ဆောင်းလရာသီ
မြူနှင်းဝေလို့
လမင်းကြည်သာ
မော့ကြည့်ရာမှ
ချမ်းရှာရော့မည်
စိတ်ကထင်မိ
ဘယ်ခါမခွဲ
သစ္စာပြု၍
မောင့်ချစ်နှင်းကို
ဘဝဆက်တိုင်း
ပေါင်းဖက်ရစေ
တိုင်တည်၍ထား
ချစ်စကားသစ္စာ
မြတ်ဘုရားရှေ့ဝယ်
ပန်ဆုခြွေလို့
နှစ်လွှာတစ်ရွက်
စွယ်တော်ရွက်ပမာ
တူစုံတွဲလို့
ချစ်ပွဲဝင်မည်
ထွေးပွေ့ယုယ
ကြင်နာမှုများ
မောင်နဲ့ချစ်သဲ
မျှဝေကြစို့
ချမ်းမြမြနှင့်
လွမ်းရသည့်ဆောင်း။
HFS