ကျွန်မတို့ မြို့လေးရဲ့အထင်ကရပွဲတော်ဖြစ်တဲ့မြို့ဒေါင့်ရွှေဂူဘုရားပွဲကျွန်မတို အခေါ်အောက်ပွဲနီးလာတော့ငယ်ငယ်ကပွဲဈေးတန်းလျှောက်ခဲ့ရတာတွေကိုသတိရမိတယ်။မောင်နှမလေးယောက်တည်ထားတဲ့စေတီတော်ထဲမှာအငယ်းဆုးံစောနေကျော်တည်ထားသောစေတီတော်သည်ထူးခြားစွာ(၅)ရက်တိုင်တိုင်ကျင်းပတယ်
အောက်ပွဲမစခင်တစ်လလောက်အလိုကတည်းကလူတိုင်းငွေစုကြ အဝတ်အစားဝယ်ကြချုပ်ကြ ဆံပင်အလှပြုပြင်ကြနဲ့အောက်ပွဲပိုးထခဲ့ကြတာ မတ္တရာမြို့နယ်တွင်းမှာရှိတဲ့ရွာတွေတော်တော်များများလာကြတယ်။ပွဲဈေးအစည်ဆုးံကလဆန်း(၈,၉)ရက်နေ့ စည်ဆုးံ။ဟိုအရင်ကခုလိုဆိုင်ကယ်မပေါသေးစက်ဘီးရှိတဲ့သူကစက်ဘီးနှင့်လာကြတယ်အဲ့အချိန်ကဆိုက္ကားများသည်အောက်ပွဲမတိုင်ခင်ကတည်းကမီးရောင်စုံအလှကိုဂွေတွေပါဆင်ထားတာညပိုင်းသွားလာနေတာမီလေးတွေတဖျက်ဖျက်နဲ့ကြည့်လို့ ကောင်းတယ်ခုလိုကားဆိုင်ကယ်မရှုပ်ဘူး
ကျောင်းကလည်းအဲ့အချိန်ကပထမအစမ်းဖြေပြီးချိန်ပိတ်ထားတာဆိုတော့လွတ်လွတ်လပ်လပ်ပွဲဈေးတန်းလျှောက်လည်ခဲ့ရတယ်ပွဲဈေးတန်းကိုအိမ်ကနေခြေလျင်သွားကြတာတစ်ကျပ်ဖိုးသုးံကားရုပ်ရှင်ကြည့် မုန့် စားရုပ်သေးဝင်ကြည့်နောက်အဲ့အချိန်ကထူးဆန်းတဲ့ဟာတွေကိုရုံသွင်းပြတာခြေလေးချောင်းနဲ့လူ အသက်ကြီးပြီးပုနေတဲ့သူ စပါးကြီးမြွေတို့ ပေါ့ ခုချိန်မှာတော့မထူးဆန်းတော့ပါဘူး ချား ရဟတ် စီးပြီးမျက်လှည့်ရုံဝင်ကြည့်ဒါနဲ့နေကုန်ပိုက်ဆံကုန်တော့အိမ်ပြန်လာကြတယ်။အစ်ကိုအစ်မတွေကညပိုင်းဇာတ်လိုက်ပြမယ်ဆိုတော့ပြင်ဆင်ပြီးဇာတ်လိုက်ကြည့်ကြတာအဲ့အချိန်ကခုလိုတစ်ရုံထဲမဟုတ်ဘူးရွှေနန်းတင်သားနန်းဝင်းဇာတ် မန္တလေးသိန်းဇော်ဇာတ် BEDအောင်သိုက်သားဇော်ဝင်းမောင်ဇာတ် ရွှေမန်းသဘင်ဇာတ်(၅)ဇာတ်အပြိုင်ကကြတာအဲ့ဒါအပြင်သန်းနိုင်ဆပ်ကပ်နဲ့လက်ဝှေ့ကပါသေးတယ်။နေ့ ခင်းကြည့်စရာပေါသလိုညပိုင်းဇာတ်တွေအပြိုင်ကကြတာနောက်ပိုင်းဇာတ်ထုတ်တွေခင်းတာကြည့်လို့ လည်းကောင်းနားထောင်လို့ လည်းကောင်းတယ်ပွဲဈေးကို(၅)ရက်စလုးံသွားကြတာညောင်းမှန်လည်းမသိဘူးဘာအန္တရာယ်မှလည်းမရှိဘူးခုတော့အဲ့ဒီလိုမစုံနေတာ့ပါ။မစုံပေမဲ့လည်းမတ္တရာမြို့ရဲ့အထင်ကရပွဲတော်ဖြစ်တဲ့တွက်အရင်လိုပဲစည်ကားနေဆဲပါ။
မိတ်ဆွေတို့ လည်းရွှေဂူဘုရားကိုလာရောက်ဖူးမျှော်နိုင်ပါတယ်။
စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ။
photo by @AyeAyeAthaw
Author @AyeAyeThaw