ချစ်သူဆိုသည်မှာ..
တယောက်နဲ့တယောက် ဘယ်လောက်ဝေးဝေး စိတ်ချင်းနီးရင်ရတယ်ဆိုပေမဲ့ တခါတလေမှာ လူချင်းနီးမှ ပိုအဆင်ပြေတတ်ကြတာပါ.
ချစ်သူဆိုသည်မှာ..
လူချင်းနီးပြန်ရင်လည်း တကျက်ကျက်ရန်ဖြစ်နေတတ်ကြသလို ဝေးသွားတဲ့အခါကြမှ တသသ ပြန်ဖြစ်နေတတ်ကြပြန်ပါတယ်.
ချစ်သူဆိုသည်မှာ..
တသသလွမ်းတယ်လို့ ပြောနေတတ်ပေမဲ့ အဆင်မပြေစရာ တခုလောက်ကြုံလာခဲ့ရင် မုန်းပါတယ်လို့ ပြောဖို့ ဝန်မလေးကြပြန်ဘူး.
ချစ်သူဆိုသည်မှာ..
မုန်းပါတယ်လို့ ခနခန ပြောနေရင်းနဲ့ပဲ တခါတလေမှာ အရမ်းချစ်မိတဲ့ ချစ်သူဘဝကို ရောက်သွားတတ်တဲ့ အခါမိုးတွေလည်းရှိတတ်ပြန်ရော..
ချစ်သူဆိုသည်မှာ..
အရမ်းချစ်တယ်ထင်ပြီး ပတ်သက်နေမိတဲ့ အချိန်မှာပဲ ကြာလာလေ မချစ်တော့လေဆိုတာမိုးလည်း ခံစားမိပြန်တယ်.
အချစ်ဆိုတဲ့ အရာက အစထဲက အရူးရောဂါမို့ သေချာပါတယ် ကိုယ်ဟာရူးနေသူတယောက်ပါ.😁