(၄)ဂဏန်းဟာ အခြေခံကျကျစီးပွားရေးစနစ်
တည်ဆောက်နိုင်ခြင်း၊ ကိုယ့်ကိုယ်ကိုသာ အားကိုးအောင်မြင်ခြင်းနဲ့
ငွေရေးကြေးရေးအဆင်ပြေမှုနဲ့ပတ်သတ်တဲ့ကိစ္စများကို ကိုယ်စားပြု
တယ်လို့မှော်ပညာရှင်များက လက်ခံထားကြပြီး ငွေရေးကြေးရေး
အစီအရင်အတော်များများကို (၄)ဂဏန်းနဲ့ စီရင်ခဲ့ကြပါတယ်။
အခုအစီအရင်ကလည်း နံပါတ်(၄)နဲ့သက်ဆိုင်တဲ့အစီအရင်
တစ်ခုဖြစ်ပြီး စမ်းကြည့်ရာမှာငွေရေးကြေးရေးကိစ္စအတော်များများမှာ
အဆင်ပြေတာကိုတွေ့ရပါတယ်။
ဒီနည်းလမ်းကို လုပ်ငန်းတစ်ခုအစပြုလုပ်ကိုင်နေသူများ၊
ငွေကြေးအလွန်လိုအပ်နေသူများ စသောသူများအတွက်အဓိက
သင့်တော်ပြီးတော့ အစီအရင်လုပ်မယ်ဆိုရင်တော့ ပထမဆုံးအနေနဲ့
မိမိကိုယ်နဲ့ အတူအမြဲတမ်းဆောင်သွားတဲ့ပစ္စည်း (ဥပမာ - နာရီ၊
လက်ကောက်၊ ဆွဲကြိုး စသဖြင့်) ကိုယူပါမယ်။ ပြီးနောက်မှာတော့
အဲ့ဒီပစ္စည်းကို လက်ကိုင်ပဝါနဲ့ထုပ်လိုက်ပြီး တကယ့်ကို
သဘာဝတရားတွေချည်းရှိရာနေရာ သဘာဝရေကန်၊ သစ်ပင်များ၊
ပန်းပင်များရှိရာနေရာကိုသွားလိုက်ပြီးမြေသားနေရာတစ်နေရာကို
အနည်းငယ်နက်အောင်တူးလိုက်ပါ။ အဓိကကတော့
သဘာဝမြေသားဖြစ်နေဖို့လိုပါတယ်။ တူးလိုက်လို့ ကျင်းသေးသေးလေး
ရပြီဆိုရင်တော့ လက်ကိုင်ပဝါနဲ့ထုပ်ထားတဲ့ပစ္စည်းလေးကို
ထည့်ပြီး မြေပြန်ဖို့လိုက်ပါ။ ဘာဂါထာမန္တန်မှ ရွတ်ဖတ်နေစရာ
မလိုပါဘူး။
မြေမြှုပ်ပြီးနောက်မှာ အဲ့ဒီနေရာကို ပြန်လှည့်မကြည့်ဘဲ
ပြန်လာခဲ့ပါ။
ပစ္စည်းကိုတော့ လေးရက် (ဒါမှမဟုတ်) လေးလ စသဖြင့်
လေးဂဏန်းဆိုင်ရာကြာချိန်တစ်ခုမှာ ပြန်လည်လာရောက်ကာ
တူးဖော်ပါ။
( လေးနာရီအတွင်း ပြန်လည်တူးဖော်ခြင်းအတွက်
အစီအရင်အစွမ်းမထက်ပါ)
လာတူးဖော်ပြီး ကိုယ့်ဆီမှာ ပြန်အသုံးပြု ပြန်ဆောင်ထားပါက
အဲ့ဒီနောက်ပိုင်း သင့်ရဲ့ စီးပွားရေး၊ ငွေရေးကြေးရေးဆိုင်ရာ
ကံတရားများတဟုန်ထိုးတက်လာနိုင်ပါကြောင်း လက်တွေ့မှော်နည်း
လမ်းလေးကိုဖော်ပြပေးလိုက်ရပါတယ်။
ကာရှိုင်း (ကြယ်စင်ချစ်သူ)
@AuroKarshine
MSC-136
Photo Credit - Google