ကိုယ့်ဘဝမှာ ဆုံတွေ့ရတဲ့လူတစ်ချို့
ကိုယ့်ကိုမုန်းတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။
သူ့တို့ ကြောင့်ကိုယ့်စိတ်တွေ ပိုပြီးကြံ့ခိုင်လာပါတယ်။
ကိုယ့်ကိုချစ်ခင်တဲ့သူတွေကို ကျေးဇူးတင်ပါတယ်။
သူတို့အချစ်တွေကြောင့် ကိုယ့်နှလုံးသားက
ခံစားတတ်လာပါတယ်။
ကိုယ့်ကိုမနာလိုတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။
သူတို့ကြောင့် ကိုယ့်တန်ဖိုးကို
ကိုယ်သိခွင့်ရလာပါတယ်။
ကိုယ့်ကိုကြင်နာဂရုစိုက်တဲ့သူတွေကို
ကျေးဇူးတင်ပါတယ်။
သူတို့ကြောင့် ကိုယ်က လောကမှာ
အရေးပါတဲ့လူတစ်ယောက်လို့ ခံစားရပါတယ်။
ကိုယ့်ဘဝထဲကို ဝင်လာတဲ့သူတွေကို
ကျေးဇူးတင်ပါတယ်။
သူတို့ကြောင့် ကိုယ်ကဘယ်သူဆိုတာ
ဖြစ်တည်လာပါတယ်။
ကိုယ့်ဘဝထဲက ထွက်သွားတဲ့သူတွေကို
ကျေးဇူးတင်ပါတယ်။
သူတို့ကြောင့် လောကကြီးမှာ ဘယ်အရာမှ
မမြဲတာကို သိခွင့်ရလာပါတယ်။
ကိုယ့်အနားမှာ ရှိနေပေးတဲ့သူတွေကို
ကျေးဇူးတင်ပါတယ်။
သူတို့က မိတ်ဆွေစစ်၊ မိတ်ဆွေကောင်းတို့ရဲ့ အဓိပ္ပာယ်ကို နားလည်အောင် ပြသခဲ့ပါတယ်။
ပြုံးဇာလီ
နိုင်ငံခြား status တစ်ခုကို ပြန်ဆိုပါသည်...
ပြန်လည်မျှဝေပါသည်။
#ကျော်ကျော်ခိုင်