မုန်းတယ်ပြောပြီး
လမ်းခွဲခဲ့တာမဟုတ်ပေမဲ့
ချစ်တယ်လို့ ပြောခဲ့တဲ့
ဟိုအရင်အနေအထားတော့
မဟုတ်တော့ပါဘူးလေ။
ကျောခိုင်းပြီလို့
မကြေငြာခဲ့ပေမဲ့
ရွှေ့လျားမှုတွေက
သာ၍ဝေးရာဆီကိုပါ။
တစ်ဦးနဲ့တစ်ဦး
အဆုံးသတ်လမ်းခွဲစကား
မပြောဖြစ်ခဲ့ကြပေမဲ့
ပြန်နီးစပ်ဖို့ဆိုတာ
ဒီတစ်သက် ပြန်မဖြစ်နိုင်တော့ပါဘူး။
ပြီးပါပြီလို့
စာတန်းမထိုးခဲ့ပေမဲ့
ဒီဇာတ်လမ်းက
ဆက်၍မရအောင်
တကယ်ပြီးဆုံးသွားလေပြီ။
source