...မင်္ဂလာပါ မိတ်ဆွေတို့ရေ...
ဒီနေ့တော့ ကျွန်တော်၏ Facebook Page ဖြစ်သော
Hein Khant Maung Perfect Life မှ ရေးတင်ခဲ့
ဖူးသော ခွန်အားပေးစာ အချို့ကို ပြန်တင်ပေးလိုက်ပါတယ်။
Change your life to the perfect life.
မိတ်ဆွေတို့ရဲ့ ဘဝကို ပြည့်စုံသော ဘဝသို့
ပြောင်းလဲလိုက်ပါ။ မိတ်ဆွေတို့ဟာ လက်ရှိဘဝထက် သာလွန်ချင်ကြမှာပါ။ ဒါပေမယ့် တချို့လူတွေက ပြောင်းလဲပါ၊ ပြောင်းလဲပါ၊ ဆိုရင် သိပ်မကြိုက်ချင်ကြပါဘူး။
ဘာကြောင့်ပါလဲ ဆိုတော့ကာ ဆင်းရဲတဲ့လူအများစုဟာ ဆင်းရဲတဲ့ဘဝမှာ နေသားကျ နေကြလို့ပါ။ လက်ရှိ
မအောင်မြင်သေးတဲ့ ဘဝရဲ့ အတွေးအခေါ်၊ အပြောအဆို၊
အပြုအမူတွေအတိုင်း အမြစ်တွယ် နေထိုင်ကြလို့ပါပဲ။
လောကဓံရဲ့ ရိုက်ချက်တွေကို ဒူးထောက် ခေါင်းငုံ့ပြီး
ဆက် ခံနေလိုကြပါသလား။ လက်ရှိအနေအထားကို
လက်မခံလိုဘူး၊ မကျေနပ်ဘူးဆိုရင် ...
Run out from the comfort zone.
သက်သောင့်သက်သာ နေနေတဲ့ဘဝက ရုန်းထွက်ကြပါတော့။
ပြင်းထန်တဲ့ နာကျင်မှုတွေကလည်း ကြီးမားတဲ့ပြောင်းလဲမှုကို ဖြစ်စေတတ်တယ်တဲ့။ မိတ်ဆွေတို့ဟာ ပြောင်းလဲဖို့ အဆင်သင့် မဖြစ်သေးဘူးဆိုရင် နာကျင်မှု ပြင်းပြင်းထန်ထန်
မခံစားရသေးလို့ပဲလား။ ဒါမှမဟုတ် ဆင်းရဲတဲ့ လက်ရှိ
ဘဝလေးမှာ နေပျော်ကြလို့လား။ အနှိမ်ခံဘဝ၊ ဆင်းရဲခြင်းကို ခံနိုင်ရည် ရှိနေကြလို့ပဲလား။
ကဲ... မိတ်ဆွေတို့ရေ..
တော်ရိလျော်ရိနဲ့ ရေလိုက်ငါးလိုက်ဘဝလေးမှာပဲ
နေသာသလို ဆက်နေကြဦးမလား။ ဒီလိုမှမဟုတ်
ပြည့်စုံသော ဘဝကို ရောက်ချင်ရင်တော့...
Run out from the comfort zone.
နေသာသလို ၊ဖြစ်သလို၊ သက်သောင့်သက်သာ နေနေတဲ့
ဘဝထဲက ရုန်းထွက်ကြရမှာပါ။
Run out from the comfort zone!
သက်သောင့်သက်သာနေရတဲ့ဘဝလေးထက်
သာလွန်သော အိပ်မက်တွေအတိုင်း အမှန်အကန်
ဖြစ်လာဖို့ အခိုင်အမာဆုံးဖြတ်ချက်ချ ကတိကဝတ်ပြုလိုက်ပါ။
မိမိဘဝကို ပိုမိုမြင့်မားသောဘဝအဖြစ်
ပြောင်းလဲလိုပါက စောင့်မနေပါနဲ့။
ရောက်ချင်တဲ့နေရာကို အရောက်သွားပါ။
ငွေကြေးချမ်းသာချင်တယ်ဆိုရင်
ငွေကြေးချမ်းသာတဲ့သူတွေနှင့် ဆက်ဆံပါ။
အောင်မြင်ချင်တယ်ဆိုရင် အောင်မြင်နေတဲ့
သူတွေနှင့် ပေါင်းသင်းပါ။ သူတို့တွေရဲ့ စိတ်ထားတွေ
အတိုင်း ထားပြီး အခက်အခဲတွေကို ရဲရဲရင်ဆိုင်ပါ။
ဒုက္ခတွေ ကြုံလို့ ညည်းညူမနေပါနဲ့။ ဒုက္ခအသေးလေးတွေ ကျော်ဖြတ်ပြီးမှ၊ သုခအသေးလေးတွေကို စွန့်လွှတ်ရဲမှ ချမ်းသာအောင်မြင်မှု အစစ်အမှန်ရပေမပေါ့။
မိမိဘဝကို တကယ်ပြောင်းလဲချင်တယ်ဆိုရင် (လုံးဝ) အပြောင်းအလဲကို လုပ်ရပါမယ်။ .. .. ဟိန်းခန့်မောင် .. ..
ကျွန်တော်၏ Facebook page အားလည်း သွားရောက်
လေ့လာနိုင်ပါသည်။ ကျွန်တော်၏ မျှဝေထားသော စာများအား
ဖတ်ရှုခြင်းဖြင့် မိတ်ဆွေတို့ တစ်စုံတစ်ရာ အကျိုးရှိလိမ့်မည်ဟု
ယုံကြည်မိသလို မိတ်ဆွေတို့၏ အချိန်၊ အားထုတ်မှု အချည်းနှီး
မဖြစ်စေမှာကိုတော့ ရဲရဲကြီး အာမခံလိုက်ပါသည်။