ကျွန်မနေထိုင်ရာမြို့ တွင်မောင်နှမလေးယောက်တည်ထားသောစေတီတော်လေးဆူရှိပါတယ်။ထိုလေးဆူတွက်ဆိုရိုးစကားလေးတစ်ခုရှိခဲ့ပါတယ်။မတ္တရာသူ/သားမှန်ရင်နှုတ်တက်ရနေတတ်တဲ့ဆိုရိုးစကားလေးပါ။အဲ့ဒါကတော့
ရွှေပုထိုးညီ ရွှဒါလီ
ရွှေဒါလီနှမ သစ္စာရ
သစ္စာရမောင် ရွှေဂူချောင်
ဖြစ်ပါတယ်။
မတ္တရာမြို့ ဖွားလူကြီးသူမတွေအမြဲရွတ်ပြလေ့ရှိပါတယ်။ဒီဆိုရိုးလေးကိုကျွန်မအမေကအမြဲရွတ်ပြနေကြပါ ဒါကြောင့်ကျွန်မတို့ မောင်နှမတစ်တွေလည်းမှတ်မိရွတ်တတ်နေပါတယ်စေတီတော်လေးဆူထဲတွင်ရွှေပုထိုးမြတ်စွာဘုရားကြီးကိုတည်သူကအကြီးဆုးံဖြစ်ပြီးသူ့ အောက်ညီမှရွှေဒါလီဘုရားကိုတည်ပြီးညီမဖြစ်သူကသစ္စာရစေတီကိုတည်၍အငယ်ဆုးံကရွှေဂူဘုရားကိုတည်ထားခဲ့သည်လို့ သိရပါတယ်။
ရွှေပုထိုးမြတ်စွာဘုရားပွဲရက်သည်ကဆုန်လပြည့်နေ့ ဖြစ်ပါတယ်ပွဲတော်ရက်တွင်နွားလှည်းပြိုင်ပွဲများကိုနှစ်စဉ်ကျ င်းပလေ့ရှိပါတယ်။
ရွှေဒါလီစေတီတော်
ရွှေဒါလီဘုရားပွဲတော်ကိုတော်သလင်းလပြည့်ကျော်၈ရက်နေ့ တွင်ကျင်းပပါတယ်။ရွှေဒါလီမြတ်စွာဘုရားသည်ရွှေပုထိုးစေတီတော်မှမြောက်ဘက်တည့်တည့်၈ဖာလုံလောက်ဝေးပါသည်။
သစ္စာရစေတီတော်
သစ္စာရစေတီတော်ကိုမောင်နှမလေးယောက်ထဲကနှမတော်ကတည်ထားကိုးကွယ်ခဲ့ပါတယ်။သစ္စာရစေတီတော်မှာသစ္စာပြု ဆုတောင်းမယ်ဆိုရင်သစ္စာတော်ပြည့်ဝအောင်မြင်တယ်လို့ ယုံကြည်ကြပါတယ်။သစ္စာရစေတီတည်နေရာသည်မတ္တရာမြို့နယ်ပန်းယျ ကျေးရွာမှာတည်ရှိပါတယ်။
ဘုရားပွဲတော်ရက်သည်တော်သလင်းလကွယ်နေ့ ဖြစ်ပါတယ်။ကျွန်မတို့ ငယ်ငယ်ကဆိုရင်ဘုရားပွဲတွင်လောင်းလှေပြိုင်ပွဲမှာအလွန်စည်ကားပါတယ်ခေတ်ကာလအလျှောက်လှေပွဲတွေမပါပေမဲ့အငြိမ့်ပွဲဇာတ်ပွဲများနှင့်စည်ကားသိုက်မြိုက်လျက်ရှိပါတယ်။
ရွှေဂူမြို့ဒေါင့်စေတီ
ရွှေဂူဘုရားပွဲတော်သည်မတ္တရာမြို့တွင်သီတင်းကျွတ်လဆန်း၈မှ၁၂အထိ ၅ရက်တိုင်တိုင်ကျင်းပတဲ့အထင်ကရဘုရားပွဲတော်ကြီးဖြစ်ပါတယ်။သစ္စာရဘုရားပွဲတော်ပြီးတာနဲ့ရွှေဂူဘုရားကျင်းပတဲ့အတွက်မတ္တရာသူ/သားများကသစ္စာရဘုရားပွဲကိုအထက်ပွဲရွှေဂူမြို့ဒေါင့်ဘုရားပွဲကိုအောက်ပွဲဟုခေါ်ကြေပါတယ်ယနေ့ အချိန်ထိအထက်ပွဲအောက်ပွဲခေါ်ဝေါ်သုးံစွဲနေကြဆဲပါ။
steemitမှမိတ်ဆွေများကိုစေတီတော်လေးဆူနှင်ဆိုရိုးစကားလေးကိုဗဟုသုတဖြစ်စေရန်ရေးသားလိုက်ရပါသည်။
ရွှင်လန်းချမ်းမြေ့ ကြပါစေရှင်