ဒေါ်လေးကြာနီဆုံးပြီးတစ်နှစ်လောက်အကြာမှာပေါ့။
ထုံးစံအတိုင်းတစ်နှစ်တာအတွက် ကောက်လုပ်ငန်း
သိမ်းပြီးသောအချိန် သိန်းစိန်အားလပ်ချိန်တွင်ဖြစ်
သည်။ သိန်းစိန်၏ မိခင်ဘက်မှ တော်စပ်သောမောင်
ဝမ်းခွဲ တဖက်ရွာမှ သိန်းစိန်နေသောအိမ်သို့ရောက်
ရှိလာလေသည်။သူ့၏ နွားအုပ်ကို ထိန်းကျောင်းရန်
လူလို၍ သိန်းစိန်အား ထိန်းကျောင်းစေလေသည်။
သိန်းစိန်လဲ အားလပ်ချိန်ဖြစ်နေသောကြောင့် လက်
ခံလိုက်လေသည်။
နွားအုပ်မှာ စုစုပေါင်း ၁၀ကောင် ၁၅ကောင်ခန့်ရှိပြီး
မိုးမကျမီအထိ ထိန်းကျောင်းပေးရမည်ဖြစ်သည်။
ထိန်းကျောင်းနေသောကာလအတွင်း အကယ်၍
နွားအကောင်ရေတိုးလာပါက ထိုတိုးသော နွားကို
သိန်းစိန်အားပေးမည်ဟုဆိုလေ၏။တနည်းအားဖြင့်
နွားအုပ်ထိန်းသိမ်းခပေါ့။ နွားအုပ်ထိန်းသိမ်းခ ဆိုဟူ
၍ပေးသော်လည်း သိန်းစိန်အားပြန်လည်ကြည့်ရှုပေး
ခြင်းသာဖြစ်ကြောင်း သိန်းစိန် သိပါသည်။
တိုက်ဆိုင်တာလားမသိတော့ သိန်းစိန် နွားအုပ်ကို
ထိန်းကျောင်းနေစဉ် လပိုင်းလောက်မှာ နွားမလေး
တစ်ကောင်ပေါက်လာခဲ့သည်။ နွားမလေးမှာကျန်းမာ
သန်စွမ်းလှပေ၏။ အဲဒီနွားမလေး ထူးခြားချက်က
နွားအုပ်ကြားထဲမှ လိုက်ပါနေစဉ် ဦးလေးအောင်ကြီး
တို့ အိမ်ရှေ့သို့ ရောက်ရှိလေ့ရှိသောအခါမျိုးတွင် နွား
အုပ်နှင့်ဆက်မသွားတော့ပဲ ခြံဝင်းအတွင်းသို့ တိုးဝှေ့
ဝင်ရောက်ရန်ကြိုးစားလေ့ရှိသည်။ထိုခြံတံခါးကိုပိတ်
ထားလျှင်လဲ ခြံတံခါးကို ခေါင်းဖြင့် ခွေ့၍ဖွင့်ရန်ကြိုး
စားလေ့ရှိသည်။
"ဟဲ့ နွား။ ဟဲ့၊ "
ဦးလေးအောင်ကြီးသည်လည်ကောင်း၊ သားများဖြစ်
ကြသောမောင်အေးနှင့်မောင်မြသည် လည်းကောင်း
အစဉ်အမြဲပင် ထိုကဲ့သို့မော်းထုတ်ကြရလေ့ရှိ၏။ထို
နွားမလေးမှာ တခါလည်းမက၊နှစ်ခါလည်းမက ဦးလေး
အိမ်ရှေ့ရောက်တိုင်း ထိုသို့ဖြစ်နေတတ်၍ တခါတလေ
သိန်းစိန် စိတ်တိုကာ ရိုက်ပုတ်မိသည်များပင် ရှိခဲ့လေ
သည်။
"ဒုက္ခပါပဲနော်၊ ဒီနွားမလေးဘယ်လိုဖြစ်များဖြစ်နေရ
တာလဲနော်"
ကြာလေကြာလေ နွားမလေး ကိုကြည့်ရင်းသိန်းစိန်
အံ့သြမိလာ လေဖြစ်၏။ အံ့သြမိမှု နှင့်အတူ အတွေး
တစ်ခုကလဲ လှစ်ခနဲ့ပေါ်လာခဲ့မိသည်။
ဒေါ်လေးကြာနီများလား။ ဖွဟဲ့ လွဲပါစေ ပယ်ပါစေ။
ဒေါ်လေးကြာနီ မဖြစ်တန်ကောင်းပါရဲ့"
သို့ပေမယ့်လဲ တစ်ရက်၌ ဦးလေးအောင်ကြီး ခြံဝတွင်
ရပ်နေလေရာ နွားအုပ်ကြီးအပြန် နွားမလေးသည်
ဦးလေးအောင်ကြီး ရှေ့တည့်တည် သွားရပ်ပြီး မော့
ကြည့်နေရှာသည်။ ထိုသို့မော့ကြည့်နေသော နွားမ
လေး၏ မျက်လုံးအိမ်တို့မှ မျက်ရည်မျာသည်လည်း
မြေကြီးပေါ်သို့တစ်စက်ချင်း မြေပေါ်သို့ကျလေ၏။
ဦးလေးအောင်ကြီးလဲ နွားမလေး၏ အမူအရာ သည်
ထုခြားလှသဖြင့် တအံ့တသြဖြစ်နေရာမှ သတိရလာ
ကာ-
"ဒီနွားနှယ် - - ဟဲ့ သားတို့၊ ထွက်လာကြအုံးကွ။"
မောင်အေးနှင့်မောင်မြတို့ အိမ်ရှေ့ခြံပေါက်ဝရောက်ရှိ
လာသောအခါ နွားမလေးက "ဘွတ်အဲ" ဟုတစ်ချက်
အော်ကာ မောင်အေးတို့ ညီးအစ်ကိုနှစ်ယောက်ကို
မျက်ရည်စများပြည့်နေသော မျက်ဝန်းဖြင့်မောကြည့်
လေတော့သည်။
ထိုစဉ် နွားမလေးသည်ခြံရှေ့ရပ်နေသည်ကို သိန်းစိန်
မြင်လိုက်သဖြင့် သူတို့အနီးရောက်အောင်သွားလိုက်ပြီး
"တယ်… ဒီနွား. . လုပ်ပြန်ပြီ။ခြံရှေ့ရောက်တိုင်း ဒီလိုပဲ
ရှေ့ဆက်မသွားပဲ ပေကတ်ကတ် လုပ်နေတတ်တယ်
ဦးလေးရာ"
"ဒါမင်းနွားလား သိန်းစိန်"
ဟုတ်ကဲ့ ဦးလေး ။ကျွန်တော့်ဦးလေးက နွေတုန်းက
ကျောင်းခိုင်းတဲ့နွားအုပ်ကပေါက်တာပါ။ ကျွန်တော်
အတွက် ပေးထားခဲ့တဲ့နွားပါဦးလေး။ ကျွန်တော်အပိုင်
နွားမကြီးပဲ နှစ်ကောင်ပေးထားပါတယ်။ ဟဲ့ နွား"
နေစမ်းပါဦးကွာ၊ဦးလေးပြောပါဦးမယ်။ဒီနွား
မလေးက ဦးလေးတို့ခြံရှေ့ရောက်တိုင်း ဒီလိုပဲရပ်နေ
တာ၊ ခြံတံခါးဖွင့်ပြီး ဝင်ဖို့လုပ်တတ်တာ ဦးလေးလဲ
သတိထားမိတယ်ကွ။ တခုခုများထူးနေသလားလို့
ပါကွ။"
"ဟုတ်တယ် ဦးလေးရေ။ကျွန်တော်လဲ သတိထားမိ
တာကြာပြီ။ဘယ်လောက်ရိုက်ရိုက်မရဘူးဗျာ။အထူး
သဖြင့် ဦးလေးတို့ အိမ်သားတစ်ယောက်ယောက်များ
တွေ့ရင် ပိုဆိုးတယ်ဗျ။ဆွဲခေါ်ပြန်ရင်လဲ အတင်းရုန်း
ပြီးတော့ကိုခြံထဲ ဝင်ချင်နေတာမျိုး လုပ်တတ်တယ်။"
အေးကွယ့် …ဦးလေးစဉ်းစားမိနေတာတစ်ခုရှိတယ်
ကွဲ့"
ဦးအောင်ကြီးသည် စကားကို ခဏရပ်လိုက်ကာသက်
ပြင်းတစ်ချက်ရှိုက်လိုက်ပြီးမှ-- - - -
"မင့် … ဒေါ်လေးများ ဖြစ်နေမလားလို့။မကျွတ်မလွတ်
ပဲဒီဘဝ ရောက်နေသလားလို့ကွာ"
"ဟာ … အဖေကလဲဗျာ။မဟုတ်နိုင်ပါဘူး။မဖြစ်နိုင်ပါ
ဘူးဗျာ။ အမေ့ကို အဲသလိုမပြောပါနဲ့"
မောင်အေးက ခပ်မာမာပင်ပြောလိုက်လေသည်။
သို့သော် ဦးအောင်ကြီးနှင့် သိန်းစိန် တို့ ထိုသို့ပြေနေစဉ်အတွင်းမှာပဲ နွားမလေးက ဦးလေး
အောင်ကြီး၏ကိုယ်အား ပွတ်တိုက်တွန်းထိုးနေလေ
သည်။
"ကဲ့ပါလေ… ဟဲ့ နင်ကြာနီ ဆိုရင် ငါခြံထဲမှာ နင်စိုက်
ခဲ့တဲ့ အပင်တွေ ရှိတယ်။ ငါ့ကိုပြစမ်း"
ဦးအောင်ကြီးက ထိုသိုပြောလိုက်သောအခါ နွားမ
လေးသည် နားလည်သည့်အလား ခြံဝင်းထဲသို့
တလှမ်းချင်း လှမ်းဝင်သွားပြီး ဒေါ်ကြာနီစိုက်ပျိုး
တဲ့အပင်များကို တိုးဝှေ့ခြင်း ကိုက်ဆွဲပြခြင်းများ
ပြုလုပ်လေတော့သည်။
"ဟင်"
ထိုအခါမှ မောင်အေးတို့ ညီအစ်ကိုနှစ်ယောက်အသံ
ထွက်လာကြတော့သည်။သိသိသာသာပင် ဒေါ်လေး
ကြာနီ ကိုယ်တိုင် အမြတ်တနိုးစိုက်ခဲ့သော ပန်းရုံများ
ိုကို ထိုနွားမလေးက တိုးဝှေ့ပြ၍နေလေပြီ။
"ဒီတခါတော့ မင့် ထင်းခုတ်နေတဲ့ နေရာလေးကိုပြပါ
ဦး နွားမလေးရေ"
ဦးအောင်ကြီးပြောပြီးသည်နှင့် နွားမလေးသည် ဒေါ်
လေးကြာနီ ထင်းခုတ်လေ့ရှိသော အိမ်ရှေ့လှေကား
အရှေ့ ရှိ ကွပ်ပစ်ငယ်လေး ဘေးနားတွင်ထင်းခုတ်
သည့်နေရာ အရောက်တွင် ခေါင်းနှင့် တိုးဝှေ့နေပြန်
သည်။နွားမလေး၏ မျက်လုံးအိမ်တွင်လည်း မျက်
ရည်များအဆက်မပျက် ကျဆင်းနေပြန်သည်။
ထိုနောက်သိန်းစိန် တို့အား ကြည့်နေပြန်သည်။
ကြည့်နေသည့်အကြည့်တို့ကလည်း စကားပြော
နေသည့်အလား ထင်မှတ်ရလေ၏။
အားလုံး အံ့သြမှင်တက်မိနေကြစဉ်မှာပင် သိန်းစိန်
မနေနိုင်တော့ဘဲ -
"တကယ်… တကယ့်ကိုဒေါ်လေးကြာနီ ဒီဘဝရောက်
နေတာလားဗျာ။ကျွန်တော့်… ကျွန်တော်အပေါ်အ
ကြွေးရှိလို့များ ကျေအောင်ဆပ်ဖို့ ရောက်လာတာများ
လားဗျာ"
ပြောရင်းကနေ ငိုသံများပါလာသော သိန်းစိန် အသံက
ကြေကွဲနေသည်ကိုဖော်ပြပေးသကဲ့သို့ ဖြစ်နေချေပြီ။
ညီအစ်ကိုနှစ်ယောက်၏ ချုံးပွဲချငို လိုက်ကြသော အ
သံများလည်း ပေါ်ထွက်လာလေတော့သည်။
နွားမလေးသည် သိန်းစိန် အနားသို့လာ၍ ရပ်နေပြန်
သည်။
"ကျွန်တော်… ကျွန်တော် အမှတ်မထားပါဘူးဗျာ။
ခွင့်လွတ်ဖို့စိတ်ကူး ထားပြီးသားပါဗျာ။ မပြောပ
လောက်တဲ့ငွေလေးနဲ့ ဒီလိုမျိုးမဖြစ်သင့်ပါဘူးဗျာ။
ဦးလေး… ဦးလေးအောင်ကြီးတို့ဆီမှာ ပဲခေါ်ထား
လိုက်ပါတော့ဗျာ။သူနေချင်ရာ နေရာပဲနေခဲ့ပါစေ။
မခိုင်းစားရက်ပါဘူးဗျာ။"
အားလုံး၏ မျက်ဝန်းအိမ်မှာ မျက်ရည်များရွဲနေချိန်
တွင် နွားမလေး၏ မျက်လုံးအိမ်တွင်လဲ သူတို့နည်း
တူမျက်ရည်များ အိုင်ထွန်း၍နေလေပြီ။သိန်းစိန်လဲ
ထိုနေမှ စ၍ နွားမလေးကို ဦးလေးအောင်ကြီး အိမ်
တွင်ထားခဲ့လေတော့သည်။
… … …
နွားမလေးမှာ တော့ထိုနေမှစ၍ ဦးလေးအောင်ကြီး
အိမ်တွင် အပျော်ကြီးပျော်နေခဲ့တော့သည်။ညီအစ်
ကိုနှစ်ယောက် လုပ်ကိုင်သော အလုပ်ကြားတွင်
လည်းကောင်း ဦးအောင်ကြီး၏ အနီးနားနေရာများ၌
လည်းကောင်း အမြဲတွေ့နေတတ်ပြီး မြူးတူးပျော်ရွင်
နေလေ၏။
အချိန်ကာလများ ကြာလင့်ခဲ့ပြီးတနေ့သောအချိန်ခါ
တွင် နွားမလေးသည်လဲ နွားဖြူမလေးတစ်ကောင်
ပေါက်လေတော့သည်။
မောင်အေးနှင့် မောင်မြတို့သည်လဲ ရဟန်းပြုချိန်သို့
ရောက်ရှိ၍လာလေသည်။ထိုအချိန်တွင် နွားမလေး
နှင့်နွားဖြူမလေး တို့ မြူးတူးစွာ ပြေးလွားနေသည်
ကို အလှူပွဲလာ ပရိတ်သတ်တို့ အားလုံးအံ့သြစွာ
တွေ့ကြရလေသည်။
… … …
ဒီလိုနဲ့ နေပူပြင်းသည့် နွေရာသီ တစ်နေ့၌ နွားမလေး
သည် အစားစာပျက်ရာမှစ၍ တခွေခွေ နှင့် ကျန်းမာ
ရေးမကောင်းဖြစ်လာလေတော့သည်။မောင်အေးတို့
ညီးအစ်ကို နှစ်ယောက်လဲတတ်သလောက်မှတ်သ
လောက် ဆေးဝါးတို့ဖြင့် ကုသကြသော်လည်း မရ
တော့ဘဲ သေသွားရှာလေတော့သည်။
နွားမလေးရဲ့အဖြစ်ကို တရွာလုံးကလဲ သိနေတော့
နွားမလေး သေသောနေမှာပင်ရွာဦးကျောက်းဆရာ
တော်ကိုယ်တော်တိုင် ကြွလာပြီးကြည့်ရှု့တော်မူ
လေ၏။
"အင်း …တစ်ဘဝတော့ ဇာတ်သိမ်းပြီးသွားပြီဆို
တော့ သူ့အကြွေးလဲ ကျေလောက်ရောပေါ့ ဒကာ
သိန်းစိန်။ ဒကာသိန်းစိန် ခွင့်လွတ်တယ်မဟုတ်
လား"
"တင်ပါ့ဘုရား ။ နဂိုကတည်းက တပည့်တော်က
လည်း မိဘတို့ အတွက်စိတ်ဇောတွေက များနေခဲ့
တာမို့ စိတ်ကွက်ပြီးပြောဆိုမိတာပါ ဘုရား။ဒီလို
မျိုးဖြစ်မယ်မှန်းသိခဲ့ရင် ဒေါ်လေးကြာနီကိုလည်း
ဒီဘဝ ဘယ်အရောက်ခံပါ့မလဲ ဘုရား။"
အေး ။ သူ့များအကြွေးရှိလို့ကတော့ ဘဝနဲ့ချီပြီး
ဆပ်ကြရစမြဲပါပဲ ဒကာ။လူတစ်ဦးနဲ့တစ်ဦး ကြား
မှာ ဘာအကြွေးမှမကျန်ကြရလေအောင် သတိထား
ကြဖို့ သိပ်အရေးကြီတယ်။ဒါကြောင့် လူသတ္တိဝါ
အားလုံးအပေါ် ဘာအကြွေးမှတင်ကျန်မရလေအောင်
လောဘ၊ ဒေါသ၊ မာန်မာန တွေက်ုအတတ်နိုင်ဆုံး
လျော့ထားဖို့လိုတယ်။အကောင်းဆုံးကတော့ သတ္တိ
ဝါတွေကို မေတ္တာထားနိုင်ကြရင် ခွင့်လွတ်စိတ် ထား
နိုင်ကြရင် အကောင်းဆုံးပေါ့ ဒကာ"
"တင်ပါ့ဘုရား။ တပည့်တော် လူဘဝ၊ လူ့သံသရာ
ရဲ့သဘောကို ပိုပြီးနားလည်သဘောပေါက်ပါပြီ
ဘုရား။
" အိမ်း ။ ။ ကောင်းလေစွ ။ ဒီနွားသေ ကိုလဲ နေရာ
သန့်သန့်မှာမြုပ်ပေးလိုက်ကြတော့ ဒကာလေးတို့။"
"တင်ပါ့ဘုရား။ ။တပည့်တော် ရွာတောင်ဘက် ရွာ
ဦးစေတီ တော်ကိုလှမ်းမြင်ရတဲ့ နေရာသန့် တခုမှာ
မြုပ်ဖို့ စီစဉ်ထားပါတယ်ဘုရား။"
"သြော် - သာဓု သာဓု သာဓု"
- - -
ထိုသို့ဖြင့် သိန်းစိန် နှင့် ရွာသားတချို့ နွားသေကို ရွာ
တောင်ဘက်ရှိ လယ်ကွက်တွင် တူးမြုပ်ထားလိုက်ကြ
လေသည်။ရွာဦးစေတီကို လှမ်း၍ မြင်နိုင်သော နေရာ
မျိုးဖြစ်သည်။
- - -
မည်သို့ပင်ဖြစ်စေကာမူ လူတိုင်းလူတိုင်း လောဘကြွေး
သောကကြွေး၊ ဒေါသကြွေး၊ မောဟကြွေး၊ ပစ္စည်းဥစ္စာ
ကြွေး၊ ကျေးဇူးကြွေး၊ ရန်ကြွေး စသည့် မည်သည့်အကြွေး
တို့ကိုမျှ သံသရာအဆက်ဆက်သို့တိုင် မယူသွားကြပါစေ
နဲ့ လို့ဆုမွန်ကောင်းတောင်းရင်း ဤ ဇာတ်လမ်းလေးအ
ဆုံးသတ်ပါရစေ။
steemit မှ ဆရာများ အဖွဲ့ဝင် များအားလုံး သံသရာ
ကြွေးမှ လွတ်ကင်းကြပါစေ။ ။
အမှားများပါလျှင်လဲ ထောက်ပြပြောဆိုပေးပါလို့
တောင်းဆိုအပ်ပါသည်။ ။
2-10-2017(11:59 PM)
photo by google
writer@ayeminmaung