မင်္ဂလာပါရှင်
ဂျပန်လို့ပြောလိုက်တာနဲ့ တော်တော်များများသိကြတာတော့ တိုကျို(Tokyo)(東京)နဲ့ ဖူဂျီတောင်(Fujisan)(富士山)ကိုတန်းသိကြပါတယ်
(Fujisan)(富士山)
အကြောင်းနဲနဲပြောပြချင်ပါတယ် ဂျပန်မှာအမြင့်ဆုံးတောင်ဖြစ်တဲ့ ဖူဂျီတောင်ဟာအမြင့်ပေ(3776)mရှိပြီး ဟွန်းရှုးကျွန်း(Honshu)ပေါ်မှာတည်ရှိနေတာပါ
တိုကျိုမြို့အနောက်တောင်ဖက်မှာရှိပြီးတော့ နေသာချိန်တွေမှာ ရှင်းရှင်းလင်းလင်းမြင်တွေ့ရတတ်ပါတယ်
နှစ်ဝက် လောက်ကနှင်းတွေဖုံးနေပြီးတော့ ပန်းချီကားဆန်စွာ လှနေသောကြောင့် ကမ္ဘာ့ခရီးသွားတွေကိုအဆွဲဆောင်ဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်
နှစ်ပေါင်း 100,000လောက်ရှိပြီဖြစ်တဲ့ဖူဂျီ တောင်ရဲ့တောင်တက်ခရီးစဉ် ကိုအခုထိလူအများတက်နေကြဆဲဖြစ်ပါတယ်
တောင်ပေါ်တက်ဖို့အတွက်ရာ တောင်တက်ကျင့်မရှိသူအတွက်ကတော့ တကယ့်ကိုစိန်ခေါ်မူအကြီးစားဖြစ်ပါတယ် နိုင်ငံတွင်းနေသူအများစုကတော့ တလကြိုတင်က စီစဉ်ပြီးလိုအပ်တဲ့ပစ္စည်းများစုဆောင်းခြင်း ရှောင်ရန်ဆောင်ရန်များကိုကြိုတင်လေ့လာခြင်းများပြာလုပ်ကြပါတယ်
တောင်ပေါ် ၅ဆင့်အထိကိုတော့ ကားဖြင့်တက်နိုင်ပြီး ထိုမှတဆင့် တောင်ပေါ်ကို ခြေလျှင်တက်ရပါတယ် ဂျပန်လူမျိုးတွေဟာ တောင်ပေါ်တက်ချိန်ကို ညပိုင်းကိုသာရွေးကြပါတယ်
အောက်ဆီဂျင်ဗူးကိုယ်ဆီနှင့် ပင်ပင်ပန်းပန်းတောင်တက်ပြီး တောင်ထိပ်ရောက်ချိန်နှင့် နေထွက်ချိန် အံကိုက်ကျအောင်ချိန်တွက်ပြီးတက်ကြပါတယ် ကိုယ်နဲ့နီးကပ်သယောင်ရှိနေတဲ့ နေလုံးကြီးရဲ့အလှကိုရှုစားသူ ဆုတောင်းသူ အများအပြား ဖူဂျီတောင်ထိပ်ပေါ်တွင်ရှိကြပါသည်
ဂျပန်လူမျိုးတွေဟာ မြန်မာနိုင်ငံရဲ့ကျိုက်ထီးရိုးလိုပါပဲ ဖူဂျီတောင်ကိုလည်း ၃ခေါက်တက်နိုင်အောင်ကြိုးစားကြပါတယ် တောင်ပေါ်မှဆင်းချိန်တွင် တောင်ခြေရှိရေပူစမ်းတွင် ရေစိမ်ခြင်းဖြစ် ကိုယ်လက်ကိုက်ခဲခြင်းကိုကုသကြပါတယ်
ဖူဂျီတောင်ကိုအများဆုံးတက်တဲ့အချိန်ကတော့ ၇လပိုင်း ၈လပိုင်းတွေပဲဖြစ်ပါတယ်
HFS---24