👉အရင်တုန်းက မိဘစကားနားမထောင်ခဲ့ပေမဲ့
အခု မိဘပြောတဲ့စကားကို အမြဲနားထောင်တတ်လာပြီး။
👉အရင်တုန်းက တကိုယ်ကောင်းဆန်ပေမဲ့ အခု တခြားသူကို ကိုယ့်ချင်းစာတတ်လာတယ်။
👉အရင်တုန်းက ဒေါသကြီးပေမဲ့ အခု သည်းခံတတ်လာတယ်။
👉အရင်တုန်းက ငွေကို အလကားဖြစ်အောင်ဖြုန်း တီးခဲ့ပေမဲ့ အခု ငွေကို အသုံးဝင်တဲ့နေရာမှာဘဲ သုံးတတ်လာတယ်။
👉အရင်တုန်းက ဖွန်ကြောင်ဖို့အတွက် onlineသုံးခဲ့ပေမဲ့ အခု onlineမှာငွေရှာဖို့အတွက်ဘဲ အသုံးပြုဖြစ်လာတယ်။
👉အရင်တုန်းက အမှားအမှန်မသိဘဲလုပ်ချင်တာလုပ်ခဲ့ပေမဲ့ အခု အမှား အမှန် စဉ်းစားဆုံးဖြတ်ပြီးမှလုပ်တတ်လာတယ် ။
👉အရင်တုန်းက ကျရှုံးမှုဆိုတာကို တွေ့မှာကြောက်ခဲ့ပေမဲ့ အခုတော့ ကျရှုံးခြင်းက အောင်မြင်ဖို့ ရှေ့တစ်လှမ်းတတ်လာတယ်ဆိုတာသိလာတယ်။
👉အရင်တုန်းက လူတိုင်းကို လူကောင်းလို့ ထင်ခဲ့ပေမဲ့ အခု လူဆိုးနဲ့ လူကောင်းကို ခွဲခြားတတ်လာတယ်။
👉အရင်တုန်းက လူတွေက ပြစ်တင်ကဲ့ရဲ့ခြင်းကို ညအိပ်မရအောင်ခံစားရပေမဲ့ အခုတော့ ဟာသတစ်ခုလို သဘောထားတတ်လာတယ်။
👉အရင်တုန်းက စာမဖတ်ဖြစ်ဘဲ ဂိမ်းဘဲ အမြဲဆော့ပေမဲ့ အခု အားတဲ့ အချိန်မှာ အကျိုးရှိမဲ့ စာလေးတွေ ဖတ်လာတယ်။
တကယ်တော့ မိဘဆိုတာ ကိုယ့်သားသမီး ကို အမှားမဖြစ်အောင် ဆုံးမသွန်သင်ပေမဲ့ သားသမီး တွေက နားမထောင်ကြတော့ အမှားနဲ့တွေ့မှ မိဘစကားမှန်ပါလားဆိုတာသိလာပါလိမ့်မယ် မိဘစကားနားထောင်တဲ့သူက ဘယ်တော့မှာ အမှားမတွေ့ပါဘူး
ကိုယ်မှားနေရင် အမှန်ပြင်ဖို့ ဝန်မလေးပါနဲ့ မသိလို့မှားတာကို သိသွားရင် မှားမှန်းသိရက်နဲ့ ဆက်မလုပ်မိပါစေနဲ့ စာများများဖတ်ခြင်းက ကိုယ်အသိဥာဏ်ကိုတိုးတက်ယုံတင်မက လူမှုဆက်ဆံရေးကိုလဲ အဆင်ပြေချောမွေ့စေပါသည်။
(ရှေးစာဆိုများရဲ့စကားလေးကို လက်ဆောင်အဖြစ်ထည့်ပေးချင်ပါတယ် လူမိုက်သည်အမှားကို အမှားမှန်းသိ၍ပြင်လျှင် ပညာရှိမည်၏)
ကျွန်တော် ငယ်ငယ်တုန်းက ကလေးဆိုတော့မသိလို့ တိရစ္ဆာန် လေးတွေကို သတ်ခဲ့ဖူးတယ်။ဥပမာ-ပုရွက်ဆိတ် အုံကို ခြေထောက် နဲ့နင်းမိခဲ့လို့ ဝိုင်းကိုင်တဲ့ အကောင်တွေကို သတ်ခဲ့တယ်။ ကျွန်တော် အရွယ်ရောက်လာမှာစဉ်းစားမိတယ် သူတို့အိမ်ကို ဖျက်စီးမဲ့သူ ထင်လို့ သူတို့ အသက်နဲ့လဲပြီးကာကွယ်ကြတယ်။ ဒါပေမဲ့ လူတွေက ခဏတာ နာကျင်မှုကို ဒေါသနဲ့ သတ်လိုက်ကြတော့တယ် တကယ်ဆို အဲလိုမလုပ်သင့်ပါဘူး ကိုယ်ခဏလေး နာကျင်တာနဲ့ အသက်တစ်ချောင်းကို အလွယ်တကူ မသတ်မိပါစေနဲ့
MSC-127
Photo credit -Facebook
#👑M.K.K👑Bigbosss