ကျွန်တော်ခုတင်ပြချင်တဲ့အကြောင်းအရာကတော့ကျွန်တော်လူငယ်တွေအတွက်ခွန်အားဖြစ်သောစာအကြောင်းလေးတင်ပြချင်ပါတယ်
လူငယ်တွေစိတ်ဓာတ်ကျတယ်
၁ ဘယ်ကိစ္စကြောင်ကျတာလဲ
အချစ်ရေး အဆင်မပြေလို့လား?
အလုပ်ကိစ္စ မပြေလည်လို့လား?
မိသားစုရေး အတွက်လား?
ကျတော်တို့လူငယ်တွေတွက်ကြိုက်တဲ့ဘက်ကကြည့်ပါ.
ကျတော်တို့အားလုံးက ပျိုကွဲ ပျိုလွဲ နေတဲ့သူတွေကြီးပါပဲ 💔
ဒါပေမဲ့ ကိုယ့်စိတ်ညစ်စရာတွေကို လျစ်လျူရူပီ ကိုယ့်ဘဝအတွက် အရေးကြီးတဲ့အလုပ်တွေကို လုပ်ပီး ရှေ့ဆက်နေတဲ့သူတွေအများကြီးပါ .... အောင်မြင်နေတဲ့သူတွေလဲ တပုံကြီးပါ ....
သင်လဲ စိတ်ညစ်စရာတွေနဲ့ ပြည့်နေတဲ့နေရာကနေ ဝေးအောင်ကြိုးစားပါဆိုတာထက် ဝေးအောင်ထွက်ခဲ့ပါ။
၂ သင်ရောက်နေတဲ့နေရာမှာ ပျော်ရွှင်ရဲ့လား
ကိုယ်ကပျော်ရွှင်စွာ ဘဝကို ဖြတ်သန်းချင်တယ်ဆိုရင် ပျော်ရွှင်မူတွေ ကုန်လာတဲ့နေရာ မရနိုင်တော့တဲ့နေရာကနေ လှည့်ထွက်လာနိုင်ရမယ် 😊 အဲ့ဒါမှ ကျတော်တို့ ပျော်ရွှင်စွာ ဘဝခရီးကို ဆက်လက်ဖြတ်သန်းနိုင်မှာပါ .....
၃သင်ဖြစ်နေတဲ့ ခံစားချက်
ကိုယ်ခံစားနေရတဲ့ ကိစ္စတချို့ရှိလိမ့်မည် ။ လူငယ်တွေအနေနဲ့ဆိုရင် အချစ်ရေး ၊ပညာရေး ၊အလုပ်အကိုင် စတဲ့နေရာတွေမှာ အဆင်မပြေကြတာများတယ် ဗျာ ...
အချစ်ရေးမှာဆို ချစ်တယ် ကြိုက်တယ် ပီးရင် အဆင်မပြေကြဖူး ရန်ဖြစ်ကြတယ်၊ ကွဲကြတယ်၊ နောက်တယောက်ရှာလို့ ပြတ်တယ်၊ အသစ်ရသွားလို့ပြတ်တယ် ၊ အတည်နဲ့အပျော်နဲ့တွေ့လို့အသဲကွဲကြ ၊
ကဲ... ဒါလဲအက်ျိုးရှိတာပဲလေ နော့
အသဲကွဲပီးအမြင်မှန်ရသွားကြတယ် တချို့တွေမုန်းတီးသွားကြတယ် ၊တချို့တွေက ရင့်ကျက်သွားကြတယ် .... မည်သူ့ကိုမဆို မေတ္တာနဲ့ပဲ တုန့်ပြန်ပါ မေတ္တာဆိုတာရောင်ပြန်ဟပ်ပါတယ် ကိုယ်ထားတဲ့သူစီက မဟုတ်ရင်တောင် တခြားသူရှိက ရပါလိမ့်မည် ။
ပညာရေးအတွက်ကတော့ တခုပဲပြောပြချင်တယ် ...
ဒီနေ့ပီးအောင်လုပ်နိုင်တဲ့ စာကို နက်ဖန် မရွှေ့ပါနဲ့
ကိုယ်တတ်နိုင်သလောက် ပီးလျှင်ပီးသလောက်လုပ်ပါ
နဲနဲ နဲ့ ပုံမှန်လုပ်ရင် ဘယ်အရာမှ ခက်တယ်ဆိုတာ မရှိပါဖူး
အလုပ်အကိုင်ကတော့ interview မအောင်လို့ စိတ်ညစ်ရတယ် ၊အလုပ်ခေါ်စာမကျလို့ ၊ experience မရှိလို့ မခန့်ဖူး၊ အဆင်မပြေမူတွေကကြုံမှာပဲလေ#photo Crd ...
အလုပ်စလုပ်ပီဆိုတဲ့က ကိုယ့်ဘဝကို ရပ်တည်နိုင်ဖို့ ကြိုးစားနေတာပဲ ... ကိုယ့်အိမ်မက်တွေ အကောင်ထည်ဖော်နေတာပဲ ...
ကြိုးစားနေသ၍ မဖြစ်လာဖူးဆိုတာမရှိ
ဘဝဆိုတာ လွယ်ကူတယ်ဆိုတာ ရှိလို့လား? မရှိပါဖူးဗျာ ...
ခက်ခဲစွာ ရတဲ့အရာမှ တန်ဖိုးရှိတာလေ
တန်ဖိုးရှိတဲ့သူဖြစ်ဖို့ ခက်ခဲတဲ့လမ်းကြောင်းတော့လျောက်ရမှာပဲ 😉
အရာအားလုံး ကိုလုပ်ဆောင်နိုင်တဲ့ သင်ရှိနေသ၍
ဘယ် စိတ်ဓာတ် ကိုကျနေအုံးမှာလဲ💪
MSC No. 141