မင်္ဂလာပါ မိတ်ဆွေတို့ရေ...
သာမဏေန သာမဏေနော ဃောဏေန ဃောနော
ဆိုတဲ့ ပါဠိစာသားလေးများ ကြားဖူးဖတ်ဖူးသိဖူးကြလားဗျ။
သာမဏေရှင်ရဟန်းနှင့် ပေါင်းသင်းလျှင် သာမဏေ
သော်လည်းကောင်း၊ သာမဏေကဲ့သို့ အမူအကျင့် ရှိနိုင်ခြင်း
သော်လည်းကောင်း၊ ဖြစ်နိုင်သလို နွားကျောင်းသား နှင့်
ပေါင်းဖတ်လျှင်ကား နွားကျောင်းသား သာပဲ ဖြစ်နိုင်ကြောင်း
ဆိုသောအနက်ဖွင့်ရပေမည်။
မုဆိုးနားနီး မုဆိုး၊ တံငါနားနီး တံငါ ဆိုသကဲ့သို့သာပေါ့။
ဤသို့ စကားဦးချီနေရသည်မှာ လူ့ဘောင်လောက
လူ့ဘဝတွင်ကား အပေါင်းအသင်း ပတ်ဝန်းကျင်သည်
လူတစ်ယောက်ရဲ့ အောင်မြင်မှုနှင့် ကျရှုံးမှုတို့အား
လွှမ်းမိုးမှု ရှိကြောင်း ပြောချင်၍သာ ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ပထမဦးစွာ မိတ်ဆွေတို့အား
ဒဿနအတွေးစကားလေး မျှဝေလိုက်ပါရစေ...
သင့်ကို ဉာဏ်အမြော်အမြင်ရှိစေဖို့
မရှိမဖြစ်အလိုအပ်ဆုံးအရာ နှစ်ခုရှိတယ်။
သင်ဖတ်ရှုလေ့လာတဲ့ စာအုပ်တွေနှင့်
သင်တွေ့ဆုံကြုံနေရတဲ့လူတွေပေါ့။
တကယ်ကို အရေးကြီးပါတယ်။ မိမိတို့ ဖတ်တဲ့
စာအုပ်တွေ အဆင့်အတန်းမြင့်ကောင်းမွန်လေ
မိတ်ဆွေတို့ ဗဟုသုတအတွေးအခေါ် မြင့်မားကောင်း
မြတ်လေပါ။
ပညာတော်ချင်ရင် ပညာရှိနှင့်ပေါင်းဖို့လိုမယ်။
ချမ်းသာချင်ရင် ချမ်းသာအောင်စွမ်းဆောင်နိုင်သူတွေနှင့် ပေါင်းသင်းဖို့ လိုပါမယ်။
အောင်မြင်ချင်ရင်တော့ အောင်မြင်နေတဲ့သူတွေနှင့်
ဆက်ဆံပေါင်းသင်းရမယ်ပေါ့။
ဟုတ်တယ်မလား။ ကိုယ်ကကောင်းရင် ခေါင်းဘယ်မရွေ့ဘူး
ဆိုပေမယ့် အပျော်အပျက်နှင့်ညစ်ညမ်းစာပေတို့ကို
ဖတ်ခြင်းအားဖြင့် မိတ်ဆွေတို့ စိတ်ထဲ ဘာတွေ ကိန်းအောင်း
နေလေမလဲ။
ရည်မှန်းချက်မရှိ သောက်စားမူးရူးနေသူတွေနှင့်
ပေါင်းနေလျှင်ကော မိမိပါ ဘာလုပ်လာလေမလဲ။
ထို့ကြောင့် မိမိတို့ ဖြစ်လိုသော နေထိုင်လိုသော ဘဝနှင့်
ကိုက်ညီသော စာအုပ်စာပေများ ဖတ်ရှုခြင်းနှင့်
သင့်တင့်လျောက်ပတ်သော ပတ်ဝန်းကျင်က လူတွေနှင့်
ပေါင်းသင်းကြဖို့ ဆွေးနွေး တင်ပြလိုက်ပါတယ်။
မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...
MSC - 193