... မင်္ဂလာပါ ...
😁😁😁 လူ 😁😁😁
လူထဲက ထွက်နေရင် လူ မဟုတ်တော့ဘူးလား လို့ လေ့လာကြည့်တာ😁😁😁
လူက လူလို မသိတော့ လူလိုပြောရတာ ခက်ပါတယ်😁
လူဆိုတာ လူလိုပြော လူလိုကျင့်မှ
လူအမြင် တင့်မှာ မဟုတ်ပါလား😁
လူတောတိုးမှ လူရာဝင်မှာလား
လူရာဝင်မှ လူတောတိုးမှာလား😁
လူနှင့်တူအောင် လူယောင်ဆောင်
လူကောင် အသွင်ဆန်းချည်ရောကွယ်😁
လူတကာလို မူယာပို
လူဟာ တီတာပွားရလေမလား😁
လူဖြစ်တုန်းဘဝ လူချစ်ဦးမှ ဟန်မလားကွယ်😁
လူချစ်အောင် နေ
လူပြေအောင် ပြော
လူ့မနောက
အကောင်းဆယ်ခါ ရှိလေလိမ့်လည်း
မကောင်းတစ်ခါ သိပေအိမ့်တဲ့😁😁
မကောင်းလဲ လူ ကောင်းလဲ လူ
လူထဲက လူကို ပြောပါတယ်😁
သူတော်မှ ကိုယ်ကောင်းမယ့်
သူတော်ကောင်းတော့ ရှိကြတာ များချင်များမယ်
သူတော်တော် မတော်တော်
သူကောင်းကောင်း မကောင်းကောင်း
လူတော်လူကောင်း တော့ ရှားလိမ့်မယ်😁
လူစဉ်မှီအောင် လူတီထွင်ကြည့်ရဦးမလား😁
ဪ... လူ. လူ..
လူတကာထဲက လူ...
တယ်လည်း ခက်တဲ့ ဒီလူ ပါလားကွယ်😁😁😁