နေပူချိန်က မြင့်မား ပြီး နေအိမ်က ကျွန်းသစ်ကို အသုံးပြုပြီးဆောက်လုပ်ထားတဲ့ အိမ်ဖြစ်လို ကြမ်းပြင်ဟာ ပူလာပါတော့သည်။အပေါ်မှာမိုးထားတာက သွပ် ဆိုတော့ အပေါ်ကပူ အောက်ကပူပေါ့ဗျာ ဒါကြောင့် အိမ်အောက်မှာ နေခင်းဘက် နေထိုင်ရန် ပြုလုပ်ထားတဲ့ ဒူးသာသာ မြင့်တဲ့ စဉ်တစ်ခု ပေါ်မှာ တုံးလုံး ပက်လက် နဲ့ အဆင်ပြေသလို နေထိုင်ကြရပါသည်။အခုချိန်မှာ နေ့ ခင်းဘက် ဘယ်ကိုမှ မသွားချင်လောက်အောင် ပူအိုက်လှပါသည်။အိမ်ပေါ်မှာပူတော့ အိမ်အောက်ကို ဆင်းပြီး နေ နေတုန်းမှာပဲ တူ တော်မောင် နှစ်ယောက် ရောက်ရှိလာပြီး၊ ဘေးမှာ ချထားတဲ့ ဖုန်းကို ယူ ဖုန်းထဲမှာရှိတဲ့ ဂိမ်း တစ်ခုပြီး တစ်ခု ကစား နေကြပါတော့သည်။
ဖုန်းထဲရှိတဲ့ ဂိမ်းတွေ ကစားပြီး အကြိုက်မတွေ့ကြပါ။သူတို့ ဆော့ချင်တာက ကားဂိမ်း ၊ ဒါကြောင့် ကားဂိမ်း လုပ်ပေးပါ။ ကားဂိမ်းထည့်ပေးပါ ဟု လာပြော သောအခါ မနေနိုင် မထိုင်နိုင် internet ကိုဖွင့် ကားဂိမ်းတစ်ခု ဒေါင်းပေးလိုက်ရပါသည်။ကားဂိမ်း တစ်ခု ဖုန်းထဲ ရောက်ပြီးတော့ သူအရင်ကစားချင်တယ်၊ငါအရင်ကစားချင်တယ်၊ တစ်ယောက်နှင့်တစ်ယောက် ဖုန်းကို လုယူနေကြပါတော့သည်။ကြားကနေ သူတို့ နှစ်ယောက် ကို အဆင်ပြေအောင် လုပ်ပေးရသေးသည်။ဒီလိုလုပ် တစ်ယောက်တစ်လှည့်စီ ကစားကြ၊ဂိမ်းထဲမှာ ပထမ ၊အဆင့် ၁ ရတဲ့သူက နောက်တစ်ကြိမ် ထပ်ကစား ရမယ် အဲလိုမှ မဟုတ်ရင် တစ်ကြိမ်စီ ကစားပါ လို့အမိန့်ပေးသလို့ ပြောလိုက်တော့မှ တစ်ယောက်နှင့် တစ်ယောက် အဆင်ပြေစွာ ဂိမ်းကစားကြပါတော့သည်။ပြောတာ နားမထောင်ရင် ဖုန်းသိမ်းမယ်ဟု ပြောလိုက်တော့မှ အသံတွေ မကြားရတော့ပဲ တစ်ယောက် တစ်လှည့်စီ ဆော့မယ် ဟု နှစ်ယောက်သား တိုးညှင်းစွာပြောပြီး ကစားနေကြပါတော့သည်။
ဂိမ်းဆော့လို့  ပျင်းလာတော့ ကော်ဖီ သောက်ချင်တယ် ဖြစ်လာပြန်ပြီ ၊အေးကွာ ဟုတ်ပါပြီ 3 min စောင့် ရမယ်ဟုပြောကာ ကော်ဖီ ဖျော်တိုက်ရသေးသည်။တကယ်မလွယ်တဲ့ မျောက်လောင်းလေးတွေ ဖုန်းအားကုန်မှ ဂိမ်းကစားတာ နားမယ် ဆိုတဲ့ တူတော်မောင်တွေ ၊မတွေ့တာကြာပြီဆိုတော့ တွေ့တုန်း လာနိုင်ကျင့်တဲ့ တူတော်မောင်တွေပေါ့ဗျာ။နောက်ဆို ဖုန်းနှစ်လုံးမှ အဆင်ပြေတော့မယ်။
MSC မှာ PRO တင်ရမယ့် နေ့ဖြစ်လို့ ဂိမ်းကစားနေတဲ့ တူတော်မောင် နှစ်ယောက်စီက ဖုန်းခဏပေးဖို့ တောင်းပြီး၊Pro အတွက် စာရေးဖို့စဉ်းစားလို့ ရတာကတော့ ဒီမျောက်လောင်းနှစ်ကောင်နဲ့ အတူနေခဲ့ရတဲ့ နေ့ခင်းပိုင်း အတွင်းဖြစ်စဉ်လေးတွေကို ဖေါ်ပြရေးသားလိုက်ပါသည်။အိမ်ပြန်ရောက်နေတာ ဖြစ်တဲ့အတွက် လိုင်းပေါ် သိပ်မရှိဖြစ်ပါဘူး။Daily post တွေကို Votes မလွတ်ရအောင် ပေးနေပါသည်။
စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေခင်ဗျား။
Author>>
Photo by
MSC-017