Hello, Steemit Myanmar
You do not alone.
လူတွေထဲက လူတစ်ယောက့် ပတ်ဝန်းကျင်မှာ အဆင်ပြေပြေ နေထိုင်နိုင်ဖို့ ကလဲ ဘဝ အတွက် အလွန်အရေးပါလှပါတယ် ပတ်ဝန်းကျင်ကောင်းလို့  ကိုယ့်အတွက် အဆင်ပြေတာ ရှိသလို
ပတ်ဝန်းကျင်ကြောင့်လဲ အဆင်မပြေတာ စိတ်ပျက်စရာ တွေ ကြုံတွေ့ ရတတ်ပါတယ် အားလုံးနဲ့ အဆင်ပြေဖို့ ကတော့ မလွယ်ပါဘူး
တစ်ခုတော့ရှိတာပေါ့ ကိုယ်က ကိုယ်နေတဲ့ ပတ်ဝန်းကျင်ကို တိုးတက် ပြောင်းလဲအောင် လုပ်ဆောင်ပေးနိုင်တဲ့ သူတစ်ယောက်ဆိုရင် အရမ်းကောင်းပါတယ် ကိုယ့်လုပ်ဆောင်မှု သာ အောင်မြင်ရင်
ပျော်စရာလဲကောင်း အားလုံးကလဲ လေးစားကြမှာပါ
မလိုသူတွေ ကလဲ ရှိနေတတ်ပါသေးတယ် ချွင်းချက်ပေါ့။
ကျွန်တော် အဆင်ပြေအောင်နေတယ် လူဆိုတာ စိတ်အမျိုးမျိုး ရှိကြတယ်လေ သူက ကိုယ့်ကို လိုအပ်ရင် သူက ကိုယ့်အပေါ်ကေားင်းမယ်
အဲ့ဒီလူက ကိုယ့်ဆီ မှာ သူလိုချင်တာတွေ ရှိနေသရွေ့ တော့ ကိုယ့် အပေါ်ကောင်းနေအုံးမှာပါပဲ
တကယ်လိုများ သူလိုချင်တာတွေ ကို
ကိုယ်က မပေးနိုင်တော့ဘူး ဆိုရင် ဒီလူက ကိုယ့်ကို အကောင်းပြောတော့မှာ မဟုတ်သလို အပေါင်းအသင်းလဲ သိပ်မလုပ်တော့ပါဘူး ဒါတွေ က လူတွေနဲ့  နေရင် အနည်းနဲ့ အများ ကြုံတွေ့ ရမှာပါ။
လူတိုင်းကိုတော့ မဆိုလိုပါဘူး
ကျွန်တော် ရဲ့ ပတ်ဝန်းကျင်မှာ ဆိုရင်
ကျွန်တော် အားကျ လေးစားရတဲ့ သူတွေလဲ ရှိပါတယ် ၊ပိုက်ဆံလဲ ရှိတယ်
ရာထူးလဲကြီးတယ်
ကိုယ့်ဘာသာကိုယ် ပြန်စဉ်းစားမိတယ်
ငါသာ အဲလို ပိုက်ဆံရှိပြီး ရာထူးကြီးကြီးမားမား ရှိတယ် ဆိုရင် ကိုယ့်လက်အောက်ငယ်သားတွေကို
သူ့ လို ဆက်ဆံနိုင်ပါ့မလား ဆိုတာ စဉ်းစားမရဘူး အာ့မျိုးလူတွေကိုတော့
အစဉ်လေးစားလျက်ပါ။
နောက်တစ်ခုက
အကျိုးအကြောင်း ဂဃဏန မသိပဲ ဝေဖန်ခြင်း
တစ်ခဏ မြင်ကွင်းလေးကို ကြည့်ပြီး ဝေဖန်ကြတော့ပါပဲ
ကိုယ့်ကို တိုက်ရိုက်လာမပြေပေမဲ့
သူ့ စိတ်ထဲမှာ တစ်မျိုးထင်သွားပြီ ၊
ကိုယ့် ကွယ်ရာမှာ မင်းဟာ ဘယ်လို ကောင်ဆိုတာ ပြောတော့မယ်၊
စပြီး ဝေဖန်တယ်ပေါ့။
တကယ်တော့ အမှား အမှန် သေချာမသိပါပဲ ဝေဖန်တာပေါ့
ဟုတ်ပြီ တစ်ယောက်ယောက်က တော့
ကိုယ့်ကို အမြင်လွှဲသွားပြီ ၊
ကိုယ့်အကြောင်းကို သေချာ မသိပါပဲ
ဝေဖန်နေပြီ ၊ ဆိုတာ သိလိုက်ရတဲ့အချိန်
ဘာလုပ်မလဲ ၊ကျွန်တော်ကတော့ လိုက်ပြီးရှင်းပြမနေတော့ပါဘူး၊ ဒီအတိုင်းပဲ ထားလိုက်တယ်။
အချိန်တန် ရင် သိလာလိမ့်မယ် လို့ ပဲ ဖြေသိမ့်လိုက်တယ်ဗျာ၊
ပတ်ဝန်းကျင်ကြီးကို က မဝေဖန်ရရင်
နေလို့ မရတဲ့ နေရာကြီး ဖြစ်နေတာဗျ ၊
ပတ်ဝန်းကျင်ကြီး ရှိနေသမျှ ခင်ဗျား ကို
ပြောနေကြအုံးမှာပါ
ဝေဖန်နေကြအုံးမှာပါ ၊
ဥပမာ-
ကိုယ်က 'ဝ' နေလား
ပိန်နေတာလား
ပုနေတာလား
ရှည်နေတာလား
ငပျင်းလား
လူကောင်းလား
အရက်သမားလား
ဖဲသမားလား
ဆေးသမားလား
အခြောက်လား
စသဖြင့်
ခင်ဗျား အခြောက်ဆိုရင်
ခင်ဗျားကို ဆုတောင်းမှားခဲ့တာလို့ ပြောကြလိမ့်မယ်
ခင်ဗျား ပိန်ကပ်နေရင်
ခင်ဗျားကို ဆေးသမားလို့ ပြောကြလိမ့်မယ်
ခင်ဗျား ဝတုတ်နေရင်
ခင်ဗျားကို ငပျင်းကြီးလို့ ပြောကြလိမ့်မယ်
ခင်ဗျား တက်တူးတွေ ထိုးထားရင်
ခင်ဗျားကို လူမိုက်လို့ ပြောကြလိမ့်မယ်
ခင်ဗျား ဆံပင်အနီရောင် ဆိုးထားရင်
ခင်ဗျားကို မကောင်းတဲ့မိန်းမလို့ ပြောကြလိမ့်မယ်
ခင်ဗျား ဆင်းရဲနေရင်
ခင်ဗျားကို ညံ့ဖျင်းလွန်းတယ်လို့ ပြောကြလိမ့်မယ်
ခင်ဗျား ချမ်းသာနေရင်
ခင်ဗျားကို ရိုးမှရိုးရဲ့လားလို့ ပြောကြလိမ့်မယ်
ခင်ဗျား မိန်းကလေးတစ်ယောက်နဲ့ စကားပြောနေရင်
ခင်ဗျားကို လှည့်စားတတ်တဲ့သူလို့ ပြောကြလိမ့်မယ်
ခင်ဗျား ယောက်ျားလေးတစ်ယောက်နဲ့ စကားပြောနေရင်
ခင်ဗျားကို မျက်နှာများတဲ့သူလို့ ပြောကြလိမ့်မယ်
ခင်ဗျား ရယ်နေရင်
ခင်ဗျားကို ငပေါကြီးလို့ ပြောကြလိမ့်မယ်
ခင်ဗျား ငိုနေရင်
ခင်ဗျားကို အပိုလုပ်ပြနေတယ်လို့ ပြောကြလိမ့်မယ်
ခင်ဗျား သန့်သန့်ပြန့်ပြန့် ဝတ်ထားရင်
ခင်ဗျားကို ဘဝင်မြင့်နေတယ်လို့ ပြောကြလိမ့်မယ်
ခင်ဗျား နှုတ်ဆိတ်နေရင်
ခင်ဗျားကို လူမှုရေးခေါင်းပါးတယ်လို့ ပြောကြလိမ့်မယ်
ခင်ဗျား အလိုက်သိနေရင်
ခင်ဗျားကို ငဖားကြီးလို့ ပြောကြလိမ့်မယ်
ခင်ဗျားရဲ့ဘဝမှာ ဝေဖန်မှုတွေ မရှိဘဲ
ခင်ဗျား ဘာမှ လုပ်လို့မရနိုင်ဘူး
ခင်ဗျားရပ်တည်နေတဲ့ ပတ်ဝန်းကျင်ကြီးကိုက
ကိုယ့်ဘေးက လူကိုမှ မဝေဖန်ရရင်
ရှင်သန်ဖို့ ဆိုတာ မဖြစ်နိုင်တဲ့ နေရာကြီးပဲ
ခင်ဗျား ခံယူထားရမှာတစ်ခုက
သူတို့ ခင်ဗျားကို ချစ်ကြသည်ဖြစ်စေ
သူတို့ ခင်ဗျားကို မုန်းကြသည်ဖြစ်စေ
အဲ့ဒီသူတို့ ဆိုတာတွေသည် ခင်ဗျားဘဝကို
ပြောင်းလဲမပေးနိုင်ဘူးဆိုတာပဲ
ခင်ဗျားဘဝကို ပြောင်းလဲပေးနိုင်တာ
ခင်ဗျားကိုယ်တိုင်ပဲ
ပတ်ဝန်းကျင်ကို ခင်ဗျားလေးစားဖို့လိုပေမယ့်
ပတ်ဝန်းကျင်ကြောင့် ခင်ဗျားဘဝကိုတော့
မတိမ်းစောင်းပါစေနဲ့
ဒီတော့
ခင်ဗျားခံယူချက်ကို ထိန်းသိမ်းပါ
ခင်ဗျားယုံကြည်ချက်ကို ဆက်လျှောက်ပါ
ခင်ဗျားရည်မှန်းချက်ကို ကြိုးစားပါ
ခင်ဗျားရပ်တည်ချက်ကို အားထားပါ
ခင်ဗျားကိုခင်ဗျား ဂုဏ်ယူပါ
"ပတ်ဝန်းကျင် . . .အသိန်းအဝိုင်း ကရယ်
ပြောချင်တာ တွေလဲ ပြောကြပါစေ ကွယ်
ဘဝဆိုတာရယ်"
ဒီလောက်ပါပဲ
လူတိုင်း လူတိုင်း
အများအကျိုးကို
သယ်ပိုးနိုင်ကြပါစေ
လို့  ဆန္ဒပြုလိုက်ပါတယ်
photo credit: google
Author :Aung Sann Lwin
@AungSannLwin