မင်္ဂလာပါ မိတ်ဆွေတို့ရေ...
ဒီနေ့တော့ ခေါင်းဆောင်တစ်ယောက် ပြုကျင့်ရမယ့်
ဆောင်ရွက်ဖွယ် သဘောတရားလေးများ
သို့မဟုတ် ခေါင်းဆောင်တစ်ဦး ဖြစ်စေရန်
လိုက်နာကျင့်ကြံရမည့် အတွေးအမြင် လုပ်ငန်းစဉ်လေးများ
ချပြ မျှဝေပေးလိုက်ပါတယ်။
- ခေါင်းဆောင်ဆိုတာ
တခြားလူတွေ လုပ်သည်ဖြစ်စေ
မလုပ်သည်ဖြစ်စေ မိမိက စတင်
လုပ်ဆောင်တတ်ရမှာပါ။
တခြားလူတွေကို စောင့်နေပြီး
စတင်လုပ်ဆောင်မှု မရှိလို့ မဖြစ်ပါဘူး။
သင်ယူစရာရှိတာကို အမြဲမပြတ်သင်ယူရင်း
ရှေ့က ဦးဆောင်ရမှာပါ။
ရှေ့က ဦးဆောင်ရင်း ထက်မြက်သော
ရည်ရွယ်ချက် ပန်းတိုင်တူသူတွေဖြင့်
ဝန်းရံစွမ်းဆောင်တော့ အောင်မြင်မှုကို
မြန်မြန်ရရှိမှာပါပဲ။
- တခြားလူတွေမှာရှိတဲ့ ကောင်းသောအရာတွေကို ရှာဖွေတွေ့ရှိတဲ့အခါမှာ ကိုယ့်ကိုယ်တွင်းက
ကောင်းသောအရာတွေကိုလည်း သိမြင်ရနိုင်
ပါတယ်။
ခေါင်းဆောင်တွေဆိုတာက
မိမိကိုယ်တွင်းက ကောင်းမြတ်တာတွေ
ထုတ်သုံးပြီး တခြားလူတွေရဲ့ကောင်းမြတ်တာတွေ
ကိုလည်း ဖော်ထုတ်ပေးတတ်ရပါမယ်။
မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...
MSC - 193