မင်္ဂလာပါ မိတ်ဆွေတို့ရေ...
ကြောက်ရင် လွဲ၊ ရဲရင် မင်းဖြစ် ဟူသော
ဆိုစကားလေး ကြားဖူးကြ မဟုတ်ပါလား။
ကြောက်တတ်တဲ့သူဟာ အကြိမ်ကြိမ်အခါခါ သေရတတ်တယ်
ဟူသော ပြောစမှတ်ပြုစကားလေးလည်း ကြားဖူးကြမှာပါနော်။
တစ်ကယ်တော့ အကြောက်တရား ထားသင့်သော
နေရာမှာ တစ်ခုသာ ရှိပါမည်။
မကောင်းမှုဟူသမျှ တွေးမြင်ပြောပြုမူရာ ၌သာ
ဆင်ခြင်ထိမ်းသိမ်းထားရှိအပ်သော အကြောက်တရား
သာလျှင်ဖြစ်ပါသည်။
လောကီရေးရာ အဖြာဖြာတွင်ကား
မိမိတို့ လိုလားအပ်သော အောင်မြင်မှု (ငွေကြေးဥစ္စာ၊
ဂုဏ်ဓာတ်၊ လူမှုရေးနှင့် ပညာရေး) ကို ရရှိစေရန်မှာ
သတ္တိရှိရှိ ရဲရဲရင့်ရင့် ရင်ဆိုင် ယှဉ်ပြိုင် ဇွဲခတ်နွှဲနိုင်မှ
ဖြစ်ပေမည်။
သတ္တိ ရှိတယ်ဆိုတာကလည်း တကယ်စင်စစ်မှာ
ကြောက်ရွံ့ခြင်းကင်းမဲ့တာ မဟုတ်ပါဘူး။
မိမိကြောက်သော်လည်း ရင်ဆိုင်ရဲတဲ့စွမ်းရည်ကိုဆိုပါတယ်။
ကြောက်ရွံ့စရာ ကြုံတွေ့ရပါကလည်း လုပ်သင့်လုပ်ထိုက်တာကို
နောက်မတွန့်ဘဲ ရှေ့ဆက်တတ် ကျော်ဖြတ်ဖို့ပါ။
မိမိတို့ လုပ်စရာရှိတာကို ပြီးဆုံးအောင် လုပ်ပါမှ
မိမိတို့ လိုလားအပ်သော အောင်မြင်မှု ရရှိမှာပဲပေါ့။
သို့သော် မိမိတို့၏ ပြုဖွယ်ဆောင်တာအဝဝမှာ
ရွေးချယ်မှု မှန်ကန်ဖို့တော့ လိုပါမည်။ မှားယွင်းစွာ
ရွေးချယ်မိခဲ့သော လမ်းကို မိုက်ရူးရဲ ဆန်စွာ
ဆက်လျှောက်နေပါက ဒုက္ခရောက်တတ်ပါသည်။
သတ္တိနှင့် မိုက်ရူးရဲဆန်ခြင်း တို့ကိုတော့ ခွဲခြားတတ်ဖို့
အရေးကြီးပါသည် ဟု မျှဝေပေးရင်း
သတ္တိရှိစွာ လုပ်ဆောင်ပါ အောင်ပွဲအခါခါ ကြုံရမှာ
ဟူသော စာတမ်းလေးကို အဆုံးသတ်လိုက်ပါရစေ။
မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...
MSC - 193