Steemit members အားလုံး ကောင်းသောနေ့လေး ဖြစ်ပါစေရှင်။ လူတိုင်း လူတိုင်း တစ်နေ့တာ လှုပ်ရှား ရုန်းကန်ကြဖို့ တစ်နေ့တာရဲ့ မနက်ခင်းလေးမှာ မလှုပ်ရှားခင် ကိုယ်ခန္ဓာကို ခွန်အားတွေ ပြည့်စေဖို့ နံနက်စာ အရဟာ ဖြည့်တင်းပြီးမှ စတင်လှုပ်ရှား ကြတာမဟုတ်လား။ နံနက်စာ ဖြည့်တည်းပြီးမှ အလုပ်လုပ်တဲ့သူနဲ့ မဖြည့်တင်းပဲ အလုပ်လုပ်တဲ့သူ တကယ်ကို ကွာခြားပါတယ်။ အဟာရ ဖြည့်တင်းလိုက်တဲ့ ခန္ဓာကိုယ်က မဆာလောင်နေတော့ ဘာလေးပဲ လုပ်လိုက် လုပ်လိုက် တက်ကြွလန်းဆန်း နေမှာ အသေချာမို့ ကောင်းသော နံနက်ခင်းနဲ့အတူ ကောင်းသောနံနက်စာကို ဖြည့်တင်းပြီး ကောင်းသောတစ်နေ့တာလေးကို စတင်လိုက်ပါလို့ တိုက်တွန်းလိုက်ပါရစေ။
မိုရဲ့ ဒီနေ့တွက် နံနက်စာလေးကိုတော့ မောင်လေးက မနက်ခင်း စက်ဘီး ထစီးလေ့ရှိတာမို့ မိုတို့မြို့လေးရဲ့ ကျားတားရပ်ကွက်မှာ ရှိတဲ့ ရေစိမ်မုန့်ဟင်းခါးလေးကို ဝယ်လာပေးတာမို့ အဆင်သင့် စားပြီး ဗိုက်လည်း ပြည့်ပြီမို့ အလုပ်သွားဖို့ အိမ်ကထွက်ခဲ့ပါတယ်။မိုကတော့ တစ်နေ့တာကို ကောင်းခြင်းများနဲ့ စနိုင်ဖို့ ကောင်းသော နံနက်စာလေး စားခဲ့သလို steemit members အားလုံးလည်း တစ်နေ့တာလေးကို ကောင်းခြင်းများနဲ့ စနိုင်ဖို့ နံနက်စာလေးကို မဖြစ်မနေ စားကြပါနော်။
Author@ayemomo(MSC-051)
Photo by google& my phone