မင်္ဂလာပါ
ခွင့်ပြန်ခဲ့စဉ်က ရွာမှာ မယုံနိုင်စရာတစ်ခု ကြုံတွေ့ခဲ့ရတာလေး ပြောပြချင်ပါသည်။
အခုခေတ်မှာ Mobile ဖုန်းတွေက လူတစ်ယောက်ဖုန်းတစ်လုံး ကိုင်ဆောင်လာကြပါသည်။ရွာမှာ ကျောင်းတက်နေတဲ့ကလေးတွေ ရှိသလို ၊၅ တန်း၊၆ တန်းလောက်နဲ့ ကျောင်းထွက် ကာ မိဘအလုပ်အကိုင် ကို မိဘတွေနဲ့အတူ လုပ်ကိုင်နေကြတာတွေလဲရှိပါသည်။ကျောင်းမနေတော့တဲ့ ကလေးတွေ က မိဘတွေကို ဖုန်းဝယ်ပေးဖို့ တောင်းဆိုကြပါသည်။မိဘတွေကလဲ စီးပွါးရေး အဆင်မပြေလို့ ကျောင်းဆက်မထားနိုင်ခဲ့တဲ့သားသမီးတွေကို မျက်နှာမငယ်ရအောင် ဖုန်းလေးတွေ ဝယ်ပေးကြပါသည်။တစ်ချို့ကလေးတွေကလဲ မိဘတွေဆီက တောင်းဆိုလို့မရတဲ့အခါ သူတို့ဘာသာ ပိုက်ဆံစု ပြီး ဖုန်းဝယ်ကြတာပေါ့။ကျောင်းတက်နေတဲ့ ကလေးတွေကို တော့ မိဘတွေက ဖုန်းပေး မကိုင်ကြပါဘူး။ဘာဖြစ်လို့လည်းဆိုတော့ ကျောင်းထားရတဲ့စရိတ်ကလည်း မိဘတွေမှာ အတော်လေးကြိုးစား ပြီး ပိုက်ဆံစု ကြရပါသည်။သားသမီးကို ကျောင်းပို့ထားတဲ့ မိဘတွေ မှာ မစားရက် မသောက်ရက် အဝတ်အစားဆိုရင်လည်း တော်သင့်ရုံသာ ဝတ်ဆင်ကြရပါသည်။ကျောင်းသားမိဘ တွေရဲ့ စိတ်ထဲမှာ ကျောင်းသား ပိုက်ဆံ တောင်းရင် ပေးနိုင်အောင် အမြဲတမ်း ကြိုတင် တွေးတော ထားရပါသည်။ဒီ့အတွက်ကြောင့် မိဘတွက ကျောင်းတက်နေတဲ့ကလေး တွေ ကို ဖုန်းဝယ်မပေးနိုင်သလို ဖုန်းကြောင့် စာကောင်းကောင်း မလုပ်မှာကိုလဲ တွေးကြောက်ရပါသေးသည်။ကျောင်းတက်ပြီး ဖုန်းလိုချင်နေတဲ့ကလေးတွေကို မိဘ တွေက ဆယ်တန်းအောင်ရင် ဝယ်ပေးမည်ဟုသာ ပြောပြထားတာကို တွေ့ဖူးပါသည်။ပြောချင်တာက ရွာမှာ ကျောင်းတက်နေတဲ့ ကလေးတွေက ဖုန်းမကိုင်နိုင်ပါ၊ မူလတန်း အလယ်တန်းနဲ့ကျောင်းထွက်ပြီး အလုပ် လုပ်နေတဲ့ သူတွေ့ကတော့ ဖုန်းတွေနဲ့ပေါ့။အခုခေတ် အခုအခါ မှာ ကလေး၊လူကြီး ဘယ်သူပဲဖြစ်ဖြစ်ဖုန်းကိုင်နေတာဆိုတော့ အဆန်းတော့ မဟုတ်ပါဘူး။ဘေး အမြင်ကနေ ကြည့်မယ်ဆိုရင် ဒါ ဖြစ်သင့်ပါသည်။
Facebook ပေါ်မှာ ဖုန်းကို အလွန်အကျွံ အသုံးပြု ခြင်းကြောင့် စိတ်မနှံ့ သလို ဂေါက်ကြောင်ကြောင် ဖြစ်သွားတဲ့ video clip လေးကို ကြည့်ဖူးပါသည်။ဒီသတင်းက အမှန်လား အမှားလားတော့ မသိဘူးပေါ့နော် video ထဲမှာ ပါတာက အိန္ဒိယက ကလေးမလေး တစ်ဦးပါ၊ ဒီ video လေးကိုကြည့်ပြီး ကလေးတွေကို အလိုမလိုက်မိဖို့ လိုတယ်ဆိုတာလေး မြင်လာပါသည်။ဒါက facebook ပေါ်မှာ မြင်တွေ့ရတာလေ အပြင် ကိုယ်နေတဲ့ပတ်ဝန်းမှာ မတွေ့ဖူးသေးပါဘူး။
Credit Source image
ရွာရောက်တဲ့အချိန်မှာ တော့ ဖုန်းသုံးလို့ စိတ်မနှံ့သလို ဖြစ်သွားတဲ့ ကောင်မလေး တစ်ယောက်ကို တွေ့ရပါသည်။အသက်က ၁၇ ၁၈ လောက်သာ ရှိပါသေးသည်။စတွေ့တွေ့ခြင်းမှာတော့ အံသြ နေမိတယ် facebook ပေါ်မှာသာ တွေ့ဖူးတာလေ အခုတော့ ကိုယ်နေတဲ့ ရွာမှာ ဖုန်းကြောင့် စိတ်ပုံမှန် မဟုတ်တဲ့ သူတစ်ယောက် ရှိနေပြီ။သြော် ဖြစ်မှ ဖြစ်ရလေပေါ့။ဒီကောင်မလေး အကြောင်း စုံစမ်းမေးမြန်းတာပေါ့ အိမ်က မိဘတွေကလည်း ပြောပြ၊ မိတ်ဆွေ သူငယ်ချင်းတွေကလည်း ပြောပြကြပါသည်။ဒီကောင်မလေးက ၄ တန်းအောင်ပြီးကျောင်းဆက်မနေဘူး။ဒီကောင်မလေးက အငယ်ဆုံးလေးဖြစ်ပြီ ညီအစ် မောင်နှမတွေက ကျောင်းနေဖို့ ပြောသော်လည်း မရခဲ့ပါဘူးလို့ ပြောပြကြပါသည်။ကျောင်းဆက်မတက်တဲ့အခါ မိသားစု နှင့်အတူ အလုပ် လုပ်လုပ်ကိုင် နေတာပေါ့။ဖုန်းတွေ ပေါ်လာချိန်မှာတော့ သူ့လက်ထဲ ဖုန်းတစ်လုံး ရရှိခဲ့ပါပြီ။ဖုန်းရပြီ ဆိုကတည်းက ဖုန်းနဲ့ မျက် မပြတ် အိမ်အလုပ်ပင် လုပ်ခိုင်း၍ မရ ဖြစ်ခဲ့ပါသည်။ ညဘက်တွေ ဆိုရင်လဲ ဖုန်းအားကုန်မှသာ အိပ်ပါသည်။သုံးနှစ်လောက်ကြာတဲ့အချိန်မှာတော့ စိတ်ဖေါက်ပြန်ခြင်းဆိုတာ ဖြစ်လာခဲ့ပြီ ဟု မေးမြန်း သိရှိခဲ့ရပါသည်။
Credit source image
အခုချိန်မှာတော့ ဖုန်းကြောင့် စိတ်ပုံမှန် မဟုတ်တော့တဲ့ ဒီကောင်မလေး ဟာ ညဘက်တွေ မအိပ် ပါ နေ့ခင်းဘက်ဆိုရင် လည်းပျောက် ပျောက်သွားတတ်လို့ မိသားစု တွေ လိုက်လံ ရှာဖွေရပါသေးသည်။စကားမပြောဘဲ လက်တွေ အငြိမ်မနေပါ။ဒီကောင်မလေးဟာ ဖုန်းဝယ်မပေးခင် က စိတ်ပုံမှန်ဖြစ်ပြီး။ဖုန်းဝယ်ပေးပြီး နောက်ပိုင်း ဖုန်းနဲ့မျက်နှာ အမြဲမပြတ် ဖုန်း အသုံးပြုခဲ့ခြင်းကြောင့် အများတကာ က ဖုန်းကြောင့် ဖြစ်ရသည်ဟု သတ်မှတ်ထားကြပါသည်။ရွာမှာ ဖုန်းလိုချင်လို့ ပူစာတဲ့ ကလေးတွေကို မိဘတွေက ဒီကောင်မလးကို ဥပမာ ထား ဆုံးမ ကြပါသည်။
ဒီလောက်နဲ့ပဲ အဆုံးသတ်ပါရစေ။
သတ္တဝါအပေါင်းစိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေ။
Author>>>@AungSanLwin
MSC-017