Steemit Myanmar မှညီအကို မောင်နှမ သူငယ်ချင်းများအားလုံး မင်္ဂလာပါခင်ဗျာ။ ဒီကနေ့ဟာဆိုရင်ဖြင့် မဟာသင်္ကြန်အတက်နေ့ဖြစ်သလို ကျွန်တော်တတ်နိုင်တဲ့ ပမာဏလေးနှင့် steemit အသုံးပြုသူ မြန်မာများကို post promotion ပေးမဲ့ တတိယမြောက် နေ့လေးလည်း ဖြစ်ပါတယ်။
Credit image source
သင်္ကြန် အခါသမယနှင့် တိုက်ဆိုင်နေ၍ သင်္ကြန်အလည်ထွက်နေကြ၍ post မရေးဖြစ်ကြသလား မသိပါ။ မနေ့က ကျွန်တော့် post အောက်မှာ လာမန့်တဲ့သူ ဦးရေဟာ ဆိုဖြင့် နည်းပါးပါတယ်။ မနေ့က promotion ပေးထားပြီးသောlink များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
Credit image source
https://steemit.com/myanmar/@eieikhing/th-k-n-aundefinedn-akhaamwt-tyaundefined-1-a74beeb71e552
https://steemit.com/myanmar/@myintlwinsoe/aippayngepsa
https://steemit.com/myanmar/@htwegyi/th-k-naet-amwttya-40c5fd48de5fc
https://steemit.com/myanmr/@myothuzar/yapi-kyethyaetha-mithasundefinedl-1ade9d3c18b66
https://steemit.com/myanmar/@phyowaiaung/thuatyk-sao-ayametm
ကျွန်တော် post promotion ပေးခြင်းသည် 25% ဖြင့် ပေး၍ 0.02sbd သာတက်သော်လည်း ကျွန်တော်တို့ steemit တွင်စတင်စဉ်ကာလက ဘဲဥပင် မကွဲခဲ့သော အချိန်များလည်းရှိပေသည်။ ကိုယ်ပိုင်အရေးအသားဖြင့် ရေးသားသူများကို ကျွန်တော်တတ်နိုင်သည့် နည်းလမ်းဖြင့် အခမဲ့ ကူညီခြင်းသာဖြစ်ပါသည်။ ယခုအခါတွင် ကျွန်တော်၏ steemit တွင်စာရေးဖော်ရေးဖက် သူငယ်ချင်းများမှလည်း ဘုံအကောင့်တစ်ခုဖွင့်လစ်ထားကာ ယခုကဲ့သို့ promotion ပေးရန် စီစဉ်နေပါသည်။ ထိုနေရာမှလည်း ပမာဏ အနည်းငယ်ဖြင့် post promotion ရယူနိုင်တော့မည်ဖြစ်ပေရာ လွန်စွာ ဝမ်းမြောက်ဖွယ်ကောင်းသော သီတင်းဖြစ်ပါသည်။
Credit image source
ထို့ကြောင့် post link လာမန့်ထားသူများအနေဖြင့် ကျွန်တော့်ထံမှ 0.02 sbd အပြင် နောက်ထပ်လည်း ရရန် ရှိပါပေသည်။ ဒီကနေ့အတွက် post promotion အစီစဉ်မှာလည်း ကိုယ်ပိုင်ဖန်တီးထားသော ရသ သုတ စာပေများဖြင့် မြန်မာစာပေရေသားသူ မည်သူမဆို promotion အစီစဉ်မှာ ပါဝင်နိုင်ပါတယ်။ အနည်းဆုံးတော့ လာမန့်ထားသူက 0.02 sbd ရရှိမှာ ဖြစ်ပါတယ်။
အနည်းငယ်သော ပမာဏဖြင့် promotion ရယူလိုသူများအနေဖြင့် အောက်ပါစဉ်းကမ်းများကိုတော့ လိုက်နာရမှာဖြစ်ပါတယ်။
Credit image source
( ၁ ) မြန်မာလို ကိုယ်ပိုင်ရေးသားထားသော စာပေဆောင်းပါးသာ ဖြစ်ရပါမယ်။ copy-paste ပြုလုပ်ထားသူများကို ပေးမည်မဟုတ်ပါ။ ( copy-paste ရေးသားသူများကို steemit အသိုင်းအဝိုင်းက မည်သို့သဘောထားသနည်းဟုသိလိုသော် ကျွန်တော့်မိတ်ဆွေ ရေးသားထားသောဆောင်းပါးကို ဒီမှာနှိပ်ပြီး ဖတ်ရှုလေ့လာနိုင်ပါတယ်။ )
( ၂ ) စာလုံးရေ အနည်းဆုံး 200 ခန့်ပါဝင်ရမှာ ဖြစ်ပါတယ်။
( ၃ ) မိမိရေးသားသော စာပေနှင့် လိုက်ဖက်သော tag စကားလုံးများကို ရွေးချယ်ထည့်ပေးရမှာ ဖြစ်ပါတယ်။
( tag အသုံးပြုနည်း မသိသေးပါက ရေးသားလမ်းညွှန်ထားသော ဆောင်းပါးကို ဒီမှာနှိပ် ပြီးလေ့လာနိုင်သလို ကျွန်တော်ရေးသားလမ်းညွှန်ထားမှုကိုလည်း ဒီမှာ လေ့လာနိုင်ပါတယ်။ )
( ၄ ) မိမိရေးသားထားသော စာပေနှင့် လိုက်ဖက်သင့်တော်မည့် ပုံများကိုအသုံးပြုရာတွင် ကိုယ်တိုင်ရိုက်ထားသော ပုံများဖြစ်စေ facebook google အစရှိသည်တို့မှ ပုံများကို ဖြစ်စေ credit မှန်ကန်စွာ ပေး၍ အသုံးပြုရပါမည်။
( ပုံများကို credit ပေးနည်းမသိသေးပါက ရေးသားထားသောဆောင်းပါးကို ဒီမှာ လေ့လာနိုင်ပါတယ် )
အထက်ပါ စည်းကမ်းများနဲ့ကိုက်ညီသူ မည်သူ မဆို ယခု post အောက်တွင် မိမိရဲ့ post link များကို comment ရေး၍ ယနေ့အတွက် post promotion ရယူနိုင်ပါတယ်။
Credit image sourse
#ယခု post အောက်တွင်မနက်ဖြန် နေ့လည် 12:00 အချိန်ထိ post link များကွန်မန့်လာပေးထားနိုင်ပြီး နောက်ရက်တွင် ကိုယ်တိုင် pro ယူရမဲ့ရက်ဖြစ်သောကြောင့် နှစ်ရက် နားမည်ဖြစ်ပါသည်။
MSC : 014