Steemit members အားလုံး မင်္ဂလာပါရှင်။
မိုက အရောင်းဝန်ထမ်း တစ်ယောက်မို့ ဈေးရောင်းကောင်းတဲ့ နေ့ဆို လူပင်ပန်းနေပင်မယ့် စိတ်ပျော်ရွှင်ရသလို မရောင်းကောင်းတဲ့ နေ့ဆို လူတော့အနားရပါရဲ့ စိတ်တော့ ပင်ပန်းမိတာ အမှန်ပဲ။ အရောင်းအဝယ် ဆိုတာကတော့ ရောင်းရတဲ့ နေ့ရှိသလို မရောင်းရတဲ့ နေ့တွေလည်း ရှိမှာပါပဲ။ ဒါကိုတော့ အရောင်းအဝယ် လုပ်နေသူတိုင်း နားလည်ထား ရမှာပဲလေ။ မရောင်းရလို့ စိတ်ညစ်တာထက် အဲလို ဝယ်သူနည်းတဲ့ နေမျိုးမှာ လာသမျှ ဝယ်သူကလည်း တစ်ယောက် တစ်မျိုး မရိုးနိုင်အောင် ရစ်သူများနဲ့ ဆုံရတဲ့ နေမျိုးဆို တကယ်ကို စိတ်ပျက်မိတာ အမှန်ပဲ။
အခုလည်း ဒီနေ့လေး တကယ်ကို စိတ်ပျက်မိတာ ဝယ်သူကနည်း လာတဲ့သူတိုင်းကလည်း သူတို့ပြောချင်တာပြော ကိုယ်ပြောတာကို လက်မခံ ပြောရတာ လက်ပေါက်ကပ်လွန်းတဲ့သူများနဲ့ပဲ ဆုံရတာ တကယ်ကို စိတ်ပျက်မိတယ်။ ဝယ်သူနည်းတော့ ရောင်းမကောင်းရတဲ့ထဲ လာသမျှလူကိုလည်း ကိုယ်က မရောင်းနိုင်ဘူးဆိုရင်လည်း သူဌေးရဲ့ အရိပ်အကဲကိုလည်း ကြည့်ရသေး ဆိုတော့ တစ်ကယ့်ကို စိတ်ပင်ပန်းရတဲ့ နေ့လေးတွေ ကြုံရတာ အမှန်ပါ။ ဈေးရောင်းတယ် ဆိုတာကလည်း ပြီးရင်ပြီးရော လွယ်လွယ်လေး ရောင်းလို့ ရတာမဟုတ် ကိုယ့်အလုပ်ကလည်း စေတနာလေးပါထည့်ပြီး လုပ်ရတဲ့ အလုပ်မျိုးလေ။ ပြီးရင်ပြီးရော လုပ်လို့ရတဲ့ အလုပ်မျိုး မဟုတ်ဘူးလေ။
ကိုယ့်စီ လာတဲ့ဝယ်သူတွေက မျက်စိ မမြင်ကြသူတွေ ရောဂါဝေဒနာ ခံစားနေရသူတွေ များတော့ စေတနာလေးပါ ထည့်ပြီး ကိုယ့်ကိုနဲ့ ကိုယ်ချင်းစာ လုပ်ရတာလေ။ ကိုယ်ငွေရဖို့ထက် ကိုယ့်စီလာတဲ့သူတွေ အဆင်ပြေပြေ ပျော်ရွှင်သွားဖို့ မမြင်သူတွေလည်း အလင်းရောင် ရစေဖို့ ရောဂါ ဝေဒနာ ခံစားရသူတွေလည်း သက်သာ ပျောက်ကင်းသွားစေဖို့ အဓိကထား စေတနာထား လုပ်ကိုင်ရတာမျိုး ဖြစ်တဲ့တွက်လည်း လုပ်ငန်းတစ်ခုဟာ နှစ်ပေါင်းများစွာတိုင် ရပ်တည်နေနိုင်တာပေါ့။ အခု မိုတို့ လုပ်နေတဲ့ အရောင်းဆိုင်ကလည်း မိုတို့မြို့မှာ နှစ်ပေါင်းများစွာတိုင် နာမည်တစ်ခုနဲ့ ရပ်တည်နေနိုင်တဲ့ဆိုင်လို့ ပြောလို့ရပါတယ်။ ဒါကလည်း ကိုယ်လုပ်နေတဲ့ ဆိုင်မို့ ကြွားပြောခြင်း မဟုတ်ပါဘူးနော်။ မိုပြောချင်တာက လုပ်ငန်းတစ်ခု စီးပွါးရေးတစ်ခုမှာ ကိုယ်ရရင်ပြီးရော ဆိုတာလေးထက် စေတနာလေးပါထည့် ကိုယ့်ကို ပိုက်ဆံလာပေးသူ အပေါ် စေတနာလေးပါ ထည့်ပြီး လုပ်တဲ့ အခါ လုပ်ငန်း တစ်ခုဟာ ပိုအောင်မြင် တိုးတက် နိုင်သလို စေတနာရဲ့ တန်ဖိုး အကျိုးက ကိုယ့်လုပ်ငန်းကို နာမည်ကောင်း တစ်ခုနဲ့ ရေရှည် တည်တံ့ နေနိုင်တယ် ဆိုတာ မိုလက်တွေ့ မြင်တွေ့ နေရလို့ ထည့်ပြောခြင်းပါ။
မိုက ဝန်ထမ်းသက်သက်မို့ ဆိုင်ရောင်းရခြင်း မရောင်းရခြင်းက မိုနဲ့ မသက်ဆိုင်ပါ။ အချိန်တန် လစာရမှာပဲ ဆိုတဲ့ စိတ်မျိုး ထားလို့ရတာပေါ့။ ဒါပေမဲ့ အဲ့လိုစိတ်မျိုး မထားနိုင်ဘူး။ ဘာလို့ဆို သူ့အကျိုး၊ကိုယ့်အကျိုး ကြည့်ရမယ် ဆိုတဲ့ စိတ်မျိုးပဲ ရှိတယ်။ ကိုယ့်ရဲ့ ထမင်းရှင် လုပ်ငန်း ကြီးပွါးတိုးတက်ရင် ကိုယ်ကိုတိုင်လည်း စိတ်ချမ်းသာ ရသလို သူတို့လည်း ပျော်ရွှင်နေမှာ အသေချာပဲလေ။ ဒါ့အပြင် လုပ်ငန်း တစ်ခုမှာ လုပ်ငန်းရှင်ရော ဝန်ထမ်းရော အတွက် ထမင်းရှင်ကလည်း ကိုယ့်စီလာတဲ့ ဝယ်သူ အားပေးသူပဲ မဟုတ်လား။ ဒါကြောင့် လုပ်ငန်း တစ်ခုမှာ အလုပ်ရှင်၊ဝန်ထမ်း၊ဝယ်သူများမှာ အပြန်အလှန် အကျိုးပြု နေကြသူတွေ ဖြစ်တဲ့တွက် စေတနာလေး ထားလုပ်တဲ့ခါ စေတနာရဲ့ တန်ဖိုးကို ပြန်ခံစားရတာပါပဲလေ။
တစ်ခါတလေ ဒီလိုစိတ်ညစ်စရာ ဝယ်သူများ တွေ့ကြုံလာခဲ့ရတဲ့ နေ့များမှာဆို ကိုယ့်ကိုယ်ကို စိတ်ဖြေနိုင်အောင် ကြိုးစာပါတယ် လူဆိုတာ အမျိုးမျိုး ရှိသလို စိတ်တွေလည်း အထွေထွေမို့ လူတစ်ဦးနဲ့တစ်ဦး စိတ်ဓါတ်တွေ အတွေးတွေလည်း မတူညီနိုင်ဘူးလေ။ ကိုယ့်အပြောက ဒီလိုဆိုပင်မယ့် သူက ဘယ်လိုတွေးမှန်းမှ မသိနိုင်တာ ကိုယ်တွေးသလိုလည်း သူပြောချင်တာ ဟုတ်ချင်မှ ဟုတ်မှာပါလေ ဆိုပြီး စိတ်ပျက်စရာနေ့တွေ ရှိရင်တောင် အဲ့လို စိတ်ဖြေနိုင်အောင်ပဲ ကြိုးစားမိတယ်။ ကိုယ့်ရင်ထဲက စေတနာမှန်တဲ့တွက် အကျိုးပေးမှာပဲလို့ ခံယူထားသလို ဘယ်အရာပဲ လုပ်လုပ် စေတနာလေးနဲ့ပဲ လုပ်တယ်။ လူတိုင်းဟာ ပုထုဇဉ်တွေမို့ အမှားနဲ့တော့ ဘယ်ကင်းနိုင်ကြပါ့မလဲလေ။ မိုမှာလည်း မိုမသိလိုက်တာရော မှားမှန်းသိလိုက်တာရော ဆိုတဲ့ အမှားမျိုးတွေ ရှိခဲ့ဖူးပါတယ်။ ဒါပင်မယ့် အမှားထဲကနေ သင်ခန်းစာ ယူပြီး အမှန်ပြင်နိုင်အောင်တော့ အမြဲကြိုးစားနေပါတယ်။ ဒီနေ့ ဝယ်သူက မိုကို စိတ်ညစ်စရာ ဖြစ်စေခဲ့ပင်မယ့်လည်း ဘာပဲဖြစ်ဖြစ် ကိုယ့်ဆိုင်လာပြီး အားပေးသူ ကိုယ့်ထမင်းရှင် ဖြစ်တဲ့အတွက် ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်စိတ်နဲ့ သဟဇာတ မဖြစ်ခဲ့ရင်တောင် သူဟာ ကိုယ့်ကျေးဇူးရှင်ပဲ ကိုယ့်လုပ်ငန်း ရပ်တည်ဖို့ အထောက်အပံ့ ပေးသူပဲမို့ သည်းခံစိတ်၊စေတနာတို့ ပေါင်းစပ်လိုက်တဲ့အခါ လုပ်ငန်းရှင်ရော၊ ဝန်ထမ်းရော၊ ဝယ်သူရော အားလုံး အကျိုးရှိသွားတာ အမှန်ပဲလေ။ ဒါကြောင့် အခုလို စိတ်ပျက်စရာနေ့လေးတွေ ရှိလာရင်တောင် အကောင်းဘက်က ပြန်လှည့်တွေးနိုင်အောင် ကြိုးစားလိုက်မယ်ဆို လုပ်ငန်းခွင်မှာ ပျော်ရွှင်စွာ ရပ်တည်အောင်မြင်နိုင်သလို ကိုယ်လည်း အကျိုးဖြစ် သူတစ်ပါးလည်း အကျိုး ဖြစ်စေမှာ အမှန်ပဲ ဆိုတာ မိုရဲ့ လုပ်ငန်းခွင် ဝန်းထမ်းဘဝ အတွေ့အကြုံများမှ စေတနာ၏တန်ဖိုးကို မိုရရှိ သိရှိတာလေး ဝေမျှခြင်းပါ။ ဘာပဲလုပ်လုပ် စေတနာလေးထားလိုက်ပါ။ စေတနာရဲ့ တန်ဖိုးက ကိုယ့်ကို သူ့အလိုလို အကျိုးပြုမှာပါလို့ မိုယုံကြည်ထားသလို တက်သလောက်လေး ရေးသားခြင်းပါ။ steemit members အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာ ကြပါစေရှင်။
Author@ayemomo(MSC-051)
Photo by google