မင်္ဂလာပါ မိတ်ဆွေတို့ရေ...
Steemit သုံးရင်းကနေ DrugwarS game လေး
ပေါ်လာတော့ steem ရမှာမို့ စိတ်ဝင်စားမိပါတယ်။
အစမှာတော့ Game မကစားတတ်တာရယ်၊
Game အကြောင်း မသိလို့ ရှုံးမှာ စိုးတာရယ်နှင့်
Game စွဲမှာ ကြောက်တာရယ်တို့ကြောင့်
မကစားတော့ဘူးဟု စိတ်ကူးမိပါတယ်။
သို့သော် မိမိ မိတ်ဆွေတွေ ကစားရာမှ Steem တွေ
ရတာ အခြေအနေကောင်းတယ် ဆိုပြန်တော့
မနေနိုင်ဘဲ ဝင်ကစားလိုက်ခဲ့မိပါတော့တယ်။
Building တွေ Upgrade လုပ်ဖို့ 27.5 steem
လောက် သုံးခဲ့လိုက်ပါတယ်။ စကစားချိန်
သိပ်နောက်မကျခဲ့လေတော့ အရင်း မြန်မြန်
ပြန်ရခဲ့ပြီး ခုဆို 30 steem လောက် အမြတ်
ပိုရခဲ့ပါပြီ။
အပေါ်မှာ Game မကစားတတ်တာက
Fight Action တွေ မပါဘဲ ဗျူဟာခင်းပေးရုံ
ကစားရတာ ဆိုတော့ နားလည် တတ်မြောက်ခဲ့ပါတယ်။
မိတ်ဆွေကောင်းတွေကြောင့် ပိုနားလည်ခဲ့ရပါတယ်။
ဒီတော့ ရှုံးမှာ စိုးရိမ်တာလည်း ပျောက်ပြီး အနိုင်တွေပဲ
ရခဲ့ပါတယ်။ အနိုင်ရဆို စစ်သားမရှိတဲ့ အကောင်တွေ
ကိုပဲ အဓိကထား တိုက်ခဲ့မိတာကိုး😁
Game စွဲမှာ ကြောက်တာကတော့ တကယ်ပဲ
ဖြစ်လာခဲ့ပါတယ်။ အားအားရှိတိုင်း DrugwarS ပဲ
ဝင်ဝင်တိုက်မိနေခဲ့မိတာပါပဲ။
ယခင်ရက်ပိုင်းလောက်မှ စ၍ Attack လုပ်တာတွေ
လျှော့ချဖို့ စိတ်ကူးမိခဲ့ပါတယ်။
Game စွဲ၍ စာဖတ်ချိန် လျော့နည်းနေတာရယ်၊
Unit မရှိတဲ့ အကောင့်တွေ ဝင်တိုက်တာ ဆိုတော့
၎င်းတို့ကို အားနာလာတာရယ်ကြောင့်ပါ။
သို့ဖြစ်၍ မိမိအကောင့်အား အတော်အတန် စစ်အင်အား
တောင့်တင်းရန် အရင်စုဆောင်းရပါတယ်။
ဒီနောက်မှာမှ ရသလောက်စု၍ Drug Weapon and
Alcohol Building တွေကို Upgrade ထပ်လုပ်
ပါတယ်။
အဓိကအားဖြင့်တော့ Drug အပိုင်းကို Upgrade
များများ လုပ်ရပါမည်။ သို့မှသာ steem reward
ရရှိမည် မဟုတ်ပါလား။
မိတ်ဆွေတို့ရော လက်ရှိအချိန်မှာ
ဘာတွေ ကြိုးစားလုပ်ဆောင်နေကြပါလဲ?
မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...
MSC - 193