♡ချစ်သူရေ....နင်သိရဲ့လား....
မျှော်လင့်ခြင်း လောင်စာတွေနဲ့ မပီပြင်တဲ့ဝိုးတဝါး
စိတ်ကူးယဉ် အနာဂါတ်ကိုပုံဖော် ဆေးရောင်တွေ
ခြယ်လို့ ရူးသွပ်နေတဲ့ ငါ လေ...တိုးတိတ်တဲ့ ရင်
ခုန်သံတွေနဲ့. မင်းနာမည်လေးကို တိတ်တခိုးရေ
ရွတ်နေခဲ့မိတာ...ခါးသက်သက် အလွမ်းတွေကိုအ
ဖော်ပြုပြီး အိပ်ပျက်ညတွေနဲ့ နပန်းလုံးခဲ့ရပေါင်း
လည်းများလှပါပြီ...ချစ်ရသူရယ် တစ်ဖက်သက်ဆို
တဲ့အချစ် ကိုအပြစ်မြင်သူ ခပ်များများမို့ တိတ်တခိုး
လေးငါဟာ ကျိတ်ပိုးလေးဘဝနဲ့ မင်းကိုစောင့်မျှော်
နေသူပါ...ဒါပင်မဲ့ကွာ...သူငယ်ချင်းလေး မင်းရဲ့
မျက်ဝန်းတွေက ငါ့ကို စိုးရွံ့စေတယ်...ခိုင်မာတဲ့
သံယောဇဉ် တွေနဲ့ နှောင်ဖွဲ့ခဲ့တဲ့ ငါ့ရဲ့ချစ်ခြင်းတွေ
ဟာအဖြူထည် သက်သက်ပါ...ကာရန်မညီတော့
တဲ့ ငါ့ရဲ့ရင်ခုန်သံတွေဟာလည်း မင်းရဲ့အေးစက်
စက်မျက်ဝန်း အောက်မှာကျရှူံး ရတာအခါခါပါပဲ..။
ကောင်းကင်ပြာပြာ အောက်ကငါတို့ရဲ့ တွေဆုံခြင်း
ဟာအလွမ်းနေ့စွဲတွေ ရေးဖွဲ့ဖို့များ ဖြစ်လာတာ
လားနော်...သူငယ်ချင်း ဆိုတဲ့ဝေါဟာရရဲ့ နောက်
ကွယ်မှာ နာကျင်နေရတဲ့ နှလုံးသားလေးကတော့
ဟန်ဆောင်ပြုံးတွေနဲ့သရုပ်ဆောင်လို့ကောင်းတုန်း
ပါပဲ...နင်ကတော့ ငါ့အချစ်တွေကို စိမ်းကားစွာရိုး
သားပြနေခဲ့တယ်...ရက်စက်တယ်လို့လည်း မစွပ်
စွဲချင်ပါဘူး...ချစ်သူနင်နဲ့ ပတ်သက်လို့ ရရှိမဲ့ဘယ်
လိုခံစားမူမျိုးမဆို ငါက မက်မောတွယ်တာနေဆဲပါ
ဒါပင်မဲ့...နေပါစေတော့ ချစ်သူရယ် ဒီထက်လည်း
ပိုလို့ မမျှော်လင့်တော့ပါဘူး...နင်မသိတဲ့ တစ်ဖက်
သက် အချစ်တွေနဲ့ နင့်ကို တိတ်တိတ်လေးလွမ်း
နေခွင့်ကိုပဲ ငါ တောင်းတမိပါတယ်...။
ပွင့်လင်းစွာ မချစ်ရဲခဲ့လို့ လူမသိ အပူမိနေတဲ့ ဘဝ
ထဲမှာ အလွမ်းမိုး စဲနေရသူ ငါ့အဖို့အလွမ်းတွေဟာ
လည်းချိုမြိန် တက်လာပါပြီ...ဖွင့်ဟလို့လည်းပြော
ခွင့်မရှိ...ချစ်ရသူ ကလည်းချစ်ခွင့် မရှိတော့ ငါ့ အ
ချစ်တွေဟာ နှလုံးသား ထိန်းချုပ်ခန်းထဲက ယိုစီး
ကျလားတဲ့ မျက်ရည် စတွေနဲ့ အတူရှင်သန်နေဦး
မှာပါ ချစ်သူရယ်....။♡♡♡♡♡♡♡♡
♡နှလုံးသား ထိန်းချုပ်ခန်းထဲက
ယိုစီးကျလာတဲ့ မျက်ရည်
သွေးစိမ်း ရှင်ရှင်နဲ့ ဗြောင်းဆန်လို့
ပစ္စပ္ပန်ရဲ့ အနာဂါတ်မှာ
သတိရခြင်းတွေ စားသုံးပြီး
အလွမ်းတွေနဲ့ပဲ
ခဝါ ချလိုက်တော့မယ်...ချစ်သူ...♡♡♡
#credit Google image