နောက်တစ်နေ့မိုးလင်းတော့ ဆွမ်းတော် ရွှေသင်္ကန်း နဲ့ ခေါင်းလောင်းကို
ဘုရားမှာကပ်ကြပါတယ်။
ပြီးတော့ မနက်စာသွားစားကြတာပေါ့။ မနက်စာစာပြီး မုဆိုးတောင်သို့
ခရီးဆက်ကြပါတယ်။
မုတ်ဆိုးတောင်မှာလဲဘာရှုခင်းမှမမြင်ရ။ မုဆိုးတောင်မှ ဆင်းပြီးကျီးကန်း
ပါးစပ်သို့သွားကြပါတယ်။
ကျီးကန်းပါစပ်သို့ အဆင်းကတော့ သိပ်မသိသာလှ။ ရေညှိများကိုပဲ
ဂရုစိုက်ပြီး ဆင်းရသည်။လမ်းမှာတော့ မိုးတွင်းဖြစ်လို့လားမသိဘူး
အမှိုက်ကတော့ အများသား။မိတ်ဆွေတို့ ဘုရားလာဖူးမည်ဆိုလျှင်
ပွင့်လင်းရာသီရောက်မှ သွားလျှင်ပိုကောင်းပါမည်။ရှူခင်းတွေ အင်
မတန်မှသာယာဖွယ်မြင်တွေ့ရမှာပါ။ ကျီးကန်းပါးစပ် ရောက်တော့
ဘုရာဖူးပြီး ထုံးစံအတိုင်း အကြွေစေ့ပစ်ကြတာပေါ့။
မိုးရွာထဲ သဲကြီးမဲကြီး အကြွေစေ့ပစ်ရသည်မှာ တမျိုး
တော့ပျော်စရာကောင်းသားဗျ။
ကြွေစေ့လဲ ပစ်ပြီးပြီးဆိုတော့ ရင်ပြင်တော်ပြန်တတ်ရ
တော့မှာပေါ့။ အဲဒီမှာ ကိုယ်ကျန်းမာရေး ကိုယ်သိလိုက်
ရတာပဲဗျာ။ အတတ်က ဘယ်လိုမှမတတ်နိုင်ဘူး။ အရက်
ကွမ်းယာ၊ ဆေးလိပ် ဒဏ်တွေ ကြောင့်ထင်ပါတယ်။
သူငယ်ချင်းသုံးရောက်ကတော့ အပေါ်ရောက်နှင့်ပြီ။
ကျွန်တော်နှင့် ကတော့ သောက်ဖော်
သောက်ဖက် ဆိုတော့ အမောမခံနိုင်ပဲ ဖြေးဖြေးပဲ
တတ်လာရတာပေါ့။
ရိုးရိုးလေး တည်းခိုခန်းရှေ့ရောက်တော့ ဓါတ်ပုံတွေ ဘာတွေ ရိုက်ပေါ့။
အမောဖြေပေါ့။ ဓါတ်ပုံကလဲ ရိုက်ရတာအဆင်မပြေပါဘူးဗျာ။
မိုးကရွာ မိုးတိတ်တော့လဲ မိုးငွေ့တွေနဲ့ မြူလိုဖြစ်နေတော့ ဘာမှ
ကောင်းကောင်းမမြင်ရ။ ရှူတင် ဘရိတ် တာပေါ့ဗျာ။
ဘုရားလဲဖူးပြီးပြီ ဓါတ်ပုံကလဲသိပ်ရိုက်လို့မရဆိုတော့
ကျွန်တော်တို့အုပ်စု တောင်ခြေပြန်ဆင်းဖို့ပြင်ဆင်ပါ
တော့တယ်။( ဓါတ်ပုံက ၅ယောက် ရိုက်တာ ပုံ ၁၀၀၀ လောက်ရှိတယ်။ဒါတောင်မိုးရွာလို့ …အဟဲ!)
ကျိုက်ထိုမှာနေပူရင် ဘုရာဖူးလို့ရသေးတယ်လေ။ ကျိုက်ပေါလောမှဲ့ရှင်ဘုရားတို့၊ စိမ်းလဲ့တင်တို့ပေါ့။ ကျွန်တော်တို့ ၁၂ ခွဲလောက်ဆင်းလာ
ပါတယ်။မိုးတွေကရွာ လေကတိုက် နဲ့ပျော်စရာပါပဲ။
ဘုရားရင်ပြင်မှ ကင်မွန်းစခန်းကို ကားဖြင့်မဆင်း
ပါဘူး။ အချိန်ကလဲ ရှိသေးတယ်ဆိုတော့ မိုးရွာထဲ
လမ်းလျှောက်ကြရအောင်တိုင်ပင်ပြီး ရသေ့တောင်ထိ
ခြေလျှင် ဆင်းလာပါတော့တယ်။ မိုးရွာထဲ ဆိုတော့
ဆင်းမဲ့ လူတစ်ယောက်မှမရှိ။ ကျွန်တော်တို့ ၅ ယောက်
သာရှိပါတယ်။ မိုးတွေကလဲရွာ မိုးရေထဲ မှာဓါတ်ပုံတွေ ရိုက်
အလွန်ပျော်စရာပေါ့။
ရသေ့တောင်ကို ၁ နာရီခွဲ လောက်လမ်းလျှောက်ဆင်းရတယ်ဗျ။
ဒီလိုနဲ့ ရသေ့တောင်ရောက်တော့ တောင်ဆင်းကား
ကိုစောင့်ရတာပေါ့။ လက်မှတ်ရောင်းတဲ့ ကောင်တာမှာ
လက်မှတ် ဖြတ်တော့ သူတို့ကချက်ချင်း ရင်ပြင်ခြေရင်း
က ကားဂိတ်ကို ၅ယောက်စာ ထိုင်ခုံ ချန်ထားခိုင်းပါတယ်။
အဆင်ပြေတာပေါ့ဗျာနော့်။
ဒီလိုနဲ့ ကားရောင်လာတော့ ကျွန်တော်တို့ အုပ်စု နောက်ဆုံးတန်းရ
တယ်ဗျ။ကျွန်တော်ကတော့ အစွန်ဆုံးရတယ်ဗျ။ကျိုက်ထီးရိုးလမ်း
ကမိတ်ဆွေတို့ သိတဲ့အတိုင်း အလွန်အန္တရာယ် များတဲ့လမ်းပေါ့။
တောင်တက်တောင်ဆင်းကအရမ်းမတ်စောက်လွန်းတယ်လေ။မိုးတွင်းဆိုတော့ပို ဆိုးတာပေါ့ဗျ။လမ်းကချောမှာကြောက်ရတာကိုး။ဒါပေ
မယ့်တောတောင် ကောင်းမောင်းသမားကျွမ်းကျင်မှုရယ်
စိမ့်စမ်းရေတွေနဲ့ သဘာဝရှုခင်းတွေမြင်လိုက်ရတော့လဲ
စိတ်အမောပြေသွားတာပီကြောက်စိတ်တွေပျောက်ကုန်တော့တာပါပဲ၊
ဒီလိုနဲ့ ကင်မွန်းစခန်းရောက် ကြူကြူသင်းယိုစုံ ဆိုင်မှာ
ကားရပ်တော့ ယိုတွေ လက်ဆောင်ဝယ်ကြတာပေါ့ဗျာ။
လက်ဆောင်ပစ္စည်းတွေဝယ်ပြီးတော့ ကျိုက်ထို သို့ခရီးဆက်ရတာပေါ့ဗျာ။
ကျိုက်ထိုမြို့ အကြောင်းကျွန်တော်သိသလောက်နည်းနည်းပြောပြပါရစေ။
ကျွန်တော်တို့နေထိုင်ရာ မွန်ပြည်နယ် ရဲ့တံခါးဝ ဖြစ်သော
စစ်တောင်းမြစ်ကူးတံတားကြီးကိုကျော်သည်နှင့် ကျိုက်ထိုမြို့နယ် သို့
ရောက်ရှိပါသည်။(ရန်ကုန်ဘက်ကလာလျှင်)
ဝင်ဝင်ချင်းမှာပဲသိမ်ဇရပ်မြို့ စစ်တောင်းစက္ကူစက်ရုံကိုမြင်ရမှာပါ။
အခုတော့ တံတားနှစ်ဆင်းရှိပါတယ်။ အသစ်နဲ့အဟောင်းပေါ့။အဟောင်းကတော့ ရထားလမ်းရှိပြီ အသစ်မှာတော့မရှိပါဘူး။
စစ်တောင်းတံတားဖြတ်ပြီးဆိုလျှင်တော့ လှမ်းမြင်နေရသော ကျိုက်ထီးရိုးဘုရားတည်ရှိသောတောင်တန်းကို ပြာရီမှိုင်းလျက် တွေရပါလိမ့်မည်။
ကျိုက်ထီးရိုးတောင်၊ပေါင်းလောင်းတောင်၊ ဘုရားသုံး
ဆူတောင်၊ ကေလာသတောင်တို့ ကားစီး၍ စစ်တောင်း
မြစ်က ကွေ့ဝိုက်ကာ စီးဆင်းနေသည်မှာ လက်ရာမြောက်
သော သဘာဝပန်းချီကားချပ်ကြီးပင် ဖြစ်ပါသည်။
ကျိုက်ထိုမြို့နယ် ဟာ ဗုဒ္ဓသာသနာပွင့်လင်းစည်ပင်ရာဒေ
သဖြစ်သည့်အလျှောက် တန်းခိုးကြီးဘုရားများစွာတည်
ရှိပါသည်။ ကျိုက်ထီးရိုး ဆံတော်ရှင်ဘုရား၊ ကျိုက်ပေါ
လောမှဲ့ရှင်တော်ဘုရား၊ ကျိုက္ကလွန်ပွန်းစေတီ၊ မဟာမုနိ
သွန်းဘုရာကြီး၊ ရွှေဘုံသာဘုရား စသည့် ဘုရားရှင်၏
ဓါတ်တော်၊ မွေတော်၊ ဆံတော်၊ သွားတော် ဓါတ်မြတ်များ
ကိန်းဝပ်သည့် စေတီပုထိုးများတည်ရှိပါသည်။
ကျိုက်ထိုမြို့ကို ရှေးယခင်က 'ကျိုက်ထော်' ဟုခေါ်
ဆိုရာမှ 'ကျိုက်ထုံ' ဟုတွင်လာပြီးမှ 'ကျိုက်ထို'
ဖြစ်လာသည်ဟုပြောဆိုကြသည်။ ကျိုက်ထော် ဆိုသည်မှာ
မွန်စကားမှ ဆင်းသက်လာချင်းဖြစ်ပါတယ်။
ကျိုက်ထော် ဆိုသော စကားကို တစ်နည်းအားဖြင့်
အဓိပ္ပါယ်ဖွင့်လျှင် အောက်ပါအတိုင်း အဓိပ္ပါယ် ရသည်
ဟု စာပေများတွင် ဖတ်ရှု့ မှတ်သားမိပါသည်။
ကျိုက် = ဘုရား
ထော် = ရွှေ
ရွှေဘုရားပေါ့ဗျာ။ရွှေဘုရားများ၊ ရွှေရုပ်ပွါးတော်၊ ရွှေ
ဆင်းတု ၊ ရွှေစေတီ စသည်များတည်ရှိရာအရပ်ပေါ့
ဗျာ။' ကျိုက်ထောမှ ကျိုက်ထုံ၊ ကျိုက်ထို ' ဟုကာလရွေ့
လျားကာအမည်တွင်လာချင်းဖြစ်သည်။
ကျိုက်ထို မှာလဲမွန်ဘာသာဖြင့် ကျိုက် = ဘုရား၊
ထို = မြို့ (ဘုရားမြို့)… တနည်းအားဖြင့် ဘုရားပေါသောမြို့ပေါ့။ ထိုကဲ့သို့စာပေများမှာဖတ်သားမိပါတယ်။
ကျိုက်ထိုမြို့အနီးမှာ ကျိုက်ပိ လိုခေါ်တဲ့ ရွာကြီးတစ်ရွာရှိတယ်တဲ့ဗျာ။အဲရွာမှာ ဘုရားစေတီပေါများတယ်တဲ့ဗျ။ ကျိုက်ပိ နဲ့ကျိုက်ထိုကြားမှာ
ဖက္ကလိပ်ကျေးရွာရှိတယ်တဲ့။ အဲရွာမှာတော့ရှေးဟောင်း မြို့ရိုးများကိုတွေ့ကြတယ်လို့ဆိုပါတယ်။ အဲဒီမြို့ရိုးကို သုဝဏ္ဏဘူမိ မြို့၏ အပြင်ဘက်မြို့ရိုးလို့လဲ ပြောကြတယ်။
သမိုင်းပညာရှင်တွေကတော့ ကျိုက်ထိုမြို့ဟာ သုဝဏ္ဏဘူမိ မင်းနေပြည်တော် အတွင်း (သို့) အပြင်ဘက်မြို့တစ်မြို့ဖြစ်နိုင်တယ်လို့ဆိုပါတယ်။
ကျိုက်ထိုမြို့အကြောင်းပြောရင်းနဲ့ ကျိုက်ပေါလောဘုရား
လဲမရောက်တော့။ဘေးတွေလဲချော်ထွက်ကုန်ပြီ။
ကဲ …
ကျိုက်ပေါလောဘုရားဖူးခဲ့တဲ့အကြောင်းနောက်တစ်ပုဒ်
ဆက်ရန်ပေါ့ဗျာနော့။
ဓါတ်ပုံတွေများသွားရင် sorry ပါဗျို့
steemit မှ ဆရာများနှင့်မိတ်ဆွေများလဲ ပျော်ရွင်သော ခရီးထွက်နိုင်
ကြပါစေဗျာ။