ခွေးများကိုချ စ်ခင်၍လည်းကောင်းအိမ်နှင့်ခြံလုံခြုံရေးအတွက်လည်းကောင်း ပြပွဲပြိုင်ပွဲအတွက်မျိုးစစ် မျိုးမှန်များကိုဈေးကြီးပေးမွေးမြူ ကြသည်။အလှမွေးတိရစ္ဆာန်နှင့်အိမ်မွေးတိရစ္ဆာန်တို့ တွင်ဖြစ်ပွားတတ်သောရောဂါများမည်သို့ ကာကွယ်စောင့်ရှောက်ရမည်ကိုသိထားရန်လိုအပ်ပါသည်။
ရာသီမရွေး အချိန်ခါမရွေး နေရာမရွေးကူးစက်တတ်သောရောဂါဖြစ်သည့်ခွေးရူးရောဂါသည်ဦးနှောက်နှင့်အာရုံကြောကိုအဓိကတိုက်ခိုက်သည်။ခွေးရူးရောဂါဖြစ်ပွားလျှ င်အသက်ဆုးံရှုံးစေသောကြောင့်ခွေးရူးရောဂါမဖြစ်ပွားစေရန်တိရစ္ဆာန်များကိုကာကွယ်ဆေးထိုးခြင်းနှင့်လူကိုကာကွယ်ဆေးထိုးခြင်းဖြင့်ကာကွယ်နိုင်ပါသည်။ တိရစ္ဆာန်များအတွက်ခွေးရူးရောဂါကာကွယ်ဆေးသည်ကြိုတင်ကာကွယ်ဆေးဖြစ်သောကြောင့်ကျန်းမာနေသောတိရစ္ဆာန်များအတွက်ထိုးနှံပေးရမည်ဖြစ်ပါသည်။အလှမွေးအိမ်မွေးတိရစ္ဆာန်များနှင့်အတူနေသောလူများလည်းကြိုတင်ကာကွယ်ဆေးထိုးထားသင့်ပါသည်။
ကိုယ်အိမ်တွင်မွေးမြူ ထားသောခွေးကဖြစ်စေအခြားခွေးကဖြစ်စေအကိုက်ခံရလျှင် ထိုးရမည့်ဆေးအမျိုးအစားမျးစွာရှိသောကြောင့်နားလည်တတ်ကျွမ်းသောဆရာဝန်များ တိရစ္ဆာန်ဆေးကုဆရာဝန်မျာနှင့်ဆွေးနွေးတိုင်ပင်ပြီးထိုးသင့်သည့်ခွေးရူးရောဂါကာကွယ်ဆေးကိုထိုးထားရမည်ဖြစ်ပါသည်။သို့ မှသာခွေးရူးရောဂါဖြစ်ပွားမှုမှကာကွယ်နိုင်ပြီးအသက်ရှည်ကျန်းမာစွာနေထိုင်နိုင်ကြရမည် ဖြစ်ပါသည်။
photo credit-Image source
Author-AyeAyeThaw