လိုရင်တစ်မျိုး မလိုရင်တစ်မျိုးနဲ့
နတ်ပြည်ရောက်တော့မလိုလို
ချီးကျူးကြသူတွေ
အများရဲ့တံတွေးခွက်မှာ
ပက်လက်ပဲ မျောရတော့မလိုလို
ရှုံ့ချ ကဲ့ရဲ့တတ်သူတွေကြားထဲမှာ
ငါ အသက်ရှူ ခဲ့ဖူးတယ်။
အကြံပေးတာလိုလို
ကောင်းစားစေချင်တာလိုလို
ဝေဖန်တာလိုလို
တိုက်ခိုက်တာလိုလိုနဲ့
မနာလို မရှုစိမ့်နိုင်သူတွေကြားထဲမှာလည်း
ကိုယ့်ထမင်းကို စားရင်း
ကြီးပြင်းလာခဲ့ရတယ်။
လောကကြီးက ဆန်းကြယ်သလို
ကိုယ့်အသိနဲ့ ဘာသာမပြန်နိုင်သေးတဲ့
ဘာသာရပ်တွေ များစွာရှိနေပါသေးတယ်လေ
တကယ်ဆိုရင် ငါသိတဲ့အသိက
အချိုဆုံးက ထန်းလျက်ဆိုတာလောက်ပဲ
သိသေးတယ်။
source
Author>>>