Steemit members အားလုံး မင်္ဂလာပါရှင်။ မို steemit မှာ ရေးသားခဲ့သော post တော်တော် များများမှာ မိုအသုံးများတဲ့ စကားလေး တစ်ခွန်းက တန်ဆေး လွန်ဘေး ဆိုတာ လေးပေါ့။ ထိုစကားပုံ လေးကို အလွန်ပင် ကြိုက်နှစ်သက်ပါသည်။ ဘာလို့လဲဆို စကားလေးရဲ့ လေးနက်တဲ့ အနက်အဓိပ္ပါယ်ကို လက်တွေ့ သိမြင်နိုင်လို့ပါပဲ။ တန်ဆေး လွန်ဘေး ဆိုတဲ့ အတိုင်း ဘယ်အရာကို မဆို အလွန်အကျွံ မလုပ်မိစေဖို့ကို ထိုစကားလေးနဲ့ သက်သေပြ နေတာမို့ပါ။ စဉ်းစားကြည့်လေ ဘယ်အရာကို မဆို ဘယ်အအလုပ်ကို မဆို အလွန်အကျွံ လုပ်မိမယ်ဆို ဘေးဖြစ်နိုင်တာ မဟုတ်လား။ ဒါကြောင့် ပုံမှန်လေးပဲ ကောင်းပါတယ် ပုံမှန်ထက် ကျော်လွန်သွားရင် ဆေးမဖြစ်ပဲ ဘေးဖြစ်သွားစေမယ် ဆိုတဲ့ စကားပုံလေး ရှေးလူကြီးများရဲ့ ဆုံးမစကားက တကယ့်ကို တန်ဖိုးရှိပြီး တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာဆိုလည်း မမှားပါဘူးနော်။
ကိုယ့်အတွက် ဆေးဖြစ်ဖို့ကို ရွေးမလား ကိုယ့်အတွက် ဘေးဖြစ်ဖို့ကို ရွေးမလား ဆိုတာတော့ ကိုယ်ကိုတိုင်ပဲ ရွေးချယ် ဆုံးဖြတ်ကြရမှာပါ။ ဘယ်အလုပ်ပဲဖြစ်ဖြစ် သတိလေးကပ်ပြီး တန်ဆေး လွန်ဘေး ဆိုတဲ့ စကားပုံလေးကို အမြဲတမ်း သတိတရ ရှိမယ်ဆိုရင်တော့ ကိုယ်လုပ်လိုက်တဲ့ အရာတိုင်းဟာ ကိုယ့်တွက်ဆေး ဖြစ်စေမယ်ဆိုတာ မိုယုံကြည်သလို အားလုံးလည်း ယုံကြည်မယ်လို့ ထင်ပါတယ်နော်။ တန်ဆေး လွန်ဘေးနဲ့ ပတ်သက်ပြီး ဥပမာလေးတွေ ပြောပြရမယ် ဆိုရင်တော့ စာရေးသူ အကြောင်းလေး အရင်ပြောပါရစေ။ စာရေးသူက ရုပ်ရှင်ကြည့်တာ အရမ်းဝါသနာ ပါတယ်။ အထူးသဖြင့် ကိုးရီးယားကားတွေပေါ့။ ကိုရီးယားကားတွေက မြန်မာပြည်သူတွေကို သူတို့ရုပ်ရှင်ပေါ် စွဲလမ်းမှု ရှိအောင် စွဲဆောင်ထားနိုင်တာတော့ အမှန်ပဲလေ။ ဒါကတော့ ကိုရီးယားကြိုက်သူတိုင်းတော့ လက်ခံမယ် ထင်ပါတယ်။
ဘယ်လောက်ရူးသလဲဆို ညညဆို တစ်ခါတစ်လေ ဇာတ်ရှိန်တက်ရင် တစ်နာရီ နှစ်နာရီ ထိုးတဲ့ထိ ကြည့်တာ အဲတော့ အိမ်က လူကြီးတွေက အော်တာပေါ့။ ကျန်းမာရေး ထိခိုက်မယ် မကောင်းဘူးပေါ့။ အော်လည်း ကြည့်တာပဲ ကိုယ်ကြိုက်တာကိုးလို့ ပထမတော့ ဘာမှမဖြစ်ဘူးပေါ့ ။ ကိုယ်ကြိုက်တာ လုပ်နေရတော့ စိတ်ချမ်းသာ နေတာပေါ့။ နောက်တော့ ဘယ်နေမလဲ ပုံမှန်မဟုတ် အလွန်အကျွံ လုပ်ခြင်းရဲ့ အကျိုးကို ကိုယ်တိုင်ခံစား လာရတော့တာပေါ့။ ခေါင်းတွေကိုက်လာ အကြောတွေတက်လာ အိပ်ရေးတွေလည်းပျက်နဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ ဆိုးကျိုးတွေ ခံစားလာရတော့တာပေါ့။ အဲတော့ အိမ်ကပြောပြီးပေါ့ လူကြီးပြောနေတာ နားမှမထောင်ပဲ ဖြစ်ပြီးပေါ့။ ပြောတော့လည်း ငြိမ်ခံပေါ့ ကိုယ့်အမှားကိုး။ အခုတော့ ဘယ်အရာကိုမှ ဘယ်လောက်နှစ်သက် နှစ်သက် အလွန်အကျွံ မလုပ်မိစေဖို့ အရေးကြီးမှန်း ကိုယ်တိုင်ခံစား ရတော့မှ တန်ဆေး လွန်ဘေး ဆိုတဲ့တိုင်း ဘေးမဖြစ်စေဖို့ တန်သလောက်လေး ကြည့်သင့်သလောက်လေးပဲ ကြည့်တော့တာပေါ့။
တစ်ချို့ ဂိမ်းကစားသူများကိုလည်း အလွန်အကျွံ မကစားကြဖို့ သတိပေးပါရစေ။ ဘာလို့ဆို မိုတို့ဆိုင်ကို အများဆုံး မျက်မှန် လာလုပ်ကြတဲ့ ကလေးငယ်တွေ မျက်မှန်ပါဝါတွေ ကျသွားတယ် ဆိုတာမရှိ ပိုပိုပြီး တိုးတိုးလာကြတာပဲ တွေ့ရတယ် သူတို့ကို မေးလိုက်ရင် ဖုန်းကို လက်ကမချတဲ့သူနဲ့ ဂိမ်းကို အရူးအမူး ဆော့ကြတဲ့သူပဲ များတယ်။ ဂိမ်းဆော့ခြင်းကြောင့် မျက်လုံး ထိခိုက်ရုံသာမက ကျန်းမာရေး ချို့တဲ့ စေသော တစ်ခြားသော ဝေဒနာ များကိုလည်း ခံစားကြရမှာ အသေချာပဲမို့ အလွန်အကျွံ မလုပ်ကြပါနဲ့လို့။ တစ်ချို့ဆို ဂိမ်းအဆော့လွန်လို့ ကြောင်သွားသူများတောင် ရှိတယ်လို့ ကြားဖူးတာမို့ ဂိမ်းဆော့ သမားများလည်း တန်ဆေး လွန်ဘေး ဖြစ်နိုင်တာကို သတိတရ ရှိပြီး ကစားကြပါလို့ ပြောပါရစေနော်။
မိုပြောချင်တာကတော့ ဂိမ်းတို့ ရုပ်ရှင်တို့မှ မဟုတ်ပါဘူး။ ကျောင်းသားများလည်း စာကျက်ရာမှာပဲ ဖြစ်ဖြစ် လူသား အာလုံးလည်း ကိုယ်နှစ်သက်ရာ ကိုယ်ဝါသနာပါရာ ကိုယ့်ရဲ့အလုပ် ဘဝတစ်လျှောက်လုံးမှာ ဘယ်လိုအရာ ဘယ်လိုအပြုအမူမျိုး အလေ့အကျင့်မျိုးကိုမှ ပြင်းပြင်းထန်ထန် အလွန်အကျွံ လုပ်ဆောင်တာမျိုး မလုပ်ကြပါနဲ့လို့ ဘယ်အရာမှ လိုသည်ထက် ပိုလုပ်မိပါက တန်ဆေး လွန်ဘေး ဆိုသည့် အတိုင်း ကိုယ့်ရဲ့ အပြုအမူ ကိုယ့်ကို ဘေးဖြစ်သွားနိုင်စေတယ် ဆိုတာလေးကို တန်ဆေး လွန်ဘေး စကားပုံလေးနဲ့ပဲ အဆုံးသတ်ပါရစေ။ steemit family ကြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ဘဝမှာ ဘယ်လိုအရာကိုမှ အလွန်အကျွံ မလုပ်မိစေဖို့ ဘယ်လိုဘေးမျိုးကိုမှ မကျရောက်စေဖို့ တန်ဆေး လွန်ဘေး စကားပုံလေးကို အမြဲသတိရ စေချင်တဲ့ စေတနာပါနော်။
Author (MSC 051)
Photo by google