How to watch a movie?
ဇာတ်ကားတစ်ခုကိုဘယ်လိုကြည့်ကြမလဲ?
ဒီနေ့တော့ ကျွန်တော်ဇာတ်ကား
တွေကြည့်ရင်ဘယ်လိုကြည့်သလဲ?
ဆိုတာလေးကိုကျွန်တော်ဉာဏ်မှီ
သလောက်ကလေးပြောပြချင်ပါ
တယ်။ကျွန်တော်တို့ဇာတ်ကားတွေ
တစ်နေ့တစ်နေ့ကြည့်နေကြတယ်။
အနည်းဆုံးတော့တစ်ကားကိုအချိန်
(၂)နာရီလောက်ပေးရပါတယ်။
တစ်နေ့တစ်ကားကြည့်တယ်ပဲထား
ပါ။(၁၂)ရက်ဆိုရင်(၂၄)နာရီဖြစ်သွား
ပြီမလို့ တစ်ရက်ကုန်သွားပါတယ်။
တစ်နှစ်လုံးအနေနဲ့တွက်မယ်ဆိုရင်
(၇၃၀)နာရီကုန်ဆုံးပါလိမ့်မယ်။
ရက်နဲ့ပြန်တွက်ရင်ရက်(၃၀)လောက်
ရှိပါတယ်။အဲ့ဒီအချိုးအစားကြီးကို
ကြည့်လိုက်ရင် ကျွန်တော်တို့တွေ
ဟာတစ်နေ့ကို ဇာတ်ကားတစ်ကား
ပဲကြည့်မယ်ဆိုရင်တောင် တစ်နှစ်မှာ
တစ်လအချိန်ကုန်မှာဖြစ်ပြီး
(၁၁)လလောက်ပဲပိုင်ဆိုင်ရမှာပါ။
ဒီကြားထဲမှာတစ်နေ့ကို (၁)နာရီလောက်မှစာဖတ်ချိန်မထား
ဘူးဆိုရင်ဘာမှအကျိုးမရှိဘူးဖြစ်ပြန်
ရော။ဒီလိုပြောလိုက်လို့ငါတို့တွေ
တော့အချိန်တွေဖြုန်းမိနေပြီလို့
မထင်လိုက်ပါနဲ့။ကျွန်တော်တို့
Steemit Userတွေဟာ အချိန်ဖြုန်း
နေတာမဟုတ်ပါဘူး။အချိန်နှင့်
ဦးနှောက်ကိုအရင်းအနှီးလုပ်ပြီး
နောင်တစ်ချိန်အတွက် ပိုက်ဆံစုနေ
တာပါ။အယ့်လယ့် လာသေးတာ
😆😆😆😆😆😆😆😆😆😆😆😆😆
ဒီထက်ပိုပြီးဇာတ်ကားလေးတွေကို
ဘယ်လိုအကျိုးရှိအောင်ကြည့်မလဲ?
ဆိုတာလေးကိုပြောပြချင်ပါတယ်။
အဲ့ဒါလေးကိုမပြောခင်ကျွန်တော်
တို့လူသားတွေဘယ်လောက်ထိ
လွယ်တဲ့အရာတွေကိုရွေးလုပ်တတ်
တယ်ဆိုတာကိုသက်သေတစ်ခုပြချင်
ပါတယ်။ဇာတ်လမ်းပုံပြင်တစ်ပုဒ်ကို
သိချင်တယ်ဆိုကြပါစို့။ကျွန်တော်
တို့အသုံးချရမယ့် ကြားခံပစ္စည်းတွေ
ရှိမယ်။ရေဒီယို📻၊ကတ်ဆက်📼 လိုဟာမျိုးတွေဆိုရင် အသံဘဲ ကြားရမယ်။ရုပ်မမြင်ရတဲ့အတွက် ဦးနှောက်နေဇာတ်လမ်းထဲမှာပါတဲ့ ဇာတ်လမ်းဇာတ်ကွက်နှင့်ဇာတ်ကောင်တွေရဲ့
ပုံပန်းသဏ္ဍာန်တွေကိုပုံဖော်ပေးရမှာဖြစ်တဲ့
အတွက်နားကသေချာအာရုံစိုက်
နားထောင်ရမယ်။ကဲ ဒါဆိုရင် အဲ့ဒီဇာတ်လမ်းကိုဝတ္ထု
အနေနဲ့ စာအုပ်📖ဖတ်မယ်ဆိုရင်လည်း
မျက်စိနှင့်နား နေရာချင်းလဲပြီး
အာရုံစိုက်ရတာကလွဲလို့ ဦးနှောက်
ကတော့ရှေးနည်းတူစွာအလုပ်လုပ်
ရဆဲပါ။ဒါဆိုရင် ကျွန်တော်တို့
ဇာတ်လမ်း🎬ကြည့်မယ်ဗျာ။မျက်စိနှင့်
နားကိုအသင့်အတင့်စီအာရုံစိုက်ရ
မယ်။ရုပ်မြင်နေရတဲ့အတွက်
ဦးနှောက်ကလည်းသိပ်ပြီးအလုပ်လုပ်
စရာမလိုတော့ဘူး။ဒီတော့ကျွန်တော်တို
့လူသားတွေအတွက်အလွယ်ကူဆုံးအရာဖြစ်တဲ့
ရုပ်လည်းမြင် အသံလည်းကြားရ
အောင် ပစ္စည်းအမျိုးမျိုးဟာဆိုရင်
လည်းယနေ့အချိန်မှာများစွာ
ပေါ်ထွက်လာပြီဖြစ်ပါတယ်။
📱💻💽💾💿🎬
ကျွန်တော်ပြောချင်တာကတော့
ဒီမှာစပါပြီ။ဇာတ်ကားတွေကို
ဘယ်လိုအကျိုးရှိရှိကြည့်မလဲဆိုတဲ့
အချက်(၄)ချက်နဲ့ခွဲပြီးဖော်ပြချင်
ပါတယ်။
(၁)Screenshootရိုက်ထားပါ။
အရိုးရှင်းဆုံးနှင့်အလွယ်ကူဆုံး
နည်းလမ်းဖြစ်ပြီးထိရောက်မှုအရှိဆုံး
လည်းဖြစ်ပါတယ်။ဇာတ်ကားထဲမှာ
ကိုယ်ကြိုက်တဲ့Dialogueတွေဆိုရင်
Screenshotရိုက်ထားသင့်ပါတယ်။
တချို့သောDialogue တွေဟာစိတ်
ခွန်အားတိုးတက်စေတာကြောင့်
ကိုဓာတ်ဓာတ်ကျနေတဲ့အခါမျိုးမှာ
ပြန်ကြည့်ရင် အထောက်အကူဖြစ်စေ
မှာပါ။နောက်ပြီး ကိုယ်နားမလည်တဲ့
စကားလုံးမျိုး၊ကိုယ်မမြင်ဖူးသေးတဲ့
အရာဝတ္ထုမျိုးစတာတွေကိုလည်း
Screenshotရိုက်ထားသင့်ပါတယ်။
နောက်ကျရင်Googleနှင့်Google
Image Seachမှာပြန်ပြီးရှာဖွေကာ
ဗဟုသုတတိုးပွားစေပါတယ်။
(ဥပမာ-နည်းပညာအသစ်အဆန်း၊
လူတစ်ယောက်ရဲ့Biography၊
နိုင်ငံရေး)အစရှိတဲ့အကြောင်းအရာ
တွေကိုဆက်စပ်မှုအတိုင်းလေ့လာ
လို့ရှိရင် ကိုယ်သိထားတာလေးတစ်ခု
ကနေဆင့်ပွားပြီးများများသိလာနိုင်ပါတယ်။
(၂)Color Noteအသုံးပြုပါ။
https://play.google.com/store/apps/details?id=com.socialnmobile.dictapps.notepad.color.note
(OR)
Note Appတွေအများကြီးရှိတဲ့အထဲ
မှာColor Noteရဲ့အားသာချက်က
တော့ မိမိမှာရှိတဲ့gmail accနဲ့ချိတ်
ထားမယ်ဆိုရင် ဖုန်းResetကျသွား
မယ်ဆိုရင်တောင် ကိုယ်မှတ်ထား
တဲ့အရာတွေကိုပြန်ယူလို့ရပါတယ်။
အဲ့တော့ ကိုယ်ကြိုက်တဲ့ဇာတ်ကား
ထဲက အကြောင်းအရာနှင့်ဇာတ်လမ်း
ဇာတ်ကွက်၊ဇာတ်ကောင်တွေရဲ့
Characterတွေဟာလက်တွေ့ဘဝ
အတွက် အကျိုးရှိစေမယ်ဆိုရင်
မှတ်တာထားလိုက်ပါ။နှုတ်တစ်ရာ
စာတစ်လုံးဖြစ်လို့ ဇာတ်ကားကြည့်
နေတုန်း ဒါမှမဟုတ် ကြည့်ပြီးပြီးချင်း
သာမှတ်လိုက်ပါ။ဒါတွေဟာသင့်
အတွက်တစ်ချိန်မှာ အဖိုးဖြတ်နိုင်
မှာမဟုတ်ပါဘူး။
Tet Pone Appကိုသုံးပါ။
https://play.google.com/store/apps/details?id=cluspedia.tetpone
(OR)
https://m.apkpure.com/tet-pone/cluspedia.tetpone
ဇာတ်ကားထဲမှာမြန်မာစာတန်းထိုး
တဲ့သူတွေကတစ်ခါတစ်လေမှာ
စာလုံးပေါင်းမှားနေတာမျိုးတွေ
ရှိတတ်ပါတယ်။အဲ့ဒါဆိုရင် ကိုယ်က
ဒွိဟဖြစ်တတ်တာကြောင့် Tet Pone
Appကိုသုံးပြီးကြည့်ပါ။ဒါဆိုရင်
ကိုယ့်အတွက်လည်းစာလုံးပေါင်း
သတ်ပုံမှန်ကန်စေရန်အထောက်
အကူပြုလှပါတယ်။နောက်ပြီးအမှတ်
ပေးစနစ်နဲ့စာလုံးပေါင်းသတ်ပုံဂိမ်း
ကိုလည်းကစားလို့ရပါသေးတယ်။
(၄)Subtitlesအသုံးပြုပါ။
https://www.subscene.com
ဒါလေးကတော့နည်းနည်းတော့
Proကျတာပေါ့နော်။အယူအဆမှား
နေတာတစ်ခုကတော့ အင်္ဂလိပ်စာ
ကျွမ်းချင်တာနဲ့ဘဲ အင်္ဂလိပ်စာတန်း
ထိုးတာကိုတန်းကြည့်တတ်ကြတယ်။
သေချာတာတစ်ခုကတော့ မြန်မာ
စာတန်းထိုးနဲ့ကြည့်ရသလောက်တော့
ဇာတ်ကားကိုနားလည်လိုက်မှာ
မဟုတ်ပါဘူး။အဲ့ဒါကြောင့်
ဘယ်တော့မဆိုမြန်မာစာတန်းထိုး
ကားကိုပဲကြည့်ပါ။အင်္ဂလိပ်စာတန်း
ထိုးကိုDownချင်ရင်ဒီwebsiteက
နေရှာပြီးDownပါ။srt formatနဲ့
ရပါလိမ့်မယ်။အဲ့ဒါကိုဖုန်းနဲ့ကြည့်ရင်
MX Playerကိုသုံးနိုင်ပြီးComputer
နဲ့ကြည့်မယ်ဆိုရင်တော့VLC Media
Playerနဲ့ကြည့်နိုင်ပါတယ်။
အဲ့ဒါတွေမှာစာတန်းထိုးထပ်ထည့်
တဲ့functionပါပါတယ်။ဒီလိုဆိုရင်
မြန်မာစာတန်းထိုးကြည့်နေရင်း
အင်္ဂလိပ်စာတန်းကိုပါတစ်ပြိုင်နက်
သိနိုင်မှာဖြစ်ပါတယ်။
ဒီအကြောင်းလေးကိုစိတ်ဝင်စားပြီး
လုပ်ကြည့်ချင်တယ်ဆိုရင်တော့
ကျွန်တော့်Facebook Cbကိုလာခဲ့
ပါနော်။အသေးစိတ်ရှင်းပြပါ့မယ်။
ဒီလိုသာလုပ်မယ်ဆိုရင်တော့
ဇာတ်ကားကြည့်ရှုသူတွေရဲ့အချိန်
တွေဟာအကျိုးရှိစွာကုန်ဆုံးသွား
စေမှာဖြစ်ကြောင်းအကြံပြုရေးသား
လိုက်ရပါတယ်ခင်ဗျား။
Written by:Aung Thar Kyaw
MSC-138