လောကကြီးမှာ သတ္တဝါတိုင်း ပတ်ဝန်းကျင် အပေါင်းအဖော်တွေဆိုတာ မရှိမဖြစ် လိုအပ်ပါတယ်။
အဲဒီ အပေါင်းအဖော်တွေကို ငယ်ငယ်ကထဲက ပေါင်းသင်းလာရင် ငယ်ပေါင်း တနည်းအားဖြင့် ငယ်သူငယ်ချင်းလို့ ခေါ်ကြပါတယ်။
ငယ်သူငယ်ချင်း ဟုတ်လား။
အဲဒါဆို ကြီးလာမှ ပေါင်းလာတော့ ကြီးသူငယ်ချင်းလား။
အဲဒါလည်းမဟုတ်သေးပြန်ဘူး။
ဒါဆို သူငယ်ချင်းဆိုတာ ဘာပါလိမ့်။
Credit-https://humans.media/a-letter-to-my-best-friend-1
သူငယ်ချင်းဆိုတာ တကယ်တမ်းကျတော့ ဝေါဟာရအရဆိုရင် သူတယောက် အားငယ်နေတဲ့အချိန် ကိုယ်ချင်းစာနှိမ့်သိမ့်ပေးတာကို ဆိုလိုပါတယ်။
တချို့က သူငယ်ချင်းတွေ အများကြီးရှိတယ်။
တချို့ကျတော့ နည်းနည်းဘဲရှိတယ်။
ဘာလိုဘဲဖြစ်နေပါစေ သူငယ်ချင်းက သူငယ်ချင်းပါပဲ။
အဲဒီတွေထဲမှာ တော်တော်များများက သူငယ်ချင်းဆိုတာ ဖြစ်အောင်လုပ်ရင် ဖြစ်ပါတယ်လို့ ထင်နေကြတယ်။
တကယ်တော့ အဲဒါက မှားယွင်းတဲ့အယူအဆ ဖြစ်ပါတယ်။အဲဒါတွေကြောင့်ဘဲ တယောက်နဲ့တယောက် မလိုလားတဲ့ မာန်မာနတွေ အာဃာတတွေနဲ့ နောက်ဆုံး အမုန်းပွားဖြစ်နေကြတယ်။
ဘာကြောင့် တယောက်နဲ့တယောက် သူငယ်ချင်းဖြစ်ပြီးမှ ဒီလိုတွေ ဖြစ်ရတာလဲ။
Credit-amp/s/www.rd.com/health/wellness/friendship-problems/amp/?source=images
အဲလိုမျိုးသူငယ်ချင်းတွေ ဖြစ်ပြီး တယောက်နဲ့တယောက် ကျော်တက်ဖို့ဘဲ စိတ်တွေးနေကတည်းက သူငယ်ချင်းဆိုတဲ့ ဝေါဟာရကို သူတို့ နားမလည်ဘူးဆိုတာ သိသာနေပြီ။
အောင်မြင်တဲ့သူတွေအများစုမှာ သူငယ်ချင်းအနည်းငယ်သာရှိကြတယ်။
အဲဒါဘာကြောင့်လဲဆိုတော့ သူတို့က သူငယ်ချင်းဆိုတဲ့ ဝေါဟာရကို နားလည်ကြတယ်။
လူမူရေးအရ စီးပွားရေးအရ ပညာရေးအရ ပေါင်းသင်းဆက်ဆံကြရမှာဘဲ။ ဒါပေမဲ့ သူနည်းသူ့ဟန်နဲ့ ပေါင်းသင်းကြရမှာဘဲ။တချို့က စိတ်ပေါင်းကိုယ်ခွာ တချို့ကို ကိုယ်ပေါင်းစိတ်ခွာ အမျိုးမျိုးပေါ့။
ဒါပေမဲ့ အဲဒီသူငယ်ချင်းတွေက ကိုယ့်ရဲ့ သူငယ်ချင်းတွေမှမဟုတ်တာ။တခဏလးတွေ့ကြရမယ့်သူတွေပါ။ကိုယ့်အကျိုးကို လိုလားတဲ့သူငယ်ချင်းတွေနဲ့ပေါင်းရသလို မလိုလားတဲ့သူငယ်ချင်းတွေလည်း ပေါင်းရမှာဘဲ။
ငယ်ကတည်းကပေါင်းလာတာဘဲဖြစ်ဖြစ် ကြီးမှပေါင်းတဲ့သူငယ်ချင်းဘဲဖြစ်ဖြစ် ကိုယ်ဘက်က ကောင်းပေးရင် သူဘက်က ပြန်ကောင်းလာမှာပါ။
တယောက်နဲ့တယောက်နားလည်တဲ့ သူငယ်ချင်းဘယ်လောက်နည်းနေပါစေ။ရှိတဲ့သူငယ်ချင်းတွေကို အလေးအနက်ထားပါ။
သူငယ်ချင်းဆိုတဲ့အကြောင်းကို တင်ပြထားတာပါ။ လိုအပ်ချက်ရှိရင် နားလည်ပေးပါ။
ပြီးတော့ သူငယ်ချင်းကောင်းအကြောင်းမဟုတ်တဲ့အတွက် တချို့နေရာလေးတွေ နားမလည်ဖြစ်နိုင်ပါတယ်။