... မင်္ဂလာပါ...
ထိုအရာက ကျွန်မတို့ရဲ့ စိတ်အကျဉ်းထောင်ထဲသို့
ကျွန်မတို့ကို ခေါ်ဆောင်သွားတဲ့ မုန်လာဥနီသာပါ။
ဒါကြောင့် ထိုအရာ ဖြစ်ပျက်နေတာကို ကျွန်မတို့တောင်
သိမြင်တာ မတိုင်ခင်မှာ ကျွန်မတို့ သော့ခတ်ပိတ်လှောင် ခံထားရတာပါ။
ကလေးငယ်များလိုဆို၊ ကျွန်မတို့ မိဘတွေ အလုပ်လုပ်ဖို့
စီစဉ်နေတာပဲ ကျွန်မတို့ မြင်ရတယ်။
‘စားပွဲပေါ်က အစားအစာတွေ’၊ ပေးချေရမယ့် ကျသင့်ငွေ
တောင်းခံလွှာတွေ၊ အိမ်ဝယ်ဖို့ ဘဏ်မှာ ငွေ ချေးလိုက်တဲ့
စာချုပ်များ၊ တာဝန်ယူမှု တာဝန်ခံမှုနှင့် စိုးရိမ်သောကတွေနဲ့
ပတ်သက်ပြီး သူတို့ မကျေမနပ် ညည်းတွားပြောဆိုနေတာကို ကျွန်မတို့ ကြားရတယ်။
ခု ကျွန်မတို့ ကံကောင်းကြရင်၊ သူတို့ မကြာခဏ ပိုလို့
ညည်းတွားတာကို မကြားရတော့တာ ဖြစ်ကောင်း ဖြစ်နိုင်
တယ်။
ဒါပေမယ့် …
‘ဒီဘဝမှာ (သူများထက်ပိုပြီး) တိုးတက်မှု ရရှိ စေဖို့ သင်
အလုပ်ကို သွားရမယ်။ ပြီးတော့ ကြိုးကြိုး စားစားလုပ်
ရမယ်’လို့ ယုံကြည်မှုနဲ့ ကြီးပြင်းလာတာ မဟုတ်သူ
ဒီဂြိုလ်ကမ္ဘာပေါ်က ကလေးငယ် တစ်ယောက်လောက်
တောင် ကျွန်မဆီ ခေါ်ပြဖို့ သင့်ကို စိန်ခေါ်တယ်။
ကျွန်မအဖို့တော့ အဲဒါက လုံးဝဥဿုံ မှန်ခဲ့တယ်။
ကျွန်မသာ လုံလုံလောက်လောက် ခက်ခက်ခဲခဲ ကြိုးစား
အလုပ်လုပ်ခဲ့ရင် ‘ကျွန်မဖြစ်ချင်တဲ့နေရာကို’ တဖြည်းဖြည်း
ရရှိရောက်ရှိခဲ့လိမ့်မယ်၊ ငွေစုဆောင်းခဲ့ ပြီးတော့ တကယ့်
တကယ် ကံကောင်းခဲ့မယ်လို့ ကျွန်မ အမြဲတမ်း ယုံကြည်
လေ့ရှိခဲ့တယ်။
ဒါပေမယ့် သင်သိတာဘာလဲ။
‘ခွန်အားစိုက်ထုတ်မှုနဲ့ ခက်ခက်ခဲခဲ ကြိုးစား အလုပ်
လုပ်’တာက ပျော်ရွှင်ဖွယ်ဘဝတစ်ခုနဲ့ အလျှံပါယ်
ပေါကြွယ်ဝခြင်းကို ကျွန်မရဲ့ ဝင်ခွင့်လက်မှတ် ဖြစ်ခဲ့
တယ်လို့ တွေးမြင်ဖို့ လူတွေရဲ့ ဦးနှောက်ဆေးခြင်းကို
ခံခဲ့ရတာကြောင့် အဲဒီနည်းကို တွေးမြင်ခြင်းနဲ့ ကျွန်မ
ဘဝရဲ့ နှစ်များစွာ ကျွန်မဖြုန်းတီးခဲ့တယ်။
ထိုအရာက မဟုတ်ခဲ့ပါဘူး။
ထိုအရာအားလုံးက ကျွန်မကို လောဘ၊ ဒေါသ၊ မောဟ
တောက်လောင်ခဲ့တယ်၊ စိတ်ကျစေခဲ့တယ်၊ စိုးရိမ်
ကြောင့်ကြစေခဲ့ပြီးတော့ အသေအချာ သောကရောက်စေ
ခဲ့တယ်။
အားကစားခန်းထဲမှ မလိုချင်လို့ စွန့်ပစ်ထားတဲ့ လေ့ကျင့်ခန်း
စက် တစ်ခုပေါ်မှာ ပြေးနေခဲ့သလို ကျွန်မ ခံစားခဲ့ရတယ် …
… သင်သိပါတယ်၊ ဘယ်ကိုမှ မရောက်တဲ့ သင်စီးနင်းတဲ့
ထိုစက်ဘီးများကို
ကျွန်မတို့ဘဝရဲ့ ငယ်ရွယ်နုပျိုဆုံး နှစ်များမှ၊ အခြား သူများ
ကြီးပြင်းလာရင်း၊ အလုပ်များရနေ၊ ကြိုးစားလုပ်ကိုင်နေ၊
ကောလိပ်တက်နေ၊ ကျွန်သဖွယ် လုပ်ကိုင်နေတာကို
ကျွန်မတွေ့မြင်ရပါတယ်။ အဲဒါက ကျွန်မတို့ရဲ့ အစစ်အမှန် အကောင်အထည်ဖြစ်လာတယ်။ ထိုအရာက ‘လမ်းကြောင်း’
ပဲလို့ ယုံကြည်ဖို့ ကျွန်မတို့ အခု ဦးနှောက်ဆေးခံခဲ့ရတယ်။
ဒါပေမယ့် အားလုံးသော ထိုအရာက၊ ‘အကောင်အထည်
အစစ်အမှန်’ အဖြစ် အသိအမှတ်ပြု လက်ခံ လာစေတဲ့
စိတ်ပိုင်းဆိုင်ရာ အမြင်သဘောထား တစ်ခု ဖြစ်ပါတယ်။
‘သင် နားလည်ရပါမယ် … ဒီလူအများစုဟာ ဂရုမစိုက်ဖို့
အဆင်သင့်ဖြစ်မနေဘူး၊ ပြီးတော့ သူတို့ဟာ ထိုအရာကို
ကာကွယ်ဖို့ သူတို့ တိုက်ခိုက်မယ့် စနစ် အပေါ်မှာ
မျှော်လင့်ချက်မဲ့စွာ အလွန်မှီခိုခဲ့၊ အလေ့အထ ဖြစ်စေခဲ့တယ်။
ဆက်ရန်.....
Original Ebook ... Manifestation Primer
www.manifestationmiracle.com
Original Author ... Heather Matthews
Translated by Hein Khant Maung