မင်္ဂလာပါ မိတ်ဆွေတို့ရေ...
ဒီနေ့လည်း Steemit နှင့် ပတ်သက်၍
စပ်မိစပ်ရာလေးများ ဆက်တင်ပါဦးမည်။
Steemit Blockchain အပေါ် အခြေခံပြီးတော့
Game တွေ ထွက်ပေါ်လာရာ ကျွန်တော်သည်
#Super8BallClub game ကို အတော်လေး
ကစားဖြစ်ခဲ့ပါတယ်။
ဤတွင် အချို့ 8ball gamer များကို
Super8BallClub မှ ပထမ သတိပေး၍
ဒုတိယ ဘန်းပါတော့သည်။ အကြောင်းမှာ
ဂိမ်းကစားရာတွင် အလွဲသုံးစား လုပ်ပွဲကစားကြ၍
ဖြစ်ပါသည်။
ကျွန်တော်သည်လည်း လုပ်ပွဲအချို့ ကစားမိခဲ့သော်လည်း
ထိုနောက်ပိုင်းတွင် ဆင်ခြင်ခဲ့ပါသည်။
ယခု အခါတွင်တော့ #DrugwarS game ကို
သည်းသည်းမည်းမည်း ကစားဖြစ်ပြန်ပါတယ်။
ဤဂိမ်းကို ကစါးရာတွင် မိမိအောက် စစ်တပ်အင်အားနည်းသော၊
အရင်းအမြစ်ရယူနိုင်သော အကောင့်များအား
ရှာဖွေတိုက်ခိုက်ရပါသည်။ ၎င်းတို့ကို ရှာရသည်မှာ
မျက်စိ အတော်ညောင်းလောက်အောင် ရှာဖွေ ကြည့်ရှု
တိုက်ရပါသည်။
Resources မရှိသော အကောင့်ကို တိုက်မိလျှင်ကား
အချိန်ကုန်ရုံသာမက သူ့ဘက်မှ Unit များအပေါ် မူတည်၍
မိမိ unit များလည်း ဆုံးရှုံးနိုင်ပေသည်။
မိမိထက် unit အက်အားသာသော အကောင့်ကို
တိုက်မိရင်လည်း အရှုံးပေါ်ပေမည်။
ထိုအခါ မိမိတိုက်ယူမည့် အကောင့်၏ unit အင်အား၊
ရနိုင်မည့် resources များနှင့် မိမိဆီက ကုန်ဆုံးနိုင်မည့်
Unit တို့၏ ကုန်ကျစရိတ်ကို တွက်ချက်၍
တိုက်ခိုက်ရပါသည်။
အထက်ပါ အတိုင်း တွက်ချက်ကြည့်ရင်း
ကျွန်တော့်အနေဖြင့် unit မရှိသော resources ရနိုင်သော
အကောင့်များအား ရှာဖွေ တိုက်ခိုက်မိခဲ့ပါတယ်။
ဤတွင် စိတ်ထဲ တစ်မျိုးကြီး ခံစားမိပါသည်။
အကြောင်းမှာ အခြားအကောင့်များ၏ Resources များကို
ခိုးယူသလို ဖြစ်နေခြင်းပင်။
ထိုအခါ DrugwarS ကို ဆက်တိုက်သင့် မတိုက်သင့်
စဉ်းစားရပေသည်။ ကိုယ်က မတိုက်လျှင် သူများက
လာတိုက်မည်လည်း စိုးရပါသည်။
ထို့ကြောင့် Unit တွေတော့ တတ်နိုင်သမျှ စုပါဦးမည်။
Storage တွေကို လုံခြုံအောင် ထားမည်။
Drugs တွေကို storage ထက် မကျော်လွန်စေဘဲ
Invest လုပ်မည်။
ဤသည်မှာ မိမိ၏ စိတ်ကူးသာ ဖြစ်ပါသည်။
MSC Pro Link ချနိုင်အောင်လည်း စာက
ရေးရပေဦးမည်။
မျက်စိနှင့်လက်ကိုလည်း အနားပေးဖို့ လိုသေးသည်။
ဘယ်အရာမှ အလွန်အကျွံ လုပ်၍ မကောင်း ထင်ပါသည်။
အရာရာမှာ ချင့်ချိန်တွက်ဆဆင်ခြင်၍ လုပ်သင့်ပေသည်။
မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...
MSC - 193