Steemit members အားလုံး မင်္ဂလာ ညချမ်းလေးပါရှင်။ မင်္ဂလာရှိသော ညချမ်းလေးမှာ ထပ်ပြီး ကျက်သရေတိုး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံစေဖို့ မိုတို့မြို့လေး မိုတို့ရပ်ကွက်ရှေ့သို့ နှစ်ကျိပ်ရှစ်ဆူသော ဘုရားများ လှည့်လည် အပူဇော်ခံ ကြွချီတော်မူလာလို့ နေပါတယ်။ မိုတို့ရပ်ကွက်ရှေ့မှာ မဏ္ဌပ်ကြီး ထိုးကာ ရပ်ကွက်မှ ဦးစီး ဦးဆောင်ပြုကာ လှည့်လည်လာသမျှ အပူဇော်ခံ ဘုရားများကို ရပ်ကွက် အသီးသီးမှ ပြင်ဆင်ချယ်သလာပုံ လိုက်ပါလာသမျှ လူများ သပ်ရပ် သေသပ် ဝတ်စားမှုတို့ကို ကြည့်ပြီး ဆုများ ချီးမြှင့် ပေးသလို လောင်းလှူ ကုသိုလ်ယူသူများဖြင့် စည်းကားလျှက် ရှိတာမို့ ထပ်တူသာဓုခေါ်နိုင်စေဖို့ ဝေမျှလိုက်ပါတယ်။
Author@ayemomo
Photo by my phone