... မင်္ဂလာပါ မိတ်ဆွေတို့ရေ ...
ဒီနေ့မှာတော့ ငွေကြေးချမ်းသာမှု၊ အောင်မြင်မှု
တို့နှင့် ပတ်သက်လို့ အနည်းငယ်လောက် ပြောပြ
မေးမြန်းချင်ပါတယ်။
ကျွန်တော်တို့ နိုင်ငံ လူအများစုမှာ ပညာရေးကို
အလေးထား၊ တန်ဖိုးထားကြသလို ရှိကြပေမယ့်
အလေးအနက်ထား၊ တန်ဖိုးတတ်အောင် စွမ်းဆောင်
နိုင်မှုမှာ အားနည်းလွန်းလှပါသည်။
အခြေခံပညာ အောင်မြင်ပြီး တက္ကသိုလ်ဘွဲ့ရ ဖြစ်ရေးသည်
ဘဝအတွက် လိုအပ်ချက်တစ်ခုတော့ ဖြစ်နိုင်ပါသည်။
သို့သော် ထိုပညာတို့သည်ကား ချမ်းသာကြွယ်ဝမှု၊
အောင်မြင်မှုကိုကား ရရှိရန် အာမခံချက် နည်းလှပေသည်။
ကျောင်းသင်ပညာရေးဟာ ငွေပညာကို ကောင်းကောင်း
မသင်ပေးပါဘူး။
ကျောင်းသားအများစုဟာ ကျောင်းပြီး ဘွဲ့ရသောအခါမှ
ငွေရရှိဖို့ အလုပ်ကို ထပ်ရှာရကြပါတယ်။
အလုပ်တစ်ခု ရဖို့ အတွက် ကျောင်းပြင်ပ ပညာတွေကို
ထပ်မံ သင်ယူကြရပါတယ်။ ထို့နောက်တော့
ငွေအတွက် အလုပ်လုပ်ရင်း အချိန်တွေ ကုန်ဆုံးရပါတယ်။
သို့သော်လည်း ကြွယ်ဝမှုက အလှမ်းဝေးလို့ပဲပေါ့။
ငွေက ငွေရှာပေးတဲ့ပညာ မတတ်တာကြောင့်
စားဝတ်နေရေးအာမခံချက် ရှိတာကို လုပ်ရင်း လုပ်ရင်း
လက်ရှိဘဝမှာ နေသားကျသွားတတ်ကြပါတယ်။
ထိုသို့ နေသားကျခြင်းကြောင့် အခွင့်အလမ်းကောင်းတွေကို
ရှာဖွေ ဖန်တီးယူဖို့ မစွမ်းသာကြတော့ပါဘူး။
ဒီတော့လည်း စီးပွားရေးလွတ်မြောက်မှု မရရှိကြတော့ဘူးပေါ့။
ကဲ မိတ်ဆွေတို့ရော ဘယ်လိုပါလဲ။
စားဝတ်နေရေး အတွက် လုံးပမ်းနေရသော၊
နေသားကျနေသော Comfort zone ထဲမှာပဲ
ဆက်နေမလား?
စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမယ့် အပြောင်းအလဲရဲ့
အခွင့်အလမ်းတွေကို သိမ်းပိုက်မလား?
ပြောင်းလဲလိုက်လို့ ကြုံလာရနိုင်တဲ့ ဘေးအန္တရာယ်တွေကို ကြောက်နေမလား?
ထို့နောက်တစ်ဖန် ရှေးလူကြီးသူမအများ ပြောခဲ့ကြလေ့
ရှိသည်မှာ ချွေတာစုဆောင်း သူဋ္ဌေးလောင်း ဟူသည်
ယနေ့ခေတ်ကာလနှင့်ကာ ကိုက်ညီမည် မဟုတ်တော့ပါ။
ချွေတာ စုဆောင်းရုံမျှသည် အသုံးအစွဲ မတတ်သူတွေ
အတွက်တော့ ကောင်းသည့်အကျင့်တစ်ခုပါ။ သို့သော်...
ငွေကြေးချမ်းသာကြွယ်ဝချင်ရင် မိမိမှာရှိနှင့်ပြီးသား
ဥစ္စာကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်
နေရုံဖြင့် တိုးပွားလာမှာ မဟုတ်ပါဘူး။
ငွေပညာကို သင်ယူတတ်မြောက်ပြီး
ကြိုးစားရှာဖွေမှသာ ပိုမိုကြွယ်ဝချမ်းသာလာမှာပါ။
ဒီအကြောင်းနှင့် ပတ်သက်၍ ကျွန်တော်၏ အတွေ့အကြုံ
တစ်ခုကို သာဓက ပြုလိုပါသည်။
ကျွန်တော်ငယ်ငယ်က သူငယ်ချင်းတွေနှင့်အတူ
ဘောလုံး ဝင်ကန်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ ကျွန်တော်ဟာ ဘောလုံး ကိုယ့်ဆီလာမလားလို့
စောင့်ဆိုင်းနေမိခဲ့ပါတယ်။
တခြားလူတွေလို တွန်းတွန်းတိုက်တိုက် လှည့်ပတ်ပြေးလွှား
မကစားခဲ့ပါဘူး။
ဒီအကျိုးဆက်က ဘာဖြစ်လာပါသလဲ ဆိုတော့
ကျွန်တော်ဟာ ဘောလုံးမကစားတတ်တော့တာကြောင့်
နောက်နောက်ပွဲတွေမှာ ဘောလုံးကစားခွင့် မရတော့ပါဘူး။
ဒီလိုနဲ့ ကျွန်တော်ဟာ ဘေးနားက ဘောလုံးပွဲ
ကြည့်သူသာ ဖြစ်လာခဲ့ပြီး၊ နိုင်ဂိုးသွင်းနိုင်တဲ့ အောင်နိုင်သူ
ဖြစ်မလာတော့ပါဘူး။
စီးပွားရေးလောကမှာလည်း...
မိမိဆီကို အခွင့်အလမ်းတွေ ရောက်လာမှာပဲလို့
ထိုင်စောင့်နေရုံကဖြင့် အသက်တွေသာကြီးသွားပါမယ်။
ထိုင်စောင့်နေသူတို့ထံ အခွင့်အလမ်းက ရောက်လာကောင်း
ရောက်လာနိုင်ပေမယ့် သွားရောက်ရှာဖွေရယူသူတို့
မလိုတော့သော အကျန်သာ ဖြစ်လိမ့်မည် ဟု
အဆိုတစ်ခု ကြားဖူးပါတယ်။
ကဲ မိတ်ဆွေတို့ရော....
ကိုယ်တိုင်ဝင်ကန်ပြီး နိုင်ဂိုးတွေသွင်းယူကြမှာလား?
ပွဲကြည့်ပရိတ်သတ်ပဲ လုပ်ကြမှာလား?
ငွေ အတွက် အလုပ်ပဲ လုပ်နေကြမှာလား?
ငွေ ကို ခိုင်းစားကြမလား?
မိမိရွေးချယ်တာကိုပဲ မိမိရရှိမည်မှာ သေချာသလောက်
ရှိပါသည်။ မိမိသည်သာ မိမိဘဝရဲ့ ဗိသုကာ မဟုတ်ပါလား။
မိတ်ဆွေအားလုံး ကျန်းမာ ချမ်းသာ
အောင်မြင် ပျော်ရွှင်ကြပါစေ...