မင်္ဂလာပါ မိတ်ဆွေတို့ရေ...
ဒီ တစ်ရက်နှစ်ရက် အတွင်းမှာ...
အကြောင်းကိစ္စ တစ်ခုကြောင့် ရွှေဘိုမြို့သို့
သွားဖြစ်ခဲ့ပါတယ်။ ရွှေဘိုမြို့ ဆိုတာက ကျွန်တော့်ရဲ့
မွေးဌာနေလို့ ပြောရရင်လည်း ရလောက်ပါတယ်။
ကျွန်တော့် အဖေက တပင်ကောင်းရွာ၊ ခင်ဦးမြို့နယ်၊
ရွှေဘိုခရိုင် နှင့် အမေက မင်းကျီရွာ၊ ဝက်လက်မြို့နယ်၊
ရွှေဘိုခရိုင်... သူတို့နှစ်ဦး ရပြီး ကျွန်တော့်ကို မွေးတော့
မင်းကျီရွာ... ငယ်ဘဝတလျှောက် နေခဲ့တာက
တပင်ကောင်းရွာ... ကျွန်တော်နေထိုင်ခဲ့ရာ ရွာသည်
ခင်ဦးမြို့နယ်ထဲတွင် ပါလင့်ကစား လမ်းပန်းဆက်သွယ်ရေး
မှာ ရွှေဘိုမြို့နှင့်သာ အဆင်ပြေလှသည်မို့ ရွှေဘိုမြို့နှင့်သာ
ကူးသန်းရောင်းဝယ် ရှိကြပါတယ်။
ကျွန်တော် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည်မှာလည်း
ရွှေဘိုမြို့မှပင် ဖြစ်လင့်ကစား....
ကျွန်တော်သည်လည်း ဘယ်အရပ်တွေဆီ ရောက်ရှိနေခဲ့သည်
ရှိသော် ဖြစ်သော်... မိတ်ဆွေတွေက ဘယ်ဇာတိလည်း
မေးခံခဲ့ရတိုင်း ရွှေဘိုကပါဟုသာ ဖြေခဲ့မိပါတယ်။
ထိုသော ထိုသော အကြောင်းတွေကြောင့်...
ကိုယ့်ကိုကိုယ် ရွှေဘိုသား ဟုဆိုအပ်ခဲ့ရာ...
ဒီရက်ပိုင်း ပြန်ရောက်ခဲ့တဲ့ ရွှေဘိုမြို့ကို မွေးဌာနေ
ဟုပင် ခံစားမိလျက်သားပေမို့...
#မွေးဌာနေ အကြောင်း စာရေးချင်သလိုလည်း ဖြစ်ပေါ်သလိုလို၊
ထိုနေရာနှင့် ဝေးကွာတဲ့နေရာတွေမှာပဲ ကျင်လည်ခဲ့သည်များ
ရှိခဲ့သောကြောင့်....
#ဌာနီပြည်ကြီးကဝေးသနှင့် လက်ဝဲသုန္ဒရလို စာဆိုလင်္ကာ
ဖွဲ့ချင်သလိုလို၊
လူပျော်ဖော်ဝင်စကတည်းက လူငယ်ဘာဝခံစားချက်လေးတွေ
ဖြစ်တည်ခဲ့ဖူးတာရယ်၊ ကံတော်မှာ အပျော်အပါးဖက်လို့
ပင်ကျရေ ပုဇွန်ဆိတ်ခုန်ပြန်နဲ့ လေပြိုခဲ့ဖူးတာလေးရယ်ကြောင့်
#နေညိုရင်ရွှေဘိုကိုလွမ်းမိတယ် ပဲ ခံစားနုလှစာပြုရမလိုလို၊
လိုလို လိုလိုတွေဖြင့် တောင်တွေး မြောက်တွေးရင်း...
အကြံတောင်းစာလေး ရေးလိုက်မိပါတယ်ဗျာ...
ရွှေဘို ရောက်တုန်းရောက်ခိုက် သွားနေကျ ရောက်နေကျ
ဖြစ်ခဲ့ဖူးတဲ့ နေရာလေးများကို မှတ်တမ်းတင်ဖို့...
ဖုန်းကင်မရာလေးဖြင့် ရိုက်ကူးခဲ့ပါတယ်။ ဒီနေ့တော့ဖြင့်
ထိုပုံတွေကို မတင်သေးပါဘူးဗျာတို့ရယ်...
ခေါင်းစဉ် ရွေးရ ခက်နေသေးလို့ပါနော်။
မိတ်ဆွေတို့ ဆိုရင်ရောဗျာ... ပြောပေးကြပါဦးလို့..
ဦးလို့နော်...နော်...
မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေဗျာ...