မင်္ဂလာပါ
- 2018
ယနေ့ သမ္မတကြီး ဦးဝင်းမြင့် အမိန့်နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူများ စာရင်းမှာ အစုလိုက်
အပြုံလိုက် လွှတ်ပေးတဲ့ စာရင်းက ထူးခြားတယ်
AAPP စာရင်းဝင် နိုင်ကျဉ်း ၃၆ ယောက်ကတော့
မျှော်လင့်ပြီးသားဖြစ်လို့ မထူးခြားပါဘူး
တကယ်ထူးခြားတာတွေက
အသက် ၇၅ နှစ် ကနေ ၈၀ အထက်
စုစုပေါင်း ၅၆ ဦးလွှတ်ပေးလိုက်တယ်
နောက်ဲပြီး ကျန်းမာရေးမကောင်းသူ ၁၄ ဦး ပါတယ်
သူတို့အားလုံးဟာ လူ့ဘဝရဲ့ နောက်ဆုံးအချိန်တွေကို
ထောင်ထဲမှာ ကုန်ဆုံးရတော့မှာကို မမြင်ရက်တဲ့
သမ္မတကြီးရဲ့ စေတနာ မေတ္တာကို တွေ့လိုက်ရတယ်
နောက်ထပ် အစုလိုက်အပြုံလိုက်
လွှတ်ပေးလိုက်သူတွေ ထဲမှာ
မူးယစ်ပုဒ်မ (၁၅) ဖြင့် ပြစ်ဒဏ်ကျ - ၁၄၆၂ ဦး
မူးယစ်ပုဒ်မ ၁၆(ဂ)ဖြင့် ပြစ်ဒဏ်ကျ - ၃၂၂၀ ဦး
(ပြစ်ဒဏ်ကျခံရန်ကျန် ၃ နှစ်နှင့်အောက်)
မူးယစ်ပုဒ်မ ၁၅/၁၆(ဂ)ဖြင့် ပြစ်ဒဏ်ကျ ၁၆၈၀ ဦး
(ပြစ်ဒဏ်ကျခံရန်ကျန် ၃ နှစ်နှင့်အောက်)က ၁၈၈၀ ဦး
ပါတာ သတိထားမိတယ်
ပုဒ်မ ၁၅ က သုံးစွဲမှု
ပုဒ်မ ၁၆(ဂ) ကတော့ သုံးစွဲရန်အလို့ငှာ
လက်ဝယ်ထားရှိမှု။ သုံးဂရမ်ထက်မပိုတဲ့ သုံးစွဲသူအဆင့်တွေပါ။ သူတို့ကို စိတ်သစ်လူသစ်နဲ့
နိုင်ငံသစ် ပြန်လည်တည်ဆောက်ရာမှာ ပါဝင်ကူညီစေဖို့
လူသားအရင်းအမြစ်တွေ အလဟဿ မဖြစ်စေချင်တဲ့
တိုင်းပြည်အပေါ်မှာရော သူတို့မိသားစုတွေအပေါ်မှာပါ
ထားတဲ့ သမ္မတကြီးရဲ့ စေတနာ မေတ္တာပါပဲ
အကြီးစား ရောင်းဝယ်ဖောက်ကားသူတွေ
မုဒိန်းမှု ၊ လူသတ်မှု၊ ခိုးမှုတွေ မလွတ်တာ ထူးခြားပါတယ်
ဒီ့ထက်ပိုထူးခြားတာက တပ်မတော်အက်ဖြင့် ပြစ်ဒဏ်ကျ ခံနေရသူ ၁၈၃၅ ဦး၊ ရဲစည်းကမ်းထိန်းသိမ်းရေး ပြစ်ဒဏ်ကျ ၁၄၁ ဦး လွတ်ငြိမ်းချမ်းသာမှာ ပါလာတာပဲ
တပ်မတော်အက်နဲ့ အရေးယူခံထားရသူ အများစုက
တပ်မှာ မပျော်တော့လို့ ထွက်ပြေးလို့ ဖမ်းဆီးထောင်ချခံရတဲ့ ရာထူးအဆင့်ဆင့်က တပ်ပြေးတွေ
သူတို့ချင်း မပြေလည်မှ သစ္စာဖောက်လို့ အမည်တပ်ပြီး
သေဒဏ်ချခဲ့သူတွေ ဇတ်တူသားခြင်း အစားခံရသူတွေ
အများအပြား ပါလာတာပဲ။ ခုတော့ သူတို့တွေ
တပ်ထဲပြန်စရာမလို၊ အပြစ်ခံစရာမလိုတော့ပဲ အပြင်လောကမှာ လွတ်လပ်စွာ နေနိုင်ကြပြီ ဖြစ်ပါတယ်
ရဲတပ်ဖွဲ့ဝင်တွေလည်း ထိုနည်းလည်းကောင်းပါပဲ
ဒါကြောင့် ယနေ့ သမ္မတအမိန့်နဲ့ ပြန်လွတ်လာသူ
၈ ထောင်ကျော်မှာ လွတ်သင့် လွှတ်ထိုက်သူတွေ သာ
ရွေးချယ် စီစစ်ပြီး လွှတ်လိုက်တာတွေ့ရသလို
တိုင်းပြည်ပြန်လည်ထူထောင်ရေးနဲ့ ပြည်သူအပေါ်မှာ
ထားတဲ့ သမ္မတကြီးရဲ့ စိတ်စေတနာကို မြင်တွေ့နိုင်ပါလိမ့်မယ် ...
ယနေ့ ပြန်လည်လွတ်မြောက်လာသူများ
သမ္မတကြီးရဲ့ ဆန္ဒအတိုင်း တိုင်းပြည်အတွက်
တစ်ထောင့်တစ်နေရာက ပါဝင်အကျိုးပြုနိုင်ကြပါစေ ...