ကျွန်တော်တို့ဆယ်တန်းတုန်းက
PhysicsမှာImageဆိုတဲ့အကြောင်း
တွေသင်ရတယ်။မှန်ဘီလူးတွေနဲ့
ပတ်သတ်ပြီးပေါ့။ကျွန်တော်တို့
အဲ့ဒါအချိန်မှာနားလည်ထားတဲ့
Imageဆိုတာကတော့ "အရိပ်" ပဲ
ပေါ့။အလင်းရောင်ရတဲ့အရင်းအမြစ်
တစ်ခုခု(ဥပမာ-နေ၊မီး)ကြောင့်
သက်ရှိသော်လည်းကောင်း၊
သက်မဲ့သော်လည်းကောင်း
ပုံရိပ်လေးတွေထွက်လာကြတယ်။
"အရိပ်"နဲ့ပတ်သတ်ပြီး မပြောင်းလဲ
တဲ့အမှန်တရားတစ်ခုကတော့
အနက်ရောင်ဖြစ်နေတာပါပဲ။
ကျွန်တော်တို့အသက်ကြီးလာတဲ့အခါ
ကြားကြားနေရတဲ့စကားတစ်ခွန်း
ရှိပါတယ်။အဲ့ဒါကဘာလဲဆိုရင်-
"imageကျတယ်"ဆိုတဲ့စကားပါ။
ဒီစကားလေးကိုပြောနေတာ
ကြားတဲ့အခါ ပုံမှန်အတိုင်းဘာသာ
ပြန်တယ်ဆိုရင်တော့ "အရိပ်ကျတယ်"ပေါ့နော်။
ဒီလိုကြီးတော့မဟုတ်သေးပါဘူး။
ဒီတော့အရိပ်ဆိုတာနဲ့ပတ်သတ်ပြီး
နည်းနည်းလေးချဲ့တွေးကြည့်မယ်။
အရိပ်ဆိုတာကျွန်တော်တို့သိတဲ့
အတိုင်းပဲလေ။အမြဲတမ်းနောက်နေ
ထပ်ကြပ်မကွာလိုက်တယ်။
ဥပမာဆိုကြပါစို့။လူတစ်ယောက်ဟာ
မိမိလက်နဲ့မကောင်းမှုတစ်ခုကို
ပြုလုပ်လိုက်တဲ့အခါမှာအဲ့ဒီလက်ရဲ့
အရိပ်ထွက်လာသလို ကောင်းတဲ့
အရာလုပ်လိုက်ရင်လည်း၎င်းရဲ့
အရိပ်ထွက်ပေါ်လာမှာဖြစ်တယ်။
အဲ့ဒီတော့"ကျတယ်"ဆိုတဲ့စကား
ကအကောင်းဘက်ကိုသိပ်ပြီး
ဦးတည်လေ့မရှိဘူး။
အဲ့တော့လူတစ်ယောက်ဟာimage
ကျသွားပြီဆိုရင်လည်း
အဲ့ဒီလူမှာရှိတဲ့ကိုယ်ကျင့်တရားနှင့်
သိက္ခာတွေပါလျော့နည်းဆုံးရှုံးကုန်
တာဖြစ်ပါတယ်။
ဒီတော့လူတစ်ယောက်ဟာ
မိမိရဲ့Imageကောင်းကောင်းရှိဖို့
အလွန်အရေးကြီးပါတယ်။
Imageနဲ့ပတ်သတ်ပြီးလိုအပ်တဲ့
အချက်နှစ်ချက်ကတော့ မိမိရဲ့
Imageကို ကောင်းသထက်ကောင်း
အောင်မြှင့်တင်ဖို့နှင့် ရှိပြီးသား
Imageကိုကျမသွားအောင်ထိန်းသိမ်း
တတ်ဖို့ဘဲဖြစ်ပါတယ်။
Imageကိုမြှင့်တင်ဖို့ဆိုရင်တော့
(၁)ကိုယ်ကျင့်တရားကောင်းမွန်
ရမယ်။
(၂)ဂုဏ်သိက္ခာရှိအောင်နေရမယ်။
(၃)အများအကျိုးဆောင်ရွက်ရမယ်။
(၄)စကားကိုမှန်မှန်ကန်ကန်ပြောရ
မယ်။
(၅)ကတိတည်ရမယ်။
ရှိတော့ရှိဦးမှာပဲ။ဒါလေးတွေကို
လုပ်နိုင်တယ်ဆိုရင်ကိုပဲImageတက်
လာမှာအသေအချာပါပဲ။
Imageကျတာကတော့
တစ်ခါတစ်လေမှာလူတွေနားမလည်
ကြတဲ့အရာရှိတယ်။
မိမိပျက်စီးရာပျက်စီးကြောင်း
ဖြစ်အောင် ကုသိုလ်ကံကောင်းပေး
နေတာမျိုးလည်းဖြစ်တတ်တယ်။
ဥပမာ-KTVတွေ၊Massageတွေ
သွားဖြစ်အောင် 2D၊3Dတွေပေါက်
ပေးနေသလိုမျိုးပေါ့။
အဲ့ဒါတွေကကြာလာရင်မိမိပုံရိပ်ကို
ကျဆင်းစေလာပါတယ်။
လူတော်တော်များများက ဆင်းရဲတဲ့
ဒဏ်ကိုခံနိုင်ပေမဲ့ ချမ်းသာတဲ့ဒဏ်
ကိုမခံနိုင်ကြပ်ဘူး။
ဆင်းရဲမှလောကဓံလို့ထင်နေတာပါ။
တကယ်တမ်းကချမ်းသာလည်း
လောကဓံပါပဲ။
ကျွန်တော်တို့ဟာ မိမိရဲ့Imageအပြင်
နိုင်ငံနှင့်လူမျိုးရဲ့Imageကိုပါ
မြှင့်တင်အောင်စွမ်းဆောင်နိုင်တဲ့
အထိကြိုးစားရမှာဖြစ်ပါတယ်။
SEA Gamesမှာဘောလုံးပွဲမနိုင်လို့
ခုံတွေရိုက်ချိုးတာမျိုးဆိုရင်
နိုင်ငံနှင့်လူမျိုးရဲ့Imageကိုအတော်
ကျစေပါတယ်။
အဲ့ဒါကြောင့်အလားတူဖြစ်ရပ်မျိုး
တွေကိုဆင်ခြင်ရမှာပဲဖြစ်ပါတယ်။
ယခုလက်ရှိကျွန်တော်တို့ရဲ့MSC
အတွက်Imageကောင်းကောင်းရရှိ
အောင်Memberဝင်တွေအကုန်လုံး
ကြိုးစားဆောင်ရွက်သွားကြပါလို့
ဆန္ဒပြုအပ်ပါတယ်ခင်ဗျား။
Written by:Aung Thar Kyaw
MSC-138