သူတပါးရဲ့ဘဝကို မြင့်တင်ပေးခြင်းဟာ ကိုယ်ဘဝကို
မြင့်တင်ပေးခြင်းပါပဲ..။
သူတပါးကို ပေးဆပ်လိုက်ခြင်းဟာ ကိုယ်အတွက် ရယူခြင်းအစစ်အမှန်ပါပဲ..။
သူတပါးရဲ့ အခက်အခဲကို ကူညီပေးလိုက်ခြင်းဟာ
ကိုယ်အခက်ခဲဖြေရှင်းပေးလိုက်တာနဲ့အတူတူပါပဲ..။
မိတ်ဆွေ..
တကယ်ဆို သူတပါးဆီက ရယူလိုက်ခြင်းဟာ ကိုယ်က ပေးဆပ်လိုက်ရတာပါပဲ..။
သင်သတိမထားမိလို့သာပါ.. သင်ပေးဆပ်တာနဲ့အမျှ
ရယူပိုင်ဆိုင်နေတာပါ..
ကိုယ်က ရယူမှ ပိုင်ဆိုင်တယ်လို့် မထင်လိုက်ပါနဲ့
စွန့်လွှတ်ရင်းက သင့်မှာ မမြင်နိုင်တဲ့ အေးချမ်းသာယာတဲ့
စိတ်ခံစားမှုလေး သင်ရလိမ့်မယ်..။
စွန့်လွတ်နိုင်လေ အေးချမ်းမှုကို ပိုင်ဆိုင်လေ..။
ချစ်ခင်ခြင်းဆိုတဲ့ သူတို့ရဲ့ စိတ်စွမ်းအင်
ကြည်ညိုလေးစားခြင်း ဆိုတဲ့ စွမ်းအင်တွေ
ယုံကြည်ကိုးစားခြင်း ၊ ဆိုတဲ့ အရာတွေဟာ
သင် အတွက် တမင်ဝယ်ယူလို့မရတဲ့
မေတ္တာစွမ်းအင်တွေပါပဲ..။
များများ စွန့်လွတ်လေ များများပိုင်ဆိုင်လေပါပဲ..။
တကယ်တော့
လောကမှာ မေတ္တာဓာတ်သာ အအေးချမ်းဆုးံမို့ ..
ပေးဆပ်ပါ..
စွန့်လွတ်ပါ..
ကူညီပါ..
လောက ကို ချစ်သောမျက်စိနဲ့ရှု့ပါ..
မနက်ဖြန်တိုင်းကို အပြုးံနဲ့ကြိုပါ..
အေးချမ်းမှုဆိုတဲ့အရာတွေဟာ သင်အနားကို
ဝပ်ဆင်းလာပါလိမ့်မယ်..။
မပို ( ထီးလင်း)