Steemit members အားလုံး မင်္ဂလာရှိသော နေ့လေး ဖြစ်ပါစေနော်။အခုအချိန်ကာလလေးဟာ ဝါတွင်းကာလ ဖြစ်သည့်အတွက် ကောင်းမှုကုသိုလ် အထူးပြုကြသော ကာလလေးလည်း ဖြစ်ပါတယ်
မြန်မာလူမျိုးတွေ ဖြစ်ကြတဲ့အတွက် ကောင်းမှုကုသိုလ် ဆိုတာ နေ့စဉ်နှင့်အမျှ အနည်းအများတော့ ပြုလုပ်နေကြရမှာပါ မြန်မာတို့အတွက် ဒီဝါတွင်းကာလလေးမှာ ဘုရားသွား ကျောင်းတတ် ဥပုသ်စောင့် သီလယူပြုလုပ်ကြသည်မှာလည်း မြန်မာတို့ရဲ့ မွန်မြတ်သော ဓလေ့ အစဉ်လာကောင်းများကို လက်ဆင့်ကမ်း ထိန်းသိမ်း စောင့်ရှောက်နေကြတာ ယနေ့တိုင်မို့ အလွန်ပင် ဝမ်းမြောက်စရာပါ တကယ်ကို ပျောက်ပျက်မသွားအောင် စောင့်ရှောက်ရမှာပါ အဲလိုစောင့်ရှောက်မှ သာသနာတော်ကြီး ဆက်လက်ထွန်းကား နေမှာပေါ့
လူသားတိုင်း တစ်နေ့တော့ သေကြရမှာ ဆိုတာ လူတိုင်း သိပြီးသားပါ ထိုအတူပဲ ကိုယ်သေရင် ကိုယ့်နောက်ပါမှာလည်း ကိုယ်ပြုထားတဲ့ ကောင်းခြင်း ဆိုးခြင်းများပဲဆိုတာ လူတိုင်းလိုလို သိပြီးကြမှာပါ ကိစ္စများမြောင် လူတို့ဘောင်ဆိုတဲ့အတိုင်း လူဘဝ ရတဲ့ခဏလေးမှာ မိသားစု စားဝတ်နေရေး တွေနဲ့ပဲ တစ်နေ့တစ်နေ့ ရုန်းကန်လှုပ်ရှား နေရတာမို့ ကောင်းမှု့ကုသိုလ်လုပ်ဖို့ အချိန်တွေ မပေးနိုင်လောက်အောင်လည်း မေ့လျော့နေကြသူတွေလည်း အများကြီးပါ ဘယ်လောက်ပင် အချိန်မရှိပါစေ တစ်နေ့တာမှာ ရသလောက်လေးကိုတော့ တက်နိုင်တဲ့ အင်အားလေးကို သုံးလို့ ကောင်းတာတွေပြော ကောင်းတာတွေလုပ်ခြင်းဖြင့် ရသမျှကုသိုလ်လေးကို ရသလောက်ယူသွားနိုင်အောင် ကြိုးစားကြပါလို့ တိုက်တွန်းပါရစေနော်
နေ့စဉ် များပြားလှတဲ့ အလုပ်တွေ အပူအပင်တွေကြောင့် ဘဝမှာစိတ်မော လူမော တွေဖြစ်နေရတာမို့ တစ်ဘဝလုံးစာ အေးငြိမ်းရာနေရာကို ရောက်နိုင်ဖို့ ခဏလေး ရောက်သွားရင်တောင် ငြိမ်းချမ်းသွားစေတဲ့ ဘုရားရိပ် တရားရိပ်ကို မြန်မာလူမျိုး ဗုဒ္ဓဘာသာတိုင်းလိုလို သွားကြတာ အမှန်ပါ
မိုတို့မိသားစုလေး ဆိုရင် ဝါတွင်းကာလမှာတော့ မဖြစ်မနေ တစ်မိသားစုလုံး ဘုန်းကြီးကျောင်းသို့ သွားကာ သီလယူ တရားနာ ဆွမ်းကပ် ပြီး နေ့လည်၁၂နာရီ မထိုးခင်အမှီ ထမင်းများစားကာ တစ်နေ့တာ ဥပုသ်လေးကို တစ်အိမ်သားလုံး စောင့်လေ့ရှိတယ် ဒါဟာလည်း ဒီလိုကောင်းတဲ့ အလေ့အကျင့် အပြုအမူကောင်းများရှိအောင် ငယ်စဉ်ကလေး ဘဝထဲက ဘုရားကျောင်းကန်ဆိုတာ သွားရမယ် သွားသင့်တဲ့နေရာ ဆိုတာသိအောင် အဖိုးအဖွါး မိဘများက ခေါ်ဆောင်သွားလေ့ရှိတာမို့ ဘုရားကျောင်းကန်သွားရမှာ ပျော်တယ် တကယ်အေးချမ်းခြင်း အစစ်နေရာဆိုတာလည်း သိခွင့်ရတဲ့အတွက် မိုမိသားစုအားလုံးကို ကျေးဇူးအထူးတင်ပါတယ် ဘာလို့လဲဆိုတော့ ကံကောင်းသူ ဖြစ်ခွင့်ရလို့ပါ လူဆိုတာ ကောင်းတဲ့အသိုင်းဝိုင်း မိသားစုမှာ ရှင်သန်ခွင့်ရလို့ ကောင်းတဲ့လမ်းကို လျှောက်ခွင့်ရတာ မကောင်းတဲ့အသိုင်းဝိုင်းမှာ ဖြစ်တည်ခဲ့မယ်ဆို မကောင်းတဲ့လမ်းကို လျှောက်မိချင် လျှောက်မိနေမှာလေ မဟုတ်ဘူးလား
ဝါတွင်းကာလမှာဆို တစ်ပါတ်မှာ တစ်ရက်သာရတဲ့ ဥပုသ်ကို မဖြစ်မနေစောင့်ကြပါ
ဘာလို့ဆိုရင် ဥပုသ်စောင့်ခြင်းဟာ ဒီဘဝတွင်သာမက နောင်ဘဝရောက်သွားရင်တောင် ဆုတောင်းစရာမလို အကျိုးများတယ်ဆိုတာ ဥပုသ်နေ့လေးမှာ ဘုန်းကြီးကျောင်းသွားပြီး နာခဲ့ရတဲ့ တရားလေးကို ထပ်တူအကျိုးခံစားနိုင်ဖို့ မျှဝေပေးပါရစေနော် တရားတော်လေးအစ
ဂေါတမဘုရားရှင် လက်ထက်တော်က ဟိမဝန္တာတောထဲမှာ ညောင်ပင်ကြီး တစ်ပင်ရှိတယ်တဲ့ အဲဒီညောင်ပင်ကြီးမှာ ရုပ်က္ခစိုးနတ်တစ်ပါး စံမြန်းနေထိုင်တော်မူတယ်တဲ့ တစ်နေ့မှာ ခရီးနှင်လာကြတဲ့ ရဟန်းတစ်စုက ညောင်ပင်ကြီးနားရောက်တော့ ခရီးခဏရပ်နားပြီး ညောင်ပင်အောက်မှာ သီတင်းသုံးဖို့ လုပ်ကြတာ ရဟန်းတစ်ပါးက ညောင်ပင်ကြီးက အရိပ်တော့ကောင်းပါရဲ့ ရွာနဲ့ဝေးတော့ ဆွမ်း သောက်သုံးရေတို့ အခက်ခဲဖြစ်လိမ့်မယ် ပြောတော့ ကြားနေရတဲ့ ရုပ်က္ခစိုးနတ်က ခရီးသွားရဟန်းတို့ကို ဒါနပြုချင်စိတ်ြဖစ်ပြီး စမ်းချောင်းလေး တစ်ခုလို ဖန်ဆင်းပေးလိုက်တော့ စမ်းချောင်းလေးကိုမြင်တော့ ရဟန်းတို့မှာ ညောင်ပင်အောက်မှာပဲ သီတင်းသုံးဖို့ ဆုံးဖြတ်လိုက်ကြတယ်လေ သဒ္ဒါထက်သန်သော ရုပ်က္ခစိုးနတ်မင်းကြီးက ဆွမ်းခဲဖွယ်တို့ကို ဖန်ဆင်းပြီး ရဟန်းတော်တို့ကို ဆပ်ကပ်လေတော့ ရဟန်းတို့ထဲမှ အကြီးဆုံး ရဟန်းမှ သာဓုခေါ်ပြီး အသင်ရုပ်က္ခစိုး အခုလိုအရာရာကို ဖန်ဆင်းနိုင်တဲ့ တန်ခိုးဣဒ္ဓိပါတ်နဲ့ ပြည့်စုံနေရတာလဲလို့ မေးမြန်းသောအခါ ရုပ်က္ခစိုးနတ်မှ လူ့ဘဝတုန်းက နေ့ဝတ်ဥပုသ်ကို အသက်နဲ့လဲပြီး စောင့်ခဲ့အကျိုးပါလို့ ဖြေတော်မူတော့ ရဟန်းမှ အတိတ်ဘဝက ဥပုသ်စောင့် ကုသိုလ်ပြုပုံလေး ဆက်လက်မေးတော့ ရုပ်က္ခစိုးနတ်မှ သူ့လူဘဝတုန်းက လယ်ပိုင်ရှင်သူဌေးကြီး အိမ်မှာ လယ်ကူလုပ်ရတဲ့ လယ်လုပ်သားလေးပါ သူကသူဌေးနှစ်သက်စေဖို့ မိုးလင်းမိုးချုပ် ကြိုးကြိုးစားစားလုပ်ကိုင်တာ သူတို့သူဌေးကြီးက ဘုရားရှင်ကို အင်မတန်ကြည်ညိုလေးစားသူမို့ ဥပုသ်နေ့ရောက်တိုင်း သူအပါအဝင် သူ့မိသားစုရော အိမ်ရှိအလုပ်သမားအားလုံးကိုပါ ဥပုသ်စောင့်ခိုင်းလေ့ရှိတာ ဥပုသ်နေ့လည်းရောက်ရော အားလုံးဥပုသ်စောင့်သွားကြမှာမို့ ညစာမချက်ဖို့ သူဌေးကြီးက မှာလေတယ် သူဌေးက လူသစ်လေးရောလို့ မေးတော့မှ မနက်စောကြီးထဲက ထမင်းထုပ်ယူပြီး လယ်ထဲဆင်းသွားပြီးလို့ ပြောတော့ လူသစ်ဆိုတော့ အလုပ်သမားခေါင်းက ဥပုသ်နေ့ အားလုံးဥပုသ်စောင့်ရမှာ မပြောရသေးဘူး ဖြစ်သွားတာပေါ့ သူဌေးကတော့ စိတ်ပူလို့ အခြားသူတွေကို သူပြန်လာရင် ဗိုက်ဆာနေလိမ့်မယ် ထမင်းချက်ဖို့ပြောလေတယ် လယ်လုပ်သားလေးမှာ အလုပ်သိမ်း အိမ်ပြန်လာတော့ အိမ်ကတိတ်ဆိတ်ငြိမ်သက်ပြီး ထမင်းစားချိန်မို့ ထမင်းစားဆောင်မှာလည်း ဘယ်သူမှမရှိ တစ်နေကုန်လုပ်ထားတော့ ဗိုက်ကလည်းဆာ အဲ့မှာအလုပ်သမားခေါင်းကို တွေ့တော့ မေးလေရာ ဒီနေ့ဥပုသ်နေ့မို့ အားလုံးဥပုသ်စောင့်ကြတာလို့ ပြောတော့ သူလည်းဥပုသ်စောင့်ချင်တယ်လို့ သူဌေးမှာခွင့်တောင်းလေတယ် သူဌေးကြီးက သူ့စိတ်ဆန္ဒပြင်းပြနေမှန်းသိတော့ နေ့ဝက်ဥပုသ်စောင့်ခွင့် ပေးလိုက်တယ် လူငယ်လေးမှာလည်း ဘုရားကိုအာရုံပြုရင်း ဥပုသ်စောင့်နေတာပေါ့ ညဉ့်လည်းနက်ရော တစ်နေကုန်အလုပ်လုပ်ထားတော့ ဗိုက်ကဆာလာတာပေါ့ ဒါပေမဲ့ သည်းခံကာ တရားကိုပဲ မှတ်ရှာတယ်လေ သူဌေးက သိတော့ ဥပုသ်ဖျက်ပြီး ထမင်းစားဖို့ ပြောတော့ လူငယ်လေးမှာ ဆာလွန်းလို့သူသေချင်သေသွားပါစေ နေ့ဝက်ဥပုသ်လေးတော့ သူမဖျက်ပါရစေနဲ့လို့ တောင်းဆိုရှာတော့ သူဌေးကြီးမှာလည်း ခွင့်ပြုလိုက်ရတာပေါ့ လူငယ်လေးမှာ ဆာလောင်မှုဒဏ်ကို ကျိတ်မှိတ်ခံတော့ လေနာထကာ မနက်လင်းတော့ အသက်မရှိတော့ဘူးတဲ့လေ ဒါပေမဲ့ သူစောင့်ခဲ့တဲ့ နေဝက်ဥပုသ်ရဲ့အကျိုးက အခုဘဝမှာ အရာရာဖန်ဆင်းနိုင်တဲ့ ရုပ်က္ခစိုးနတ် လာဖြစ်တာပါလို့ သူရဲ့နေဝက်ဥပုသ် အကျိုးလေးကို ရဟန်းတော်တို့အား လျှောက်ထားလေတယ် ဥပုသ်စောင့်ခြင်း အကျိုးများပုံ အတိုချုံးလေးပါ
ဒါလေးကတော့ ဘုရားဟောအတိုင်းကို မိုတို့ ဘုန်ကြီးကျောင်းမှာ ပြန်လည်နာကြားခဲ့ရတာလေးကို မိုတို့နှင့်အတူ ဥပုသ်စောင့်ခြင်း၏ အကျိုးများပုံကို ထပ်တူသိရှိစေဖို့ ပြန်လည်မျှဝေတာပါ လှုပ်ရှားရုန်းကန်ဖြတ်သန်းနေရတဲ့ ဘဝထဲမှာ နေ့စဉ်ဥပုသ်စောင့်ဖို့တော့ ဘယ်ဖြစ်နိုင်မှာလဲနော် မိုလည်းမလုပ်နိုင်သေးပါဘူး ဒါပေမဲ့ ဝါတွင်းကာလလေးမှာတော့ တစ်ပါတ် တစ်ရက်လေးကိုတော့ ဥပုသ်စောင့်ဖြစ်အောင် စောင့်ပါတယ် မစောင့်ဖြစ်သေးတဲ့သူများအားလုံးလည်း ဥပုသ်စောင့်ဖြစ်အောင် ကြိုးစားပါလို့ စေတနာ အမှန်ဖြင့် ပြောခွင့်ပြုပါနော် ဆရာလုပ်တာ မဟုတ်ပါဘူးနော် လူသားအားလုံးအတွက် သေရင် ကိုယ်နောက်ပါမှာ ဒီကုသိုလ်တရားတွေပဲမို့လို့ပါ မြန်မာတို့ရဲ့ အလေ့အထကောင်းများကို ထိန်းသိမ်းစောင့်ရှောက်ရင်း ဥပုသ်စောင့်ခြင်းဖြင့် ကုသိုလ်တရားများ ပါအောင်ယူသွားနိုင်ကြပါစေလို့ ဆန္ဒပြုရင်း။
အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ
Written by
Photo by my phone&google