အချစ်နဲ့ပတ်သက်ရင်
နပိုလီယံဆိုတဲ့စစ်ဘုရင်
ငါ့ကိုဘယ်မှီနိုင်မလဲ
မြို့တွေရွာတွေ
တမြို့ပြီး တမြို့သိမ်းပိုက်နိုင်ခဲ့ပေမဲ့
သူ့ ချစ်သူ ဂျိုးဇက်ဖင်းဆီတော့
နပိုလီယံဟာ ကျဆုံးခဲ့တယ်မှုတ်လား ...။
ငါကတော့
ငါ့ချစ်သူလေးလက်ထဲ
ငါ့အသက်ကိုတောင်
ဝကွက်အပ်ထားတဲ့ကောင်
အကုန်လုံး ပုံပေးထားတဲ့ကောင်
ဘယ်သူလာယှဉ်မလဲ။
ညည အိပ်လို့ မပျော်ဘူးကွယ်
အိပ်ခန်း ခန်းစည်းလေးကို လေတိုးတိုင်း
မင်းအပြုံး အရမ်းပဲမွှေးလာ
ကောင်းကင်ကို မော့ကြည့်တော့
မင်းအပြုံးတွေ
ကောင်းကင်အပြည့်
စိုးမိုးလို့ နေရာယူထားတယ်။
မင်းလေးကြောင့်
သည်ကောင် ရင်ခုန် မိုးလုံးပြည့်
ငါ့ချစ်စိတ်တွေ လွှင့်ပစ်မရတော့ဘူး
သွားဆရာဝန်
မနာမကျင်
ကျွမ်းကျွမ်းကျင်ကျင် သွားနှုတ်ပုံမျိုး
သွားတပြုံလုံး ကုန်သွားပေမယ့်
ငါ့မှာ
သွားတွေရှိသလို အားကုန်ပြုံးမိ
ပစ်ရက်စရာ မရှိအောင်ပဲ
ငါ့အဖြစ်ကဆိုး
ချစ်တယ်ကွယ် ...။