မြန်မာနိုင်ငံမှာနှစ်ပေါင်း(၅၀)ကျော်
ကြာအောင်ဖျက်ဆီးခံထားရတဲ့
ပညာရေးစနစ်ဆိုးကြီး။ ။
ဘာလို့စနစ်ဆိုးကြီးလို့ပြောရလဲဆိုရင်
စနစ်တကျကိုဆိုးရွားပျက်စီးနေလို့ပဲ။
မူလတန်းဖတ်စာအုပ်မှာပါတဲ့
အကြောင်းအရာတွေကစလို့
တက္ကသိုလ်ဝင်တန်းထိအောင်ပေါ့။
အဲ့ဒါနဲ့တင်အဆုံးသတ်မဟုတ်သေး
ပါဘူး။ဘွဲ့မရမချင်းအထိ သင်တော့
သင်ခဲ့ကြရတာပါပဲ။
လူတိုင်းပြောနေကြတဲ့ "ကျက်ဖြေ
စနစ်"ဆိုတာကြီးအပေါ်ကိုတော့
ထပ်ခါတလဲလဲပြောမနေချင်တော့
ဘူး။ကိုယ်လည်းကိုယ့်မိဘကသာမန်
ဆိုတော့ ဒီပညာရေးထဲမှာဘဲ
ယက်ကန်ယက်ကန်နဲ့ကျင်လည်ခဲ့ရ
တာကိုး။ကိုယ့်အဖေကသာခရိုနီကြီး
အဲယောင်လို့ သူဌေးကြီး တစ်ဦးဆိုရင်
လည်း UK ပညာရေးတို့ဘာတို့ကို
တက်ရောက်သင်ကြားခွင့်ရမှပေါ့လေ။ ဟုတ်ပြီ။ ပြောတော့ပြောနေကြ
တာပဲလေ။ ပညာရေးစနစ်ကြီးက
မကောင်းဘူးဆိုပြီးပေါ့။ စနစ်ဆိုတာ
ကဘာလဲ။အဲ့မှာဘာတွေပါဝင်နေတာ
လဲပေါ့။သင်ကြားရေးစနစ်၊
သင်ရိုးစနစ်၊စာမေးပွဲစနစ်၊
အမှတ်ပေးအကဲဖြတ်စနစ်
စသဖြင့် စသဖြင့်ပေါ့။
ကဲကဲ နိဒါန်းတွေပျိုးနေတာနဲ့
ဆိုလိုရင်းကိုမရောက်နိုင်တော့ဘူး။
လွန်ခဲ့တဲ့သုံးလေးရက်လောက်က
ဖြစ်မယ်ထင်တယ်။
ကျွန်တော့်အဒေါ်က အထက်တန်းပြ
ဒဿမတန်း(အင်္ဂလိပ်စာ)သင်တဲ့
ဆရာမတစ်ယောက်လေ။
သူကကျွန်တော့်ကို သူနဲ့စာကူစစ်ပေး
ဖို့ပြောတယ်။ကျွန်တော်လည်း
အားနေတာနဲ့ကူစစ်ပေးလိုက်တယ်။
အဲ့မှာ Grammar Testလို့အများခေါ်
ကြတဲ့Patternတွေကိုစစ်တော့
ကျောင်းသားနှစ်ယောက်ရဲ့
အမှားနှစ်ခုကိုသွားတွေ့တယ်။
ဘယ်လိုတောင်မှားလဲဆိုရင်
စနစ်တကျကိုမှားထားတာ။
စာဖတ်သူတို့မှတ်မိကြဦးမလားတော့
မသိဘူး။ဆယ်တန်းမှာ
Although<<>>In Spite Of
ဆိုတာကြီးကို…………
မေးခွန်းလေးက>>
Although they work very
hard,their business is not
thriving.
အဓိပ္ပါယ်ကတော့>>
သူတို့အလုပ်ကိုအလွန်ကြိုးစားပမ်းစား
လုပ်ပါသော်လည်းသူတို့ရဲ့စီးပွားရေးက
အထမမြောက်ခဲဘူးမအောင်မြင်ခဲ့ဘူး။
ဒီPatternလေးကိုပြောင်းရင်
AlthoughနေရာမှာIn spite ofထည့်
ပြီးof ရဲ့နောက်မှာဆိုတော့
VerbကိုVing(Gerund)ပြောင်းပေး
ရပါတယ်။"အလုပ်လုပ်သည် "ကနေ
"အလုပ်လုပ်ခြင်း"ဖြစ်သွားအောင်
ပါ။
ဒါဆိုရင်အဖြေလေးကြည့်ရအောင်>>
In spite of working very hard,
their business is not thriving.
ဒီလိုလေးဆိုရင်1markရပြီလေ။
ကဲဒါဆိုရင်……
မေးခွန်းကိုလည်းသိပြီ။
အဖြေမှန်လည်းသိပြီဆိုတော့ခုနက
ကျောင်းသားနှစ်ယောက်ရဲ့အမှား
လေးတွေကိုကြည့်လိုက်ရအောင်။
ပထမကျောင်းသား
In spite of working very hard,
they's business is not thriving.
theyကို 's ထည့်ထားတာတွေ့ရတော့
ရယ်ရမလိုလို ငိုရမလိုလိုတောင်
ဖြစ်သွားတယ်။
တကယ်ဆိုရင်'their'ကိုဘာမှပြောင်း
စရာမလိုပါဘူး။
သူ့စိတ်ထဲမှာ theyက"သူတို့"
's က "၏"
"သူတို့၏"ဆိုပြီးတွေးလိုက်လေသလားပေါ့နော်။ ။
"They"က'သူတို့၊၄င်းတို့၊ထိုအရာတို့'
သက်ရှိဖြစ်ဖြစ် သက်မဲ့ဖြစ်ဖြစ်
ဒြပ်ရှိဖြစ်ဖြစ် ဒြပ်မဲ့ဖြစ်ဖြစ်
အများသုံးချင်ရင် "They"ပါ။
"Their"ဆိုတာ'သူတို့၏၊၄င်းတို့၏၊
ထိုအရာတို့၏'
ဒီတော့ ဒီလိုအခြေခံတွေကို
မသိဘဲတက္ကသိုလ်ဝင်တန်းရောက်
လာခဲ့တယ်ပေါ့။
ဒုတိယကျောင်းသား
In spite of working very hard,
they of business is not thriving.
လာပြန်နော်။'they of'
'they'ဆိုတာ"သူတို့"
'of'ဆိုတာ"၏"
သူ့အတွေးနဲ့သူကတော့ဟုတ်နေတာ
ပဲပေါ့နော်။
စာဆက်စစ်ချင်စိတ်မရှိတော့လောက်
အောင်ကို စိတ်မကောင်းဖြစ်သွား
ခဲ့မိပါတယ်။
ကျွန်တော်ပြောခဲ့တဲ့ စနစ်တကျ
ပျက်စီးခြင်းဆိုတာက အဲ့ဒါပါပဲ။
ကျောင်းသားတွေရဲ့အတွေးအခေါ်
တွေဘယ်လောက်တောင်လွဲချော်
ကုန်ခဲ့ရပြီလဲဗျာ။
ဒါပေမဲ့ ထူးခြားတာတစ်ခုကတော့
သူတို့နှစ်ယောက်က တခြားအသေမှတ်ပြီးကျက်ဖြေရတဲ့
မေးခွန်းတွေကျအကုန်မှန်တယ်ဗျာ။
စာဖတ်သူတို့မှာလည်းသားတွေ၊
သမီးတွေ၊တူ၊တူမတွေ၊ကိုယ်နဲ့နီးစပ်
တဲ့ကလေးတွေ ရှိခဲ့ရင် ငယ်စဉ်က
တည်းကပညာကိုအခြေခံပါအောင်
သင်ဖို့ တိုက်တွန်းပေးကြလို့
ဒီPostလေးနဲ့အကြံပြုရေးသားလိုက်
ရပါတယ်ဗျာ။ ။
Written by:Aung Thar Kyaw
MSC-138