးအေးပါ တစ်ပတ်တစ်ခါ တော့ ရေပုံမှန် ချိုးဖြစ်အောင် ကြိုးစားပါသည်။
နွေရာသီ မှာတောင် အေးလို့ ရေးမချိုးနိုင်တဲ့ အကြောင်းတွေရေးနေတာ သင်္ကြန် ဘယ်လို လည် မတုန်း "နွေရာသီက နေ့ တိုင်း၊ဒီနေ့ လောက်မအေးပါဘူး ၊ ဒီနေ့ ဟာ လေတအားတိုက်ပြီး ၊ နေမပူတာကြောင့် အေးစိမ့်ပြီး ရေမချိုးနိုင် ဖြစ်ရတာပါ"။မနက်ဖြန်တော့ ဘယ်လို ဖြစ်မယ်ဆိုတာ ခန့် မှန်းရခက် ကြိုမပြောတတ်ပါ။သင်္ကြန်မှာ မြို့တွင်းလည် မယ်ဆို ရင် မဏ္ဍပ်တစ်ခု ကျော်ပြီးတိုင်း လမ်းနဘေး က ဘီယာဆိုင်မှာ အနွေးထည် ဝင်ထပ် ပစ်လိုက်တာပေါ့။သင်္ကြန် ကတော့ အသောက်တလိုင်း ပါပဲ။ ရေကစားလိုက် ချမ်းလာရင် ဆိုင်ထဲ ပြေးဝင်လိုက်နဲ့  အချမ်းတွေ ဖြေရတာ ဆိုတာ ပါလာတဲ့ ပိုက်ဆံ ကုန်တာပဲဗျ။ပါလာတဲ့ပိုက်ဆံလဲကုန် လူလဲ ခေါင်းမထောင်နိုင်မှပဲ ပြန်ဖြစ် ကြတာများပါသည်။ဒီနှစ်လဲ ဒီလိုပဲ ဖြစ်မည် ထင်တယ် အစကတော့ ကတုံး တုံးပြီး ဘုန်းတော်ကြီးကျောင်းမှာ နေမည်ဟု စဉ်းစားထားသော်လဲ အခု မဝတ်ဖြစ်တော့ပါ။ကိုယ်ကိုကိုယ့်တော့ သတိပေးထားတယ် အရင်နှစ်ကလို သိပ်မကဲတော့ ဘူး။အဆောင်မှာနေပြီး မြန်မာပြည် တစ်ပြည်လုံးကို Sky Net ကနေပဲ ကြည့်တော့မယ်လို့  စဉ်းစားထားးတယ်။Sky Net ကြည့် facebook လဲသုံး ပေါ့လေ ၊ Facebook ပေါ် တက်လာကြအုံးမှာ မူးပြီး ကွဲပြဲတာတွေ၊မိန်းကလေးတွေ ဖြစ်ပြီး မြင်မကောင်း အောင် ပလပ်ကျွတ် နေတာတွေ မြင်ရင် like & share လုပ်မယ်၊နောက်နေ့ တွေ ထပ်မဖြစ်ရလေအောင် ၊ထပ်မမြင်မတွေ့ ရအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Share လုပ်မယ်လို့  ပြောရတာပါ။အတာကူးတဲ့ တန်ခူးလ သင်္ကြန်ကာလ မှာ ပျော်ပျော်ရွှင်ရွှင်နဲ့  ကောင်းမွန် စွာဖြတ်သန်းနိုင်ကြပါစေ လို့  ဆန္ဒပြုရင် အားလုံး Happy New Year
နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ။
Author>>
Photos Credit;Google Images
MSC-017