Nice a day!
သာယာသောနေ့လေးတစ်နေ့ပါ!
How are my friends? I hope you all are well.
နေကောင်းကြရဲ့လား?ဘယ်လိုရှိစ မိတ်ဆွေတို့ရေ...
မိတ်ဆွေတို့အားလုံး ကောင်းမြတ်ခြင်းတွေနှင့်အတူ ရှင်သန်နေကြ
မယ်လို့ မျှော်လင့်မိပါတယ်။
Today, I posted this poem on steemit.
ဒီနေ့ ဒီကဗျာကို steemit ပေါ် တင်ခဲ့ပါတယ်။ ကျောင်းသားဘဝ
တုန်းက အီစီကောင်မလေးတစ်ယောက်အပေါ်မှာ သာယာမိခဲ့
သော်လည်း သူမရဲ့ မာယာတွေကို ကြောက်လို့ ခံစားချက်တွေ
ဖွင့်မပြော ဖြစ်ခဲ့ဘဲ ဒီကဗျာလေးသာ ရေးခဲ့မိတာပေါ့။ မိတ်ဆွေတို့
ခံစားကြည့်ပေးပါလားဗျာ...
သိလျှက်နဲ့
ကောင်မလေးရယ်...
မင်းရဲ့ အပြုံးနဲ့စကားလုံးတွေဟာ
ကြည်နူးစရာပါ
တဒင်္ဂသာယာမှုတော့ ရှိမယ်ပေါ့
ရင်ခုန်ရရုံလောက်နဲ့တော့
သိက္ခာ အကျမခံနိုင်ဘူးလေ
ဘာကြောင့်လဲ ဆိုတော့...
မင်းက
ချစ်နေတာမှ မဟုတ်တာ
သိတာပေါ့...
မထိတထိ အပြောတွေနဲ့
မင်း ညုတုတု ချွဲတတ်တာကို
ဟန်မဆောင်ဘဲနဲ့လည်း
မင်းက သရုပ်ဆောင်ကောင်းတယ်လေ
ဒါကြောင့်ပေါ့
အချစ်ငတ်ပေမယ့်
ယောက်ျား မာနတော့ ထားမိရဲ့
မကြိုးစားသင့်မှတော့
တိတ်တိတ်ခိုးပဲ ချစ်နေချင်တာပါ
သို့ပေမယ့်လေ...
နှလုံးသားကတော့ အရှုံးရခဲ့ပါတယ်
ရင်ဘတ်တစ်ခုမှာ
မြိုသိပ်ကြေကွဲလို့သာပေါ့
ဒါကလည်း...
တစိမ့်စိမ့်နဲ့ မြတ်နိုးတွယ်တာခဲ့လို့ပါ။
....................... ခက်ဝေ ........................
ကျွန်တော်၏ ကဗျာကလောင်အမည်မှာ ခက်ဝေ ဖြစ်ပါသည်။
မိတ်ဆွေများ ပြုံးပျော်နိုင်ကြပါစေဗျာ.....
May I wish that all friends are happy
and smiling.
With kindness,