ကိုယ်ချစ်ရသော သူလေးမှ
ပြန်ချစ်ပါစေကြောင်း ဆုမတောင်းလို
သူ ကိုယ့်ကိုမုန်းသွားခဲ့ရင်သာ
ခံနိုင်ရည် ရှိရပါလို၏။
နှစ်ကိုယ်သစ္စာတိုင်တည်ပြီး
ရိုးမြေကျ ပေါင်းရပါစေကြောင်း
ဆု မတောင်းလို
ချစ်ခွင့်ရနေရုံလေးဖြင့် ကျေနပ်ပါ၏။
သူမရဲ့ အချစ်ကို
မမျှော်ကိုးလို
ကိုယ်ချစ်ဖြင့်သာ တင်းတိမ်ပါ၏။
နှောင်တွယ်သော အချစ်များဖြင့်
ချစ်ရသူကို သိမ်းပိုက်မထားလိုပါ
လွတ်လွတ်စွာ ပျံသန်းနေလိုက်ပါ ချစ်သူ
ကိုယ်ချစ်တာလေး မင်းသိနေရင်
ကျေနပ်နေပါပြီ။