အချိန်တွေကိုသာ
စီမံခန့်ခွဲနိုင်ခွင့် ရှိမယ်ဆိုရင်
အတိတ်ကို ခဏပြန်သွားချင်မိရဲ့။
ဒါမှမဟုတ်
နောက်တစ်ကြိမ်ဆိုတဲ့
အခွင့်ရေးလေးတစ်ခု
ရနိုင်ရင်လည်း ကောင်းတာပဲ။
သို့ပါသော်လည်း
အစားထိုးမရနိုင်တဲ့
အခြေနေ အချိန်ခါတွေကြောင့်
ဟိုးးးး တစ်ချိန်က
ကြည်နူးချမ်းမြေ့ဖွယ်
အမှတ်တရများကိုသာ
ပြန်လည်အောက်မေ့ မိရင်း
ဆောင်းနှင်းတွေ ဝေတဲ့
မနက်ခင်းတွေမှာ
တိတ်ဆိတ်မှုကို အဖော်ပြုလို့
တစ်ချိန်က ကြားခဲ့ဖူးတဲ့
ခြေသံတွေကိုသာ
ပြန်ကြားရလေမလား လို့
မယုံရဲတဲ့စိတ်ဖြင့်
မျှော်လင့်နေမိတယ်။