လမ်းပေါ်ကလူ
အကွေ့အကောက်များလှတဲ့
ဒီလမ်းမထက်မှာ
မသာနံ့တလှည့်
ပန်းရနံ့တလှည့်နဲ့
ဒုက္ခနဲ့ သုခအကြားမှာ
ငါ ခပ်ပါးပါးလေးလမ်းလျှောက်နေတယ် ....
လေးညှို့သံကြားတိုင်းသာ
ရှောင်ကွင်းလို့သွားနေရရင်
ဒီသစ်သီးကိုငါစားရမှာမဟုပ် ....
ပါးစပ်ရှိတဲ့
နံရံအပျက်တွေကိုကျောခိုင်း
အပိုင်းပိုင်းပြတ်နေတဲ့
ငါ့စိတ်ဓာတ်တွေကိုဆက်
ငါ့ရဲ့ပန်းတိုင်ခရီး
ငါ..ရဲရဲကြီးချီတက်ရလိမ့်မယ် ...
Kotint