မင်္ဂလာပါ...
မိတ်ဆွေအားလုံး ကျန်းမာကြပါစေလို့ နှုတ်ခွန်း အရင်ဆက်လိုက်ပါတယ်။
ဒီနေ့မှာတော့ မန္တလေး နား၊ နှခေါင်း၊ လည်ချောင်း ဆေးရုံသို့
ထပ်မံရောက်ရှိခဲ့ပါတယ်။
ဒီအကြိမ်ဟာ သုံးကြိမ်မြောက်ပါ။
ဘယ်ဘက်နားတစ်ဖက် အူပြီး အသံထွက်နေလို့
ဆေးရုံမှာ ပြသနေတာ ၄ လလောက် ရှိပါပြီ။
ဖြစ်နေတာကတော့ တစ်နှစ်လောက် ရှိခဲ့ပါပြီ။
ရောဂါဆိုးဆိုးဝါးဝါးကြီး မဟုတ်ပေမယ့် ညညတွေမှာ
အနေခက်ပါဘိဗျာ...
အမြန်ဆုံး ကျန်းမာ ပျောက်ကင်းရပါလို၏ဗျာ😁😁😁


ပြသရန် စောင့်နေစဉ်
နားအူလို့ ဆေးခန်းပြပြီး ဆေးတွေ သောက်ခဲ့ပေမယ့်
သိပ်မထူးခြားခဲ့ဘူး။
ဘာကြောင့် ဖြစ်နေတာလဲ သေချာ မသိရလို့ပါပဲ။
ပထမတော့ အာရုံကြော အားနည်းလို့
ဖြစ်တာလား ဆိုပြီး အာရုံကြောအားဆေးတွေ
သောက်ခဲ့တာ နှစ်လကျော်...
ဒုတိယတော့ ကိုယ်ခံအားနည်းလို့ ဖြစ်တာလား
ထင်၍ ကိုယ်ခံအားတိုးဆေး သောက်ခဲ့ရပြန်တာက
တစ်လခွဲ...
ခု တတိယအကြိမ်မှာတော့ နှာ ခဏခဏ
ပိတ်တတ်လို့ ဖြစ်တာလား ခန့်မှန်းပြီး
ချွဲပျော်နှာပိတ်သက်သာဆေး ၁၀ ရက်
သောက်ကြည့်ရဦးမယ်...
နောက် သုံးပတ်နေရင် တစ်ခါ ပြန်ပြရဦးမယ်...
မြန်မာ့ဆေးလောက ကုသရေးကတော့
မှန်းဆကုသနေရတာနဲ့ အချိန်တွေ ကုန်ပါတယ်။
မြန်မာနိုင်ငံသား ဖြစ်နေတော့လည်း😁😁😁
ဘာမှ ဝေဖန်နေတော့ပါဘူး။
ဖြစ်သမျှ အကြောင်း အကောင်းပေမို့
ကျန်းမာအောင်သော ဆုတောင်းလိုက်ရပါတော့တယ်။
မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...
MSC - 193