ခင်ဗျားတို့ကပြောတယ်.....
ရဲတွေညံ့တယ်...ဒီအမှုမှာ မဖြစ်နိုင်မှန်းသိသိနဲ့ အမှုဖွင့်ပေးတယ် သီဟတင်စိုးကို ဖမ်းဆီးတယ်...တဲ့
ခင်ဗျားတို့သိထားဖို့က ဥပဒေဆိုတာရှိတယ်...လုပ်ထုံးလုပ်နည်းဆိုတာရှိတယ်.....
လူတစ်ယောက်က သူမတရားခံရပါတယ် သူနစ်နာပါတယ်လို့ လာတိုင်ရင် ရဲစခန်းကအမှုဖွင့်ပေးရမှာပဲ (မဖြစ်မနေ) ပြီးရင် တရားခံဖမ်းရမှာပဲ (မဖြစ်မနေ) ပြီးရင် အခင်းဖြစ်စစ်မယ် ပြီးရင် သက်သေတွေစစ်မယ် ပြီးရင် ဥပဒေအကြံတောင်းတင်ရမယ်....ဥပဒေအရာရှိက ပြန်ပေးအကြံပြုချက်အတိုင်း တရားစွဲတင်ရမယ်...ရဲတပ်ဖွဲ့က အဲဒိ အမှုအပေါ် စီရင်ဆုံးဖြတ်လို့မရဘူး....စစ်ဆေးတွေ့ရှိချက်ကိုသာ ဥပဒေရုံးနဲ့ တရားရုံးကို တင်ပြပေးတာပဲရှိတယ်.....
ဒါ ရဲတပ်ဖွဲ့ရဲ့ လုပ်ပိုင်ခွင့်ပဲ အမှန်တိုင်းပြောရရင် ရဲတပ်ဖွဲ့က ပြည်သူကိုမစောင့်ရှောက်နိုင်ဘူး မကာကွယ်နိုင်ဘူး ဆိုတာအမှန်ပဲ.......ဘာကြောင့်လဲ....သိလား....?
၁။ ရဲတပ်ဖွဲ့မှာ သက်သေမပါရင် တရားခံဖမ်းခွင့်မရှိဘူး...(ဘယ်နိုင်ငံမှာမှ မရှိတဲ့ဥပဒေ)
၂။ ရဲတပ်ဖွဲ့မှာ အမှုဖွင့်လှစ်မထားပဲ လူတစ်ယောက်ကို နောက်ယောင်ခံလိုက်ခွင့်မရှိဘူး စုံစမ်းထောက်လှမ်းခွင့်မရှိဘူး (အဲဒိဥပဒေလဲ ဘယ်နိုင်ငံမှာမှ မရှိဘူး)
၃။ အမှုတစ်မှုကို ဥပဒေအကြံပြုချက်မပါပဲ ဘယ်လောက်မှန်နေပါစေ တရားစွဲခွင့်မရှိဘူး...(အဲဒါလဲ ဘယ်နိုင်ငံမှာမှ မရှိတဲ့လုပ်ထုံးလုပ်နည်း)
၎။ ရဲလုပ်ငန်းဘယ်လောက်မှန်အောင်လုပ်လုပ် တရားခံဖက်ကဖြစ်ဖြစ် တရားလိုဖက်ကဖြစ်ဖြစ် အထင်လွဲပြီးတိုင်ရင် ရဲကအရေးယူခံရတယ်....(အဲဒီ ရဲစည်းကမ်းဥပဒေကလဲ ဘယ်နိုင်ငံမှာမှ မရှိဘူး)
ဒီတော့....ရဲတပ်ဖွဲ့က ရုပ်တည်နဲ့သာ ယူနီဖောင်းဝတ်ပြီး ခင်ဗျားတို့ရှေ့ မှာ ရပ်နေရတာ သူတို့ကိုယ်တိုင်တောင် ဥပဒေနဲ့အညီ ဘာအကာအကွယ်မှ မရှိဘူး မခံစားရဘူး....ဘာလုပ်ပိုင်ခွင့်မှလဲမရှိဘူး....
ရဲတပ်ဖွဲ့ရဲ့. လုပ်ပိုင်ခွင့်မှန်သမျှကို အစိုးရအဆက်ဆက်က ဖျက်ဆီးရိုက်ချိုးခဲ့ပြီးသား...
ဘာနဲ့အလားသဏ္ဍန်တူလဲဆိုတော့...လူတစ်ယောက်ကို...ခြေတွေလက်တွေကြိုးတုပ်ပြီး ရေကူးပြိုင်ခိုင်းသလိုဖြစ်နေတယ်....
ဒါကိုမှ အသုံးမကျဘူး လို့ဝေဖန်ချင်ရင်လဲ ကြိုက်သလိုသာပြောကြ.....ခင်ဗျားတို့ ကျုပ်တို့ပြည်သူတွေရဲ့ ရှေ့ မှာ ရဲတပ်ဖွဲ့ကိုမားမားမတ်မတ်ရှိနေစေချင်ရင်....
ရဲတပ်ဖွဲ့ကို ကြိုးဖြည်ပေးလိုက်ပါ....
ဥပဒေအထက်မှာရှိနေတဲ့ ညွှန်ကြားချက်တွေကို ပြည်သူ့အား ပြည်သူ့ကိုယ်စား ရပ်တည်နေတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့လွှတ်တော်ကြီးကနေ ဖျက်သိမ်းပစ်လို့ရတယ်.....လုပ်ပေးကြပါ
ခင်ဗျားတို့ ကျုပ်တို့ပြည်သူတွေရဲ့ လိုလားချက်တွေ လိုအပ်ချက်တွေ ကိုကျုပ်တို့ကိုယ်စား လွှတ်တော်ထဲရောက်နေတဲ့ ကျုပ်တို့ကိုယ်စားလှယ်ကြီးတွေကသာ ဖြည့်ဆည်းပေးနိုင်တယ်...
ခေတ်အဆက်ဆက် အတောင်တွေရိုက်ချိုးခံထားရတဲ့ ရဲတပ်ဖွဲ့ကို ခင်ဗျားထိုင်ဆဲနေလဲ ရင်ကွဲနာကျပြီးသေသာသွားမယ်....သူတို့ကိုယ်တိုင်တောင် ဥပဒေရဲ့ အကာအကွယ်ကို မခံစားရသလို ဘာမှလဲလုပ်ပေးနိုင်မှာ မဟုတ်ဘူး....သဘောပေါက်လား....။
.
.
.
ပြည်သူထဲကပြည်သူ
မြတ်သူဟိန်း