အားလုံးပဲမင်္ဂလာပါခင်ဗျား
စနေ နေ့တစ်ရက် တာ လုပ်ဖြစ်တာလေး တွေပေါ့၊ စနေ နေ့ က ရုံးမပိတ်ပါဘူး။ရုံးပိတ်ရက် က တနင်္ဂနွေ နေ့ တစ်ရက် သာ ရုံးပိတ် တာပါ။တနင်္ဂနွေ နေ့ ရုံးပိတ်မှာ ဖြစ်တဲ့အတွက် ဒီစနေ နေ့ မနက် ၉ နာရီ ရုံးတက် တယ်၊ ရုံးရောက်တာနဲ့  အလုပ် မလုပ်ခင် ကော်ဖီတစ်ခွက် အရင်သောက် ဖြစ်ပါသည်။ ကော်ဖီ သောက်ရင်း သတင်း စာ လေးကောက်ကိုင် ဟိုကြည့် ဒီကြည့် နဲ့  သတင်းထူးလေး များ ပါမလား လိုက်ကြည့်မိတယ်။ဒီလိုနဲ့  သောက်နေတဲ့ ကော်ဖီ တစ်ခွက် ကုန်သွားခဲ့ပြီ။အလုပ် လုပ်ရတော့မည်ဟု စိတ်က တွေးလျက် ဖတ်နေတဲ့ သတင်းစာ ကို သိမ်းလိုက် ပါတော့တယ်။အလုပ် များတဲ့သူတစ်ယောက် မဟုတ်သလို ၊ ရာထူးလဲ မကြီးပါဘူး။ဒါပေမဲ့ နေ့ စဉ် ပုံမှန် အလုပ်လေး တွေတော့ ပုံမှန် လုပ်သွားရတာပေါ့။
အလုပ် လုပ်ဖို့  ကွန်ပျူတာ ရုံးခန်းထဲ ဝင်သွားပြီး မနေ့ က မပြီးပြတ်သေးတဲ့ အဆက်ကို ပြန်လုပ်လိုက်တယ်။မိနစ် ၃၀ လောက် ကြာတော့ လုပ်စရာ မရှိတော့ ဘူး ပြီးသွားခဲ့ပြီ။အခြား အလုပ်စရာ လဲ မရှိသေးဘူးဆိုတော့ ကွန်ပျူတာ လျှောက်ကလိ တယ်ပေါ့ ၊ သီချင်း ဖွင့် နားထောင် ဒီလိုနဲ့  အချိန် ကုန်သွားရင် ရုံးဆင်းမယ်။System ပုံးပေါ်မှာတင်ထားတဲ့ ဘောလုံးပွဲ ပေါက်ကြေး စာရွက်ကို သွားတွေ့ တယ်။ဒီစာရွက် က အရင် တစ်ပတ်ကပေါက်ကြေး စာရွက်ပါ။ ဘောလုံးပွဲ ပေါက်ကြေး စာရွက်ကို ကြည့်ရင်း ၁၀၀၀ မောင်း ၆ သင်း အောင်ရင် ဘယ်လောက်ရမယ်။၅၀၀၀ မောင်း အပြတ်အောင်ရင် ဘယ်လောက်ပေါ့ စိတ်ကူးနဲ့ တွက်ကြည့် ရင်း ဒီနေ့  စနေ ဆိုတော့ တစ်ရွက်လောက် ကိုင်လိုက်အုံးမယ်။
စိတ်ကူးရတာက ဘောလုံးမောင်း အောင်ရင် excel မှာ တွက်လို့ ရအောင် Table လေးဆွဲ formula လေးချိတ်ကြည့်အုံးမှပါပေါ့။သိပ်တော့ မခက်ပါဘူး။တချို့ ဆို ပါးစပ် နဲ့ တောင် တွက်ချက်လို့  ရကြတယ်။Phone မှာပါတဲ့ calculator လေးနဲ့ လဲ အဆင်ပြေပါတယ်။ excel မှာတော့ မလုပ်ဖူးတာလဲ ပါတော့ လုပ်ကြည့်မယ် ပေါ့။ 1000 မောင်း 6 သင်း၊ ကိုယ်ထိုးထားတဲ့ Amount ကို ရိုက်ထည့်မယ်၊ပြားနုတ်၊ပြားစား တွေကို -30 နုတ်ဆိုရင် -0.3 ၊+30 စားဆိုရင် 0.3 ၊ အကောက်က 20% နုတ် လိုက်ရင် ကိုယ်ရမယ့် ငွေစုစုပေါင်း ရရှိပါမယ်။
ထိုးကြေးရိုက်ထည့်ရန် ဆိုတဲ့ cell ကွက်လေးမှာ ကိုယ်ထိုး Amount ကို ရိုက်ထည့်ရပြီး။
အပြာ ရောင်နဲ့ ပြထားတဲ့Cell ကွက် မှာ if formula နဲ့ ချိတ်လိုက်တာပါ။
=if(C6=1,D5×2,((D5/D5)+C6)×D5))
C6=1 ညီရင် D5×2 မြှောက်ပေးမှာပါ။
D5=1000 မို့  1000×2 = 2000 ရရှိမှာပါ။
နောက်တစ်ခုက 1 နှင့်မညီမျှခဲ့ရင်
((D5/D5)+C6)×D5 ဒါလေးကို return ပြန်ပေးမှာပါ။D5တန်ဖိုး က 1000 , 1 နဲ့ မညီတဲ့ တန်းဖိုး ပြား -30 နုတ် (-0.3) က C6 ရဲ့ တန်ဖိုးပါ။
C.column မှာ C6 ကနေ C11 အထိ မှာ အပြတ်အောင်ရင် 1 ဟုရိုက်ပြီး ပြားစား ပြားနုတ်ကိုတော့ 0.3,-0.3 ဟု ရိုက်ထည့်ပေးမယ် ဆို ရပြီပေါ့။
=IF(C6="","" မှာသာ ဘာမှမရှိဘူးဆိုရင် ဘာမှ မပြဘူးပေါ့။
ဒါပေမဲ့ C7 ,C8 တို့ မှာ တန်ဖိုးရှိနေရင် VALUE# တက်ပါတယ်။ဒါကြောင့်မို့  IFERROR ကို ထပ်ခံထားတာပါ။
နောက်တစ်နည်း ထပ်ရေးရင် ရနိုင်ပါတယ်
ကျွန်တော်ရေးတာ လိုသွားတယ်၊ C6 မှာ 1 လို့ ရိုက်ရင် D6 မှာ တန်ဖိုး ထွက်မှာ သေချာပေမယ့်။ C6 မှာ 2 လို့  ရိုက်ရင် လဲ အဖြေက ထွက်နေအုံးမှာပါ။ C6 မှာ 2 လို့ ရိုက်ရင်တော့ အဖြေက မမှန်နိုင်တော့ပါဘူး။
ဒါကြောင့် formula ကိုဒီလိုလေး ပြန်ပြင်ရေး ရမှာ
=IFERROR(IF(D5<=1,D5 ×2,((D5/D5)+C6)×D5),"")
ဒီလိုရေး ရင် ပို အဆင်ပြေနိုင်ပါတယ်။
COUNT,CHOOSE ,IF ဒီ Formula သုံးခု သုံးပြီး ဘောလုံးပွဲမောင်းတွက်ချက်ပုံ လေးကို ရေးလို့  အဆင်ပြေသွားပါသည်။
အဝါရောက်ပြထားတဲ့ 8064 နောက်က (ကျပ်) ဆိုတာလေးကတော့ တွက်ချက်လို့ ရလာတဲ့ ကိန်းဂဏန်း ရဲ့နောက်မှာ "ကျပ်" ဆိုတာ ပါချင်တယ်။ Ctrl+1 ကိုနှိပ် Number Tab အောက် က Customကိုသွားပြီး။ #"ကျပ်" လို့ ရိုက်ထည့်ပေးလိုက်ရင် ရပြီ။
ဆိုတော့ကား ဘောလုံးပွဲအောင်ရင် ဘယ်လောက်ရမယ်ဆိုတာ Excel မှာ စမ်းသပ် ရေးကြည့်ရင်း Steemit အတွက် ပို့ စ်တစ်ခု ရခဲ့ပါသည်။
ဒီအထိ ဖတ်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေ။
Author>>
Photo By
MSC-017