Steemit members အားလုံး မင်္ဂလာပါရှင်။
မျက်နှာဆူပုတ်ပုတ်နဲ့ အိမ်ထဲ ဝင်လာသော မယ်သီအား ဧည့်ခန်းမှာ ထိုင်နေသော အမေက လှမ်းမြင်လိုက်တော့ ဟဲ့မယ်သီ ဘာဖြစ်လာပြန်ပြီလဲ မျက်နှာကြီးက လငပုတ်ဖမ်းနေတာ။ မပြောချင်ပါဘူး အမေရယ်။ ဟဲ့ညည်းမပြောရင် အမေက ဘယ်လိုလုပ်ပေးရမလဲ ပြောပြစမ်းပါအေ။ အဲတော့မှ မယ်သီက အမေရယ် အမေပဲ စဉ်းစားကြည့်ပါအုန်း မယ်သီက မယ်သီ အေးအေး ဆေးဆေး နေချင်လို့ မယ်သီ အပျိုကြီး လုပ်နေတာကို တွေ့သမျှ လူတွေက မယ်သီကို ဘယ်တော့ စားရမှာလဲ သူများတွေတောင် စွံကုန်ပြီး ဆိုပြီး လာလာခလုတ် တိုက်နေကြတယ်။ သူတို့ဘာသာ သူတို့မနေနိုင် မထိုင်နိုင် ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုကြ ကွဲကြ ရန်ဖြစ်ကြ ဖြစ်နေကြတဲ့ စုံတွဲတွေ အများကြီး မယ်သီ မြင်တွေ့နေရတာ မယ်သီ စိတ်ကုန်လွန်းလို့ အပျိုကြီး လုပ်နေတာကို မသိရင်ပဲ မယ်သီက ဂေါ်မစွံလို့ အပျိုကြီးဖြစ်နေသလိုလို အပျိုကြီး ဖြစ်နေတာပဲ အပြစ်ရှိနေသလိုလိုနဲ့ လာလာခနဲ့ နေကြတာ မယ်သီ စိတ်မတိုပဲ နေမလား အမေရယ်လို့ မယ်သီလည်း စိတ်ထဲက ဒေါသတွေကို အားရပါးရ ရင်ဖွင့်ချလိုက်တော့မှ အမေက ဖြစ်ရလေ မယ်သီရယ်။
မယ်သီအမေက ညည်းလူတွေကြောင်းလဲ မသိတာမဟုတ်ဘူး လူဆိုတာ ကိုယ့်ထမင်း ကိုယ်စားပြီး သူများကြောင်း ပြောရတာ သူများကြောင်း စပ်စုရတာ သိပ်ဝါသနာ ပါတက်ကြတာ ခက်များများရယ် ဒါကိုများ ညည်းက လိုက်ခံစားနေရင် မောသွားမှာပေါ့ကွယ်။ အဲ့လိုလေး မယ်သီ အမေက နှစ်သိမ့်လိုက်မှ မယ်သီ မျက်နှာလေး လဝန်းပမာ ပြန်လည် လင်းလက် လာပါတော့တယ်။ မယ်သီအမေနှင့် မယ်သီ နှစ်ဦးသား စကားသံ တိပ်ပြီး ပြုံးနေကြတုန်း အော်ငေါက်နေတဲ့ စကားသံ အခန်းတစ်ခုမှ ရုတ်တရက် ထွက်ပေါ်လာတော့ နှစ်ဦးသား တစ်ဦးမျက်နှာ တစ်ဦး ကြည့်ပြီး သိလိုက်တာ မယ်သီ ဦးလေး ဖုန်းပြောနေသံပဲ ဆိုတာ။ မယ်သီကတော့ အဲ့လိုသံတွေ ကြားလေ သူ့ကိုယ်သူ အပျိုကြီး လုပ်တာ သိပ်မှန်တာပဲ ဆိုပြီး ဂုဏ်ယူလေလေပဲ။ မယ်သီအပျိုကြီး ဖြစ်ရတာ ဝမ်းသာစရာ ကောင်းလောက်အောင် ကြားရတဲ့ အခန်းတွင်းမှ ဦးလေး နှင့် သူ့ချစ်သူတို့ ဖုန်းပြောသံ။ တစ်ဖက်က ဘာပြောတယ်တော့ မယ်သီမကြားရ ဦးလေးက ပြန်ပြောနေတာကတော့ ကြမ်းတမ်းလွန်းတဲ့ စကားတွေ ချိုချိုသာသာ တစ်ခွန်းမှ မရှိ မယ်သီကြားရုံပင် နားခါးလွန်း ဒေါသထွက်မိပြန်တယ်။
မယ်သီ ဒေါသ ဖြစ်ရတာက အကြောင်းမဲ့တော့ မဟုတ်။ မယ်သီ ဦးလေးမှာ ရီးစားတွေ မှိုလိုပေါက်အောင် ထားတယ်။ အခုလက်ရှိ သူရဲ့ ရီးစားကောင်မလေးက ပညာမတက်ပင်မယ့် ရုပ်ရည်ရှိတယ် အလုပ်အကိုင်လည်း ရှိတယ်။ ဦးလေးထက် သာတာတွေ အများကြီး ရှာယူလို့ ရသားကို ဘာလို့များ ဝဋ်ကြွေးခံပြီး တွဲနေလည်း မယ်သီ စဉ်းစားမရ။ ချစ်သူဘဝမှာတောင် မကြင်နာတဲ့သူမျိုးကို သူဘာလို့များ လက်ထပ်လာဖို့ကို စောင့်မျှော်နေမှန်း မယ်သီ တကယ့်ကို တွေးမရ။ ဒါနဲ့ မယ်သီက အမေရယ် ကြည့်စမ်းပါအုန်း အဲဒီမိန်းကလေး ဘာလို့များ ဝဋ်ခံနေတာလဲလို့ အမေ့မောင်လုပ်ပုံက ရှက်စရာ သူများ မိန်းကလေးကို တွဲပြီး ယူဖို့ကြတော့ မယူချင် နေ့ရွှေ့လိုက် ညရွှေ့လိုက်နဲ့ ချစ်သူ မိန်းကလေးကို ကြင်ကြင်နာနာနဲ့ ဆက်ဆံတာလည်း တစ်ခါမှ မတွေ့ဖူးဘူး။ မယ်သီကတော့ ရှက်တယ် အမေရေ။ ညည်းပဲ ရှက်တာ မဟုတ်ပါဘူး မယ်သီရယ်။ ငါတို့လည်း ရှက်တာပဲ ပြောမရလွန်းလို့ မနိုင်လွန်းလို့ လွှတ်ထားရတာ ငါတို့အမျိုးထဲမှာ သူတစ်ယောက်ပဲ ရှိတယ်။ ဟိုမိန်းကလေးလည်း သူဝဋ်ကြွေးနဲ့ သူပဲလေ။ ကိုယ့်အပေါ်မကောင်းမှန်း ဆိုးမှန်း သိသိကြီးကို တွဲနေတာလေ။ မယ်သီက မယ်သီသာ ဆိုရင်တော့ အဲ့လိုလူမျိုး အစက မသိလို့ တွဲမိရင်တောင် အခုသိသွားပြီမို့ လက်တွဲဖို့ ဆိုတာ ဝေလာဝေးပဲ အမေရေ။ အဲ့မိန်းကလေး ကိုယ့်ဆွေမျိုးသာ ဆိုရင် သူ့လိုလူမျိုးကို ဖြတ်ပစ်လိုက်ဖို့ ပြောလိုက်ချင်တယ်။ တကယ့်ကို မြင်ရ ကြားရတာ စိတ်တို ဒေါသ ဖြစ်စရာ ကောင်းလွန်းတယ် အမေရယ်။
အမလေး မယ်သီရဲ့ အေးအေး နေစမ်းပါ။ သွားတော့ မပြောလိုက်ပါနဲ့။ နဂိုကမှ ညည်းဘာသာ အေးအေး နေတာတောင် ဟိုလူနောက် ဒီလူနောက်လို့ ညည်းစိတ်တိုရပြီးပြီး အဲလိုသာ သွားပြောလိုက်လို့ ဟိုက စေတနာလို့ ထင်ရင် ကောင်းရဲ့ ဝေဒနာ ထင်ပြီး ညည်းကို အပျိုကြီးမို့ မခံစားတက်ဘူး ညည်းနဲ့မဆိုင်ဘူးလေး ဘာလေး ပြန်ပြောလာရင် ညည်းပဲ စိတ်တို ဒေါသတွေ ထပ်ဖြစ်ရအုန်းမယ်။ အဲဒီမိန်းကလေးက အကောင်းမထင်ပဲ နင့်ဦးလေး ပြန်တိုင်မှ ငါတို့အိမ်ပါ မုန်တိုင်းကျနေပါအုန်းမယ် မယ်သီရယ်။ သူများကြားထဲ ဝင်မကောင်းပါဘူး ကိုယ့်ဘာသာ အေးဆေးပဲ နေစမ်းပါ။ အိုးကမပူ စလောင်းကပူ လုပ်မနေစမ်းပါနဲ့ သူတို့ကံတူ အကျိုးပေးလို့ ဆုံတွေ့နေကြတာပဲ မှတ်လိုက်စမ်းပါ ငါ့သမီး အပျိုကြီးရယ်လို့ ပြုံးပြုံးလေးနဲ့ ပြောပြနေတဲ့ အမေ့ကို ကြည့်ပြီး မယ်သီကလည်း ဟုတ်ပါတယ်အမေရယ်။ ဒါကြောင့် မယ်သီ အပျိုကြီး လုပ်နေတာ အဲ့လိုလူမျိုးတွေနဲ့ တွေ့မှာကြောက်လို့ မယ်သီမှန်တယ် မဟုတ်လား အမေ။ အမေတွေ ဆိုတာ ထာဝရ သမီးဘက်ကပဲမို့ ဘာမမှန်ရမလဲ မယ်သီရယ်။ ညည်းအပျိုကြီး လုပ်လို့သာပေါ့ နို့မို့ဆို ညည်းကလေးတွေ လိုက်ထိန်းနေရတာနဲ့ ငါအလုပ်ရှုတ်နေမှာ အခုတော့ ငါလည်း အေးအေးချမ်းချမ်း နေနေရတာလေ ညည်းကိုတောင် ကျေးဇူးတင်ပါတယ် မယ်သီရယ်လို့ အမေက သူသမီးလေး မယ်သီစိတ်ကျေနပ်စေမယ့် စကားလေးနဲ့ ပြန်ဖြေလိုက်တော့ အပျိုကြီး မယ်သီမှာတော့ သူအပျိုကြီးဖြစ်ရခြင်းတွက် ပျော်မဆုံး ကျေနပ်စွာနဲ့ပဲ ဘယ်သူခလုတ်လာတိုက်တိုက် စိတ်မတိုတော့ပါ အမေရဲ့ စကားသံများက သူမဘဝတွက် ခွန်အားတွေမို့ သူ့ဘဝလေးကို ကျေနပ်စွာ နေထိုင်သွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။
အပျိုကြီး မယ်သီ ဇာတ်လမ်းလေးကို အရှေ့မှာ မြင်တွေ့ဖြစ်ပျက်နေတာလေးကို အကြောင်းခံပြီး စိတ်ကူးယဉ် ပေါ်ဖော်ရေးသားခြင်းပါ။ ဇာတ်လမ်း ပုံစံမျိုး ရေးသားချင် နေပင်မယ့် ရေးမတက်တာနဲ့ မရေးဖြစ်ခဲ့ပါ။ အခုတော့ အတတ်နိုင်ဆုံး ကြိုးစား ရေးထားကြည့်တာပါ။ အဆင်မပြေတာ ရှိရင်လည်း သည်းခံ ဖတ်ပေးကြပါနော်။ steemit members အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပျော်ရွှင်နိုင်ကြပါစေရှင်။
Author@ayemomo(MSC-051)
Photo by google